Wednesday, August 17, 2022

ငွေစက္ကူအသစ် ထပ်မံရိုက်နှိပ်ထားတာမရှိဘူးဆိုပြီး စစ်ကောင်စီပြော

ငွေစက္ကူအသစ်ထပ်မံရိုက်နှိပ်တာကြောင့် ငွေကြေးဖောင်းပွလာတယ်ဆိုပြီး ဝါဒဖြန့်နေမှုနဲ့ ပတ်သက်ပြီး ငွေကျပ် ဘီလီယံ ၄၀၀ ဟာ အသစ်ရိုက်နှိပ်ထားတာမဟုတ်ဘဲ ယခင်ကတည်းက သီးသန့်ထားရှိခဲ့တဲ့ ငွေတွေဖြစ်တယ်လို့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။

ယင်းက "ဒီကျပ်ဘီလီယံ ၄၀၀ ကို ငွေစက္ကူအသစ်တွေရိုက်နှိပ်ထုတ်ဝေတာတို့ ငွေကြေးဖောင်းပွအောင်လုပ်တာတို့ စွပ်စွဲနေတာကို အံ့သြဖွယ်သိရှိရပါတယ်။ ကျွန်တော်တို့ ပြောချင်တာတော့ ဒီကျပ်ဘီလီယံ ၄၀၀ သည် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးအတွက် ယခင်ကနေ သီးသန့်ထား ရှိခဲ့တဲ့ ငွေများဖြစ်ကြောင်းနဲ့ ဒါကို အကျိးရှိရှိနဲ့ အသုံးချနိုင်ရေးဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ပြောကြားလိုပါတယ်" လို့   ပြောပါတယ်။

အဆိုပါ ငွေကျပ် ဘီလီယံ ၄၀၀ ကို သုံးစွဲမှုအနေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ဘီလီယံ ၁၇၀၊ သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ၆၀ ဘီလီယံနဲ့ မြစိမ်းရောင် စီမံကိန်းတွေအဖြစ် ဘီလီယံ ၁၀၀ သုံးစွဲထားကာ စုစုပေါင်း ဘီလီယံ ၃၃၀ သုံးစွဲပြီးဖြစ်တယ်လို့ သိရှိရပါတယ်။


MyanmaPlatform

0 comments:

Post a Comment