Wednesday, August 17, 2022

ကိုဗစ်ကြောင့် နှစ်ရက်ဆက်တိုက်သေဆုံးမှုရှိ

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ကိုဗစ်လူနာသေဆုံးမှု နှစ်ရက်ဆက်တိုက်ရှိခဲ့တယ်လို့ သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဩဂုတ်(၁၆)ရက်၊ ည(၈)နာရီထုတ်ပြန်ချက်မှာ ကိုဗစ်လူနာတစ်ယောက်သေဆုံးခဲ့ပြီး ဩဂုတ်(၁၇)ရက် ည(၈)နာရီထုတ်ပြန်ချက်မှာလည်း လူနာတစ်ယောက်ထပ်မံသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒါကြောင့် ဩဂုတ်(၁၇)ရက် ည(၈)နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူစုစုပေါင်း (၁၉၄၃၇)ယောက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
ကိုဗစ်အတည်ပြုလူနာအသစ်တွေ့ရှိမှုအနေနဲ့ကတော့ ဩဂုတ်(၁၆)ရက် ည(၈)နာရီကနေ ဩဂုတ်(၁၇)ရက် ည(၈)နာရီအထိ (၅၄)ယောက်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အခုတွေ့ရှိတဲ့ လူနာအသစ်အရေအတွက်ကလည်း ဩဂုတ်လထဲမှာ အများဆုံးအရေအတွက်ဖြစ်တယ်လို့ သိရပါတယ်။



0 comments:

Post a Comment