Wednesday, August 17, 2022

နိုင်ငံခြားရေးဝန်ကြီးနှင့် မစ္စနိုလင်းဟေဇာ တွေ့ဆုံ

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာဟာ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ဩဂုတ်(၁၇)ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီလိုတွေ့ဆုံစဉ်မှာ ဦးဝဏ္ဏမောင်လွင်က ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို လက်တွေ့ကျကျ အပြုသဘော သုံးသပ်ဆောင်ရွက်ဖို့လိုအပ်ကြောင်း ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတွေ့ဆုံပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့ အဆင့်မြင့် အရာရှိကြီးတွေတက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
မစ္စနိုလင်းဟေဇာဟာ ဩဂုတ်(၁၆)ရက်က မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။




ဓာတ်ပုံ-MOFA

0 comments:

Post a Comment