Wednesday, August 17, 2022

ရခိုင်ပြည်နယ်မှ ဆင်ဖြူတော်လေးသည် မိခင်ဆင်မကြီးနှင့် ကျန်းမာပျော်ရွှင်လျက်ရှိဟုဆို

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်ဖြူလေးသည် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း သစ်တောနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါဆင်ဝိုင်းရှိ အသက် ၃၃ နှစ်အရွယ်ဆင်မ ဇာနန်းလှက ဆင်ဖြူတော် အထီး ၁ စီးကို ဇူလိုင် ၂၃ ရက် မနက်က မွေးဖွားခဲ့ကြောင်း မြန်မာ့သစ်လုပ်ငန်းမှသိရသည်။
ယင်းဆင်ဖြူတော်သည် မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ပေ ၁လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိပြီး ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်းစသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက်နှင့် ကိုက်ညီသော ဆင်ဖြူတော်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဆင်ဖြူတော်သည် ယခုအခါအသက် ၂၅ ရက်သားရှိပြီး အရပ်အမြင့် ၂ ပေ ၆ လက်မ ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၂ လက်မခွဲ၊ ကိုယ်အလေးချိန် ၂၀၀ ပေါင်ခန့်ရှိကာ မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

News Watch TV

0 comments:

Post a Comment