Wednesday, April 30, 2014

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံမှု ယာဉ်ပိုင်ရှင်တွေ အခက်အခဲဖြစ်

Photo: ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံမှု ယာဉ်ပိုင်ရှင်တွေ အခက်အခဲဖြစ်
Thursday, May 1, 2014

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံမှု သတ်မှတ်ချိန် ကြာမြင့်၍ ယာဉ်ပိုင်ရှင် အများစု အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ပန်းဆိုးတန်းလမ်းမှာ နေထိုင်တဲ့ ယာဉ်ပိုင်ရှင် ကိုဌေးလွင်က“သူတို့ ယာဉ်ရပ်နားခ ကောက်ခံဖို့ အချိန် သတ်မှတ်ထားတာ ၁၀ နာရီစာ ဆိုတော့ တနေ့ကို ကျပ် ၂ ထောင် လောက် ပေးနေရတယ်၊ အဆင်မပြေဘူး၊ တလဆိုရင် တော်တော် ထိတယ်”လို့ ပြောပါတယ်။

ယာဉ် ရပ်နားခ ကောက်ခံရာမှာ မနက် ၈ နာရီကနေ ညနေ ၆ နာရီ အထိ ကောက်ခံတာ ဖြစ်ပြီး တနာရီကို ကျပ် ၂၀၀ နှုန်းနဲ့ ကောက်ခံတာ ဖြစ်ပါတယ်။

ဒါ့အပြင် ယာဉ်ရပ်နားခကို နာရီ သတ်မှတ် ကောက်ခံရာမှာ ပိုမို တောင်းခံမှုတွေ ရှိတဲ့ အတွက် ကောက်ခံသူနဲ့ ယာဉ်ပိုင်ရှင် တချို့အကြား အငြင်းပွားမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံမှုကို ဇုန် ၉ ခု သတ်မှတ်ပြီး ဧပြီလမှာ ပြန်လည် ကောက်ခံတာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် တနှစ်လုံး ယာဉ်ရပ်နားခ ကောက်ခံမှုကို ရပ်နားထားပြီး ပြင်ဆင်မှုများ ပြုလုပ်ကာ၊၂၀၁၄ခုနှစ် ဧပြီလ ဘဏ္ဍာ နှစ်စမှ စတင်ပြီး ပြန်လည် ကောက်ခံတာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန် စည်ပင်သာယာရေး ကော်မတီက သတ်မှတ်တဲ့ အခမဲ့ ယာဉ်ရပ်နားနိုင်တဲ့ လမ်းတွေမှာလည်း ကားတွေ ပြည့်နေတဲ့ အတွက် ရပ်နားဖို့ မဖြစ်နိုင်ဘူးလို့ ယာဉ်ပိုင်ရှင်တွေက ဆိုကြပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရန်ကုန်မြို့တွင်း ၆ မြို့နယ်မှာ ဇုန် ၉ ခု သတ်မှတ်ကာ ဧပြီ ၁ ရက်မှ စတင်ပြီး လေလံ စနစ်နဲ့ ပုဂ္ဂလိက ကုမ္ပဏီ ၉ ခုကို လွှဲပြောင်း ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်း၊ တံတား ဌာနမှ တာဝန်ရှိသူ တဦးက ဌာန အနေနဲ့ ယာဉ်ရပ်နားခ ပြန်လည် ကောက်ခံရာမှာ ဖြေလျှော့ပေးမှု တချို့ လုပ်ဆောင် ပေးထားတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“နံပါတ်တပ် လမ်းတွေ၊ နာမည်တပ် လမ်းငယ်တွေကို ယာဉ်ရပ်နားခ မကောက်ခံတော့ဘူး၊ အဲ့ဒီ အတွက်လည်း ဘယ်သူ့ကိုမှ အခွန် ကင်းလွတ်ခွင့်ပေးမှာ မဟုတ်သလို လမ်းတွေမှာ ကိုယ်ပိုင်ယာဉ် ရပ်နားဖို့ အတွက် ကြိုတင် နေရာဦးမှုတွေ လုပ်နေတာကို အရင် ကလို ခွင့်ပြုပေးမှာ မဟုတ်ပါဘူး” လို အဆိုပါ တာဝန်ရှိသူက ပြောဆိုပါတယ်။

အစိုးရသစ် လက်ထက်မှာ ပြည်ပက ကားများ တင်သွင်းခွင့် ပြုလိုက်တဲ့ အတွက် ဖြစ်ပေါ်လာတဲ့ ရန်ကုန်မြို့ရဲ့ ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းနိုင်ဖို့ လမ်းဘေး ယာဉ်ရပ်နားမှု နည်းပါးအောင် အခုလို အခွန်ကောက်တဲ့စနစ်ကို ကျင့်သုံးတာလို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်း၊ တံတားဌာနရဲ့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

မြို့တော်စည်ပင်က ယာဉ်ပိုင်ရှင်တွေကို ကျပ် ၄၅၀၀၀ နဲ့ လပေး စနစ် ပြုလုပ်ပေးမှာ ဖြစ်ပြီး ည ၆နာရီ နောက်ပိုင်းကို ကောက်ခံမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ယာဉ်ရပ်နားခ ကောက်ခံခြင်းကို ၁၉၉၆ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပြီး နောက် ပိုင်း မှာ ပုဂ္ဂလိကကို လေလံစနစ်နဲ့ လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။

အခု၂၀၁၄ ဘဏ္ဍနှစ်ကစတင်ပြီး ရန်ကုန်မြို့လယ် အတွင်း ယာဉ်ရပ်နား ကန့်သတ်ဇုန် ၉ ခု သတ်မှတ်ကာ ပုဂ္ဂလိက လုပ်ငန်းရှင် တွေ ကို လေလံ စနစ်နဲ့ တင်ဒါ ခေါ်ယူပြီး ယာဉ်ရပ်နားခ ကောက်ခံတာကို တရားဝင် လုပ်ကိုင်ခွင့် ပေးအပ်ခဲ့တာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်း၊ တံတား ဌာနမှ တာဝန်ရှိသူက ပြောပါတယ်။

သတ်မှတ်လိုက်တဲ့ ယာဉ်ရပ်နားခ ကောက်ခံတဲ့ ဇုန် ၉ ခုက ဝါးတန်းလမ်းမှ ဘုန်းကြီးလမ်းအထိ၊ ဘုန်းကြီးလမ်းမှ လမ်းမတော် အထိ၊ လမ်းမတော်မှ ရွှေတိဂုံ ဘုရားလမ်း အထိ၊ ရွှေတိဂုံ ဘုရားလမ်းမှ ဆူးလေ ဘုရားလမ်း အထိ၊ ဆူးလေ ဘုရားလမ်းမှ ပန်းဆိုး တန်းလမ်း အထိ၊ ပန်းဆိုးတန်းလမ်းမှ ဗိုလ်အောင်ကျော်လမ်း အထိ၊ ဗိုလ်အောင်ကျော်လမ်းမှ သိမ်ဖြူလမ်း အထိ၊ သိမ်ဖြူလမ်းမှ ဗိုလ်တထောင် ဘုရားလမ်း အထိ၊ ဗိုလ်တထောင် ဘုရားလမ်းမှ ဗိုလ်တထောင်ဈေးလမ်း အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဧရာဝတီ
ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံမှု သတ်မှတ်ချိန် ကြာမြင့်၍ ယာဉ်ပိုင်ရှင် အများစု အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ပန်းဆိုးတန်းလမ်းမှာ နေထိုင်တဲ့ ယာဉ်ပိုင်ရှင် ကိုဌေးလွင်က“သူတို့ ယာဉ်ရပ်နားခ ကောက်ခံဖို့ အချိန် သတ်မှတ်ထားတာ ၁၀ နာရီစာ ဆိုတော့ တနေ့ကို ကျပ် ၂ ထောင် လောက် ပေးနေရတယ်၊ အဆင်မပြေဘူး၊ တလဆိုရင် တော်တော် ထိတယ်”လို့ ပြောပါတယ်။

ဆုပန်ထွာက စေ့စပ်ကြောင်းလမ်းခြင်း ကန့်ကွက်ခံရမှုကို တုံ့ပြန်ပြီ


ပြီးခဲ့တဲ့ ရက်ပိုင်း က သရုပ်ဆောင် ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ရဲ့လူသိရှင်ကြား စေ့စပ်ကြောင်းလမ်းခြင်း အပေါ် ကိုဥက္ကာကျော်ရဲ့ ဇနီး အဖြစ် တရားဝင် ပြန်စဲတာမရှိသေးဘူးဆိုတဲ့ ဒေါ်မဉ္စူအောင်ရဲ့ ကန့်ကွက်စာ ကို နိုင်ငံပိုင် ကြေးမုံသတင်းစာမှာ ထည့်သွင်းဖော်ပြခဲ့တာ ဧရာဝတီပရိသတ်တွေ ကောင်းကောင်း သိကြ မှာပါ။

ဒီကိစ္စအပေါ် ဆုပန်ထွာက သူ့ဖေ့စ်ဘုတ်စာမျက်နှာက တဆင့် အခုလို တုံ့ပြန်ထားပါတယ်။ဆုပန်ထွာရဲ့ ဖေ့စ်ဘုတ်က ကူးယူဖော်ပြပေးလိုက်တာပါ။

မြစ်ကြီးနားမှာ ဆွေးနွေးဖို့ ကေအိုင်အို ကမ်းလှမ်းချက် အစိုးရလက်ခံ

Photo: မြစ်ကြီးနားမှာ ဆွေးနွေးဖို့ ကေအိုင်အို ကမ်းလှမ်းချက် အစိုးရလက်ခံ
Thursday, May 1, 2014

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုက ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အစိုးရနဲ့ သီးသန့် ဆွေးနွေးလိုကြောင်း ကမ်းလှမ်းချက်ကို အစိုးရဘက်က လက်ခံကြောင်းနဲ့ လတ်တလော တွေ့ဆုံနိုင်မယ့်ရက်ကို ညှိနှိုင်းနေတယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ပြောပါတယ်။

ကေအိုင်အိုရဲ့ ကမ်းလှမ်းချက်ကို ၀န်ကြီး ဦးအောင်မင်းက လက်ခံလိုက်ပြီး ဆွေးနွေးနိုင်မယ့်ရက်ကို အကြောင်းပြန်ပေးသွားမယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ အထူးအကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

"မနေ့နေ့လယ်က ဝန်ကြီး ဦးအောင်မင်းရုံးကို ဆွေးနွေးပွဲခေါင်းဆောင်က လက်မှတ်ထိုးပြီးတော့ စာပို့တာရပါတယ်ခင်ဗျ၊ စာရကြောင်းလည်း ကျနော်တို့ အကြောင်းပြန်ထားပါတယ်၊ မြစ်ကြီးနားဆွေးနွေးပွဲ ဆောင်ရွက်မှာပါ၊ ဒါပေမဲ့ ဘယ်နေ့ဆောင်ရွက်မလဲဆိုတဲ့ကိစ္စကို ဝန်ကြီး ဦးအောင်မင်းတို့ ညှိနှိုင်းနေပါတယ်၊ ပထမဆုံး ကျနော်တို့ဘက်ကတော့ NCCT နဲ့ ဆွေးနွေးမယ့်ရက်ကို ညှိနှိုင်းနေပါတယ်၊ NCCT နဲ့ ဆွေးနွေးမည့်ရက်ကတော့ အခု ၁၉၊ ၂ဝ ဆိုတာရပါပြီ၊ ဒါကြောင့် NCCT နဲ့ ဆွေးနွေးပွဲမတိုင်ခင်မှာတော့ KIO နဲ့ ဆွေးနွေးပွဲကဖြစ်မှာပါ"

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကိုယ်စားပြု တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCTT နဲ့ အစိုးရတို့ မကြာခင်ကျင်းပမယ့် အစည်းအဝေးမတိုင်ခင်တွေ့ဆုံဖို့ ကေအိုင်အိုက ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

အဲ့ဒီသီးသန့်ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ Vijay Nambiar ၊ တရုတ်နိုင်ငံဆိုင်ရာ အာဆီယံအထူးအရာရှိ မစ္စတာ ၀မ်ယင်ဖန်၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNFC ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး NCCT အဖွဲ့တွေကို လေ့လာသူအနေနဲ့ တက်ရောက်ဖို့ ကေအိုင်အိုက ဖိတ်ကြားသွားမယ့်အကြောင်း ၀န်ကြီး ဦးအောင်မင်းဆီ ပေးပို့တဲ့စာမှာ ပါရှိတယ်လို့ မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းက ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်မှာ ကေအိုင်အိုနဲ့ တပ်မတော်အဖွဲ့တွေ နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒုက္ခသည် သောင်းဂဏန်း လောက်အထိရှိတယ်လို့ သိရပါတယ်။

RFA
ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုက ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အစိုးရနဲ့ သီးသန့် ဆွေးနွေးလိုကြောင်း ကမ်းလှမ်းချက်ကို အစိုးရဘက်က လက်ခံကြောင်းနဲ့ လတ်တလော တွေ့ဆုံနိုင်မယ့်ရက်ကို ညှိနှိုင်းနေတယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ပြောပါတယ်။

ကေအိုင်အိုရဲ့ ကမ်းလှမ်းချက်ကို ၀န်ကြီး ဦးအောင်မင်းက လက်ခံလိုက်ပြီး ဆွေးနွေးနိုင်မယ့်ရက်ကို အကြောင်းပြန်ပေးသွားမယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ အထူးအကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

တိုက်ခန်းရောင်းဝယ်ရာတွင် မူလမြေပိုင်ရှင်များ လက်မှတ်ထိုးခငွေကြေးများ တောင်းခံက တရားစွဲနိုင်


ရန်ကုန်မြို့ တိုက်ခန်း အရောင်းအ၀ယ် ပြုလုပ်ရာတွင် စာချုပ်ချုပ်ဆိုရာ၌ မူလမြေပိုင်ရှင်မှ လက်မှတ်ထိုးခ အဖြစ် ငွေကြေး တောင်းခံလာပါက ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုနိုင်ကြောင်း

အခွန် နှုန်းထားသစ် အရ လစာ ဝင်ငွေခွန် ပေးဆောင် ရမည့် သတ်မှတ် ဝင်ငွေ ပြောင်းလဲ


မကြာမီက အတည်ပြုလိုက်သော အခွန်နှုန်းထားသစ်အရ လစာဝင်ငွေခွန် ပေးဆောင်ရမည့် ဝန်ထမ်းနှင့် အလုပ်သမားများ၏ တစ်နှစ်စာ သတ်မှတ်ဝင်ငွေ ပြောင်းလဲသွားကြောင်း

မိုးတွေမှိုင်းရင် မျက်ရည်ဝိုင်းတယ် မရိုင်းတော့နဲ့ မေ


မဖြစ်နိုင်ဘူး။ နောက်ထပ်မဖြစ်နိုင်တော့ဘူးဟု ကိုယ့်စိတ်ကိုယ်ဖြေသော် လည်း ဒီအချိန်ဒီကာလရောက်ပြီဆိုရင်တော့ သူ့ စိတ်တွေက မခိုင်တော့ ဟု ကျောင်းဆရာမ မဖြူ က ပြောသည်။ ဒီလိုအချိန်မှာ ကြုံခဲ့ရတဲ့ အိပ်မက်ဆိုးသည်အခြားအချိန်များတွင်

"အဆိုတော် မီးမီးခဲနှင့် ထူးအယ်လင်း တရားဝင် ကွာရှင်းခွင့်ရရှိ"


အဆိုတော် မီးမီးခဲနှင့် ၄င်း၏ ခင်ပွန်းဖြစ်သူ အဆိုတော် ထူးအယ်လင်း
တို့နှစ်ဦးအား ယနေ့နေ့လည် ၂ နာရီ ၁၀ မိနစ် တွင် အနောက်ပိုင်း ခရိုင် ဒုခရိုင်စစ် တရားရုံးမှ

"မြင့်မြတ် ပြောတဲ့ သူ့လက်တွဲဖော် အကြောင်း"


မြင့်မြတ် က ပြင်ဦးလွင်မှာ ဗီဒီယို ၃ကား ရိုက်ဖို့ စီစဉ်ထားပါတယ်။ ဝိုင်းစု ခိုင်သိန်း နဲ့ ၂ ကား၊ စိုးမြတ်သူဇာ နဲ့ ၁ ကားလို့ သိရပါ တယ်။ အရင်က ဒရာမာ အရိုက် များခဲ့ပြီး အခု အခါ မှာတော့ ဇာတ်လမ်း ပုံစံအစုံ ရိုက်လာတယ်

ရခိုင်ပြည် နယ်မှာ မခွဲခြားဘဲ ကူညီဖို့ ယူနီဆက် ကတိပြု


ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF အဖွဲ့ရဲ့ ရခိုင်ပြည်နယ်အတွင်း အကူအညီပေးရေးလုပ်ငန်းတွေဟာ လူမျိုးရေး၊ ဘာသာရေး ကွဲပြားချက်တွေအပေါ်မှာ အခြေခံမှာမဟုတ်ဘဲ လုပ်ငန်းလိုအပ်ချက်အပေါ်မှာသာ

မြစ်ကြီးနားမှာ ဆွေးနွေးဖို့ ကေအိုင်အို ကမ်းလှမ်းချက် အစိုးရလက်ခံ


ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုက ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အစိုးရနဲ့ သီးသန့် ဆွေးနွေးလိုကြောင်း ကမ်းလှမ်းချက်ကို အစိုးရဘက်က လက်ခံကြောင်းနဲ့ လတ်တလော

ဗိုလ်လုပွဲအတွက် ယုံကြည်မှု အပြည့် ရှိနေသည့် တီယာဂို


အက်သလက်တီကို မက်ဒရစ် ကွင်းလယ်ကစားသမား တီယာဂိုဟာ ယခုကဲ့သို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်သို့ တက်ရောက်နိုင်ခဲ့ခြင်းဟာ အိမ်မက်တွေ အမှန်တကယ် အကောင်အထည် ပေါ်လာခြင်း

ဟိုင်းလတ်ယာဉ်လိုင်းများမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂၀၀ ကျော်က မြို့အတွင်း ၁၈ လ တိုးမြှင့်ပြေးဆွဲခွင့် ရရှိရေး မြို့တော်ခန်းမအနီး တတိယအကြိမ် ဆန္ဒပြ


ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ဟိုင်းလတ်ယာဉ်လိုင်း အသီးသီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂၀၀ ကျော် စည်ပင်နယ်နိမိတ်အတွင်း ယခင်လမ်းကြောင်းများအတိုင်း အချိန် ၁၈ လ

ပထမဦးဆုံးအကြိမ် K Pop ဖျော်ဖြေပွဲ မြန်မာပရိသတ်များ စိတ်ဝင်စားမှုများပြား


ဧပြီ ၃၀ ရက် ညပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံတွင် ပထမဆုံးကျင်းပသော K Pop ဖျော်ဖြေပွဲကို ပရိသတ်များ

ရော်နယ်ဒို ချန်ပီယံလိဂ် သွင်းဂိုးစံချိန်သစ်တင်


ဘိုင်ယန်မြူးနစ်ကို (၄)ဂိုးပြတ် အနိုင်ရခဲ့သည့် ပွဲစဉ်တွင် (၂)ဂိုး သွင်းယူခဲ့သည့် ရီးရဲလ် တိုက်စစ်မှူး ရော်နယ်ဒိုမှာ ချန်ပီယံလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းစံချိန်သစ် တစ်ရပ် ရေးထိုးနိုင်ခဲ့သည်။ ဘေးလ်၏ ဖန်တီးမှုမှ တစ်ဆင့်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုနှင့် လူသေဆုံးမှုဖြစ်စဉ်များ မြင့်တက်လာသည့်အတွက် ချို့ယွင်းနေသည့် လမ်းပိုင်းများကို ပြုပြင်ပြီး ယာဉ်မောင်းနှင့်ယာဉ်များကိုလည်း စောင့်ကြည့်စစ်ဆေးမည်


ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုနှင့် လူသေဆုံးမှုဖြစ်စဉ်များ ယခုနှစ်အတွင်း ပြန်လည်မြင့်တက်လာသဖြင့် ချို့ယွင်းနေသည့် လမ်းပိုင်းများကို ပြုပြင်ပြီး ယာဉ်မောင်းနှင့် ယာဉ်များကိုလည်း စောင့်ကြည့်စစ်ဆေးသွားမည်

လင်းဇာနည်ဇော်နဲ့ ရဲကိုကို အိမ်ထောင်ရေးကွာရှင်းခွင့် အမှု

မြန်မာ့ရုပ်ရှင်နဲ့ ဗွီဒီယို လောကမှာ နာမည်ကြီး သရုပ်ဆောင်တဦးဖြစ်တဲ့ လင်းဇာနည်ဇော်က

ကေအိုင်အိုက ငြိမ်းချမ်းရေး ဆွေးနွေးရန် အစိုးရကို ကမ်းလှမ်း

Photo: ကေအိုင်အိုက ငြိမ်းချမ်းရေး ဆွေးနွေးရန် အစိုးရကို ကမ်းလှမ်း
Wednesday, April 30, 2014

ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) က ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် မေလ ၁၀ ရက် တွင် ကချင်ပြည်နယ် မြစ်ကြီးနား မြို့၌ ငြိမ်းချမ်းရေးအတွက် တွေ့ ဆုံဆွေးနွေးရန် ဧပြီ ၂၉ ရက်က အကြောင်းကြားလာကြောင်း သ တင်းရရှိသည်။

‘‘နောက်ရက်တွေမှ အ ကြောင်းပြန်ပါလိမ့်မယ်။ NCCT (တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေး ညှိနှိုင်းရေးအဖွဲ့) နဲ့ ဆွေးနွေး ပွဲမတိုင်ခင်တော့ တွေ့ဖြစ်မယ် ထင်ပါတယ်’’ ဟု မြန်မာ့ငြိမ်းချမ်း ရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြော သည်။

‘‘ဆွေးနွေးပွဲတုန်းက ကတိ မတည်တာတွေကို ပြန်လည် ထောက်ပြမယ်။ ဘယ်လိုဆက် လုပ်မယ်ဆိုတာ ဆွေးနွေးမယ်။ အစိုးရက မှားတာကို ထောက်ပြ မယ်။ KIA ဘက်က မှားတာကို လည်းထောက်ပြပြီး အဖြေရှာဖို့ ပါ’’ဟု KIA မှ ထိပ်ပိုင်းအရာရှိ တစ်ဦးက ပြောသည်။

ကချင်လွတ်မြောက်ရေးအ ဖွဲ့မှ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မ တီ ဒုတိယဥက္ကထံ ပေးပို့သည့်စာတွင် နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း ဖြစ်ပျက်သွားသော အခြေအနေအရပ်ရပ်ကို နှစ်ဦးနှစ်ဖက် တွေ့ဆုံ၍ အမြင်သဘောထား ဖလှယ်ခြင်း၊ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ခြင်းများ ပြုလုပ်လို၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုမိုအဆင်ပြေစေနိုင်မည်ဟု KIO က ယုံကြည်ပါသည်ဟု ဖော်ပြပါရှိသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မ တီနှင့် တွေ့ဆုံဆွေးနွေးရာတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ဗီဂျေနမ်ဘီးယား၊တရုတ်နိုင်ငံဆိုင်ရာ အာဆီယံအထူးအရာရှိ မစ္စတာဝမ်ယင်ဖန်၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UN-FC) မှ ခေါင်းဆောင်များ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့နှင့် အခြားလေ့လာသူများအား ဖိတ်ကြားသွားမည်ဖြစ်ကြောင်းလည်း KIOက ပေးပို့သည့်စာတွင် ဖော်ပြပါရှိသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မ တီနှင့် KIO အဖွဲ့တို့သည် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အထိ ကချင်ပြည်နယ် မြစ် ကြီးများမြို့၌ နောက်ဆုံးဆွေး နွေးခဲ့သည်။ ဧပြီ ၁၀ ရက်မှ စ တင်၍ ဧပြီလ နောက်ဆုံးပတ်အ ထိ ကချင်ပြည်နယ်တွင် အစိုးရ တပ်များနှင့် ကေအိုင်အေတို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေ သည်။

7 Day News Journal
ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) က ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် မေလ ၁၀ ရက် တွင် ကချင်ပြည်နယ် မြစ်ကြီးနား မြို့၌ ငြိမ်းချမ်းရေးအတွက် တွေ့ ဆုံဆွေးနွေးရန် ဧပြီ ၂၉ ရက်က အကြောင်းကြားလာကြောင်း သ တင်းရရှိသည်။

‘‘နောက်ရက်တွေမှ အ ကြောင်းပြန်ပါလိမ့်မယ်။ NCCT (တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေး ညှိနှိုင်းရေးအဖွဲ့) နဲ့ ဆွေးနွေး ပွဲမတိုင်ခင်တော့ တွေ့ဖြစ်မယ် ထင်ပါတယ်’’ ဟု မြန်မာ့ငြိမ်းချမ်း ရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြော သည်။

‘‘ဆွေးနွေးပွဲတုန်းက ကတိ မတည်တာတွေကို ပြန်လည် ထောက်ပြမယ်။ ဘယ်လိုဆက် လုပ်မယ်ဆိုတာ ဆွေးနွေးမယ်။ အစိုးရက မှားတာကို ထောက်ပြ မယ်။ KIA ဘက်က မှားတာကို လည်းထောက်ပြပြီး အဖြေရှာဖို့ ပါ’’ဟု KIA မှ ထိပ်ပိုင်းအရာရှိ တစ်ဦးက ပြောသည်။

Tuesday, April 29, 2014

ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် လယ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးဝင်းချိုတို့ ရွေးကောက်ပွဲဝင်မည်

Photo: ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် လယ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးဝင်းချိုတို့  ရွေးကောက်ပွဲဝင်မည်

ရန်ကုန်၊ ဧပြီ ၂၉

မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်၏ ဥက္ကဋ္ဌ ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် တောင်သူလယ်သမားရေး ဆောင်ရွက်သူ ဦးဝင်းချိုတို့သည် လာမည့် ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲ အပါအဝင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ၌ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဦးဝင်းချိုက ပြောကြားသည်။

ဦးနေမျိုးဇင်နှင့် ဦးဝင်းချိုတို့ နှစ်ဦးမှာ ဧပြီလ ၁ ရက်နေ့က ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလစီ ကျခံနေရသူများ ဖြစ်ပြီး အခြားပုဒ်မ ၁၈ စွဲချက်တစ်ခုအတွက် ကျောက်တံတားမြို့နယ် တရားရုံးသို့ တရားရင်ဆိုင်ရန် လာရောက်စဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

“ကျွန်တော်တို့က ပြည်သူတွေ နစ်နာတဲ့ ကိစ္စတွေကို တတ်နိုင်သလောက် လုပ်ခဲ့ကြတယ်။ သာမန်ပြည်သူ အနေနဲ့ အဲ့ဒီလို ဆောင်ရွက်တဲ့အခါ ပုဒ်မ ၁၈ တွေ တန်းစီပြီး ထောင်ကျခံနေမယ့် အစား ပိုပြီးထိရောက်အောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်လို့ ရွေးကောက်ပွဲ ဝင်မှာပါ” ဟု ဦးဝင်းချိုက The Voice ၏ ဆက်သွယ် မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

ဦးဝင်းချိုနှင့် ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ရက်မှ ကိုဝေဠုတို့ နှစ်ဦးကို မတ်လအတွင်း လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမည့် ကိစ္စနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်မှုအတွက် ပုဒ်မ ၁၈ ဖြင့် ကျောက်တံတားမြို့နယ် တရားရုံးတွင် စွဲဆိုထားခြင်း ဖြစ်သည်။

ပြည်ထောင်စု အဆင့်နှင့် တိုင်းဒေသကြီး ပြည်နယ် လွှတ်တော်များအလိုက် လစ်လပ် မဲဆန္ဒနယ်ပေါင်း ၃၀ ကျော်အတွက် ၂၀၁၄ ခုနှစ် ပွင့်လင်းရာသီ တွင် ဒုတိယအကြိမ် ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်မည် ဖြစ်ပြီး အသေးစိတ်ကို ရက်ပေါင်း ၆၀ ကြိုတင် ထုတ်ပြန် မည် ဖြစ်ကြောင်း  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။
မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်၏ ဥက္ကဋ္ဌ ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် တောင်သူလယ် သမားရေး ဆောင်ရွက်သူ ဦးဝင်းချိုတို့သည် လာမည့် ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲ အပါအဝင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ၌ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဦးဝင်းချိုက ပြောကြားသည်။
ဦးနေမျိုးဇင်နှင့် ဦးဝင်းချိုတို့ နှစ်ဦးမှာ ဧပြီလ ၁ ရက်နေ့က ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလစီ ကျခံနေရ သူများ ဖြစ်ပြီး အခြားပုဒ်မ ၁၈ စွဲချက်တစ်ခုအတွက် ကျောက်တံတားမြို့နယ် တရားရုံးသို့ တရားရင်ဆိုင်ရန် လာရောက်စဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
“ကျွန်တော်တို့က ပြည်သူတွေ နစ်နာတဲ့ ကိစ္စတွေကို တတ်နိုင်သလောက် လုပ်ခဲ့ကြတယ်။ သာမန်ပြည်သူ အနေနဲ့ အဲ့ဒီလို ဆောင်ရွက်တဲ့အခါ ပုဒ်မ ၁၈ တွေ တန်းစီပြီး ထောင်ကျခံနေမယ့် အစား

အခွန် နှုန်းထားသစ် အရ လစာ ဝင်ငွေခွန် ပေးဆောင် ရမည့် သတ်မှတ် ဝင်ငွေ ပြောင်းလဲ

မကြာမီက အတည်ပြုလိုက်သော အခွန်နှုန်းထားသစ်အရ လစာဝင်ငွေခွန် ပေးဆောင်ရမည့် ဝန်ထမ်းနှင့် အလုပ်သမားများ၏ တစ်နှစ်စာ သတ်မှတ်ဝင်ငွေ ပြောင်းလဲသွားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။
ယခင်က တစ်နှစ်စာဝင်ငွေ ငွေကျပ် တစ်ဆယ့် လေးသိန်း လေးသောင်း ရရှိပါက သတ်မှတ်အခွန် ရာခိုင်နှုန်းအတိုင်း အခွန်ပေးဆောင်နေရာမှ ယခုနှုန်းသစ်အရ တစ်နှစ်လုံးတွင် ငွေကျပ် သိန်းနှစ်ဆယ်နှင့် သိန်းနှစ် ဆယ်အောက် ဝင်ငွေရှိသူများမှာ အခွန်ပေးဆောင်ရန် မလိုတော့ကြောင်း သိရသည်။
အဆိုပါ အခွန်နှုန်းထားသစ် အရ လစာဝင်ငွေခွန် ပေးဆောင်ရမည့်သူများ လျော့နည်းသွားသော်လည်း အခွန် ပေးဆောင်ထိုက်သော လစာဝင်ငွေ ရှိသူများ၏ အခွန်ပေးဆောင်ရမည့် အခွန်ရာခိုင်နှုန်းမှာ များလာကြောင်း သိရသည်။ လစာဝင်ငွေခွန် ပေးဆောင်ရမည့် ဝန်ထမ်းနှင့် အလုပ်သမားများမှာ

DKBA နောက် လိုက်ပါခဲ့သော အိမ်ထောင်စုအချို့ ပြန်လည် ပြောင်းရွှေ့ လာသည့်သတင်း မဟုတ်မှန်

လှည်းကူးမြို့နယ် ဖယ်ရှားခံ ကျေးရွာမှ အိမ်ထောင်စုများကို မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ဝါးယားကုန်း ကျေးရွာအနီး ကျေးရွာ တည်ထောင်ကာ မြေကွက်နှင့် နေအိမ်များ အပိုင်ပေးပြီး ရေမီးစုံ ပေးမည် ဖြစ်သောကြောင့် DKBA နောက် လိုက်ပါသွားသည့် အိမ်ထောင်စုအချို့ ပြန်လည် ပြောင်းရွှေ့လာသည်ဟု သတင်း ထွက်ပေါ်နေခြင်းမှာ မဟုတ်မှန်ကြောင်း မြဝတီမြို့အနီး ကျောက်ခတ် ကျေးရွာသို့ ပြောင်းရွှေ့ နေထိုင်သူများက ပြောကြားသည်။ 

ဧပြီလ ၂ ရက်နေ့က DKBA အဖွဲ့နောက်သို့ လိုက်ပါ ပြောင်းရွှေ့သွား သော သမီးကလေးကျေးရွာ အပါအဝင် အင်းပတီး ကျေးရွာနှင့် ဒေါ်ကာလီ ကျေးရွာတို့မှ အိမ်ထောင်စုဝင် ၈၂ စုရှိ လူဦးရေ နှစ်ရာကျော်မှာ မြဝတီမြို့နယ် ဆုံဆည်းမြိုင်အနီး ကျောက်ခတ် ကျေးရွာတွင် DKBA အဖွဲ့၏ အကူအညီဖြင့် နေအိမ်များ ဆောက်လုပ် နေထိုင်လျက် ရှိပြီး လုပ်ငန်း အဆင်ပြေသောကြောင့် ပဲခူးတိုင်းအတွင်း ကျန်ရှိခဲ့သော မိသားစုဝင်များကို လိုက်ပါ ပြောင်းရွှေ့ရန် ပြန်ခေါ်နေမှုများ ရှိကြောင်း

Monday, April 28, 2014

ATM ကတ်က ဘတ် သန်း ၅၀ ကျော် ခိုးထုတ်သူတွေ ဖမ်းမိ


ATM လို့ ခေါ်တဲ့ ငွေထုတ်စက်ကနေ ကွန်ပျူတာ နည်းပညာတွေသုံးပြီး ထိုင်းနိုင်ငံ တဝှမ်း ဘတ်ငွေ သန်းပေါင်း ၅၀ ကျော်ကို ခိုးထုတ်ယူခဲ့တဲ့ မလေးရှားနိုင်ငံသား ၅ ဦးကို ထိုင်းတာဝန်ရှိသူတွေက ဖမ်းဆီး ထားတဲ့အကြောင်း တနင်္လာနေ့က ရဲတာဝန်ရှိသူတွေက ထုတ်ပြောလိုက်ပါတယ်။ ဖမ်းဆီးရမိတဲ့သူတွေကိုတော့ ထိုင်းနိုင်ငံတောင်ပိုင်း စုန်ခလာ ခရိုင် ဟတ်ယိုင်ဒေသမှာ ရဲက စုံစမ်းစစ်ဆေး မှု တွေကို ရက်သတ္တပတ်နဲ့ချီပြီး လုပ်နေခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်က ဖော်ပြပါတယ်။ 

အခုလို ဖမ်းဆီးရမိမှုဟာ ရာဇဝတ်မှု နှိမ်နင်းရေး ရဲဌာန၊ Siam Commercial Bank (SCB) ဘဏ်ရဲ့ ဘဏ္ဍာငွေ ကြေး ရာဇဝတ်မှုကာကွယ်ရေး အဖွဲ့၊ ပြင်သစ်သံရုံး အရာရှိတဦးတို့ ပါဝင်တဲ့ ပူးပေါင်း ဆောင် ရွက် မှုကြောင့် ဖြစ် တယ်လို့ ဆိုပါတယ်။ 

မုံရွာတွင် အပူချိန် မြင့်မားသည့်ဒဏ်ကြောင့် သက်ကြီးရွယ်အို သေဆုံးမှု မြင့်တက်

Photo: မုံရွာတွင် အပူချိန် မြင့်မားသည့်ဒဏ်ကြောင့် သက်ကြီးရွယ်အို သေဆုံးမှု မြင့်တက် 
Tuesday, April 29, 2014

မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး အများစုတွင် ဧပြီလ နောက်ဆုံးပတ် အတွင်းက မိုးများ ရွာသွန်းခဲ့သော်လည်း မုံရွာမြို့တွင် ဧပြီလ၂၈ ရက်နေ့အထိ မိုးရွာသွန်းခြင်း မရှိသေးဘဲ အပူချိန်များ မြင့်မားလျှက် ရှိသောကြောင့် အသက်ကြီးသူများ သေဆုံးမှု မြင့်တက်ခဲ့ကြောင်း မုံရွာမြို့ပေါ်ရှိ လူမှုကူညီရေးအသင်းများက ပြောကြားသည်။
“မနေ့က (ဧပြီလ ၂၇ ရက်နေ့) က ဆိုရင် တစ်ရက်တည်း ခြောက်ဦး သေဆုံးလို့ နာရေးကူညီမှု ၆ ကြိမ်ပြုလုပ်ခဲ့ရတယ်။ ရာသီဥတု ပူတော့ အသက်အရွယ် ကြီးရင့်တဲ့သူတွေ သေဆုံးတာ များတယ်” ဟု မုံရွာမြို့ ဒေဝဂတိ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မုံရွာမြို့တွင် မတ်လအတွင်းက နာရေးကူညီမှုပေါင်း ၆၈ ကြိမ် ကူညီခဲ့ရပြီး၊ ယခု ဧပြီလတွင်မူ လမကုန်ခင် အချိန်တွင်းမှာပင် နာရေးပေါင်း ၈၇ ကြိမ် ကူညီခဲ့ရာ အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ၏ နာရေးမှာ ထက်ဝက်ခန့် ရှိကြောင်း ဒေဝဂတိ လူမှုကူညီရေးအသင်း မှတ်တမ်းများအရ သိရသည်။

မုံရွာမြို့ အနီးပတ်ဝန်းကျင်တွင် သင်္ကြန်မတိုင်ခင် ကာလအတွင်းက အနည်းငယ် ရွာသွန်းခဲ့သော မိုးသာ ရှိခဲ့ပြီး၊ သင်္ကြန်ကာလပြီး နောက်ပိုင်း မိုးရွာသွန်းမှု မရှိသလောက် ဖြစ်ခဲ့ကာ၊ အပူချိန်များ မြင့်တက်နေဆဲ ဖြစ်ကြောင်း၊ ဧပြီလ ၂၄ ရက်နေ့တွင် ဧပြီလ တစ်လလုံး၏ အမြင့်ဆုံး အပူချိန်အဖြစ် ၄၃ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ထိ ရောက်ရှိခဲ့ကြောင်း မုံရွာမြို့နယ် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ သိရသည်။

“အပူချိန် မြင့်တဲ့အတွက် အရေပြားရောဂါတွေ ဖြစ်ပြီး လာပြတာတွေ၊ နောက်သွေးပေါင်ကျတာ၊ ခေါင်းမူးတာ စတဲ့ ဝေဒနာ ခံစားရတဲ့ သူတွေကတော့ နေ့စဉ်နှင့်အမျှ လာပြနေကြတာပါပဲ။ အပူချိန်မြင့်တဲ့ အချိန်ဆိုတော့ အသက်ကြီးတဲ့သူတွေ ပိုပြီး သတိထားရမယ့်” ဟု မုံရွာမြို့ခံ ဆရာဝန်တစ်ဦးက မှတ်ချက်ပြုသည်။

မြင့်မားသည့် အပူချိန်ကြောင့် မုံရွာ မြို့ပေါ်ရှိ ဈေးကြီးများတွင်လည်း နံနက်ပိုင်း အချိန်လောက်တွင်သာ ဈေးဝယ်သူ ရှိပြီး၊ နေ့လည်ခင်း အပူချိန် မြင့်မားသည့် အချိန်တွင် ဈေးဝယ်သူ မရှိသလောက် ဖြစ်ကာ၊ လူစည်ကားသည့် မြို့တွင်း လမ်းများတွင်လည်း ချောက်ကပ်နေကြောင်း ချင်းတွင်း ရတနာဈေးအတွင်း အထည်ဆိုင် ဖွင့်လှစ်သူတစ်ဦးက ဆိုသည်။

ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များတွင် ဧပြီလ၂၆ ရက်နေ့တွင် မိုးများ သည်းထန်စွာ ရွာသွန်းခဲ့သော်လည်း မုံရွာမြို့တွင် သင်္ကြန်ကာလ ပြီးသည့်အချိန် နောက်ပိုင်းတွင် မိုးရွာသွန်းခဲ့ခြင်း မရှိဘဲ အပူချိန်များ မြင့်တက်နေဆဲ ဖြစ်သည်။ 

“ရန်ကုန်မှာတော့ နာရေးကူညီမှုအသင်း သင်္ဂြိုဟ်ပေးရတဲ့လူက တစ်နေ့ကို ၃၀ ကျော်ကနေ ၄၀ လောက်ထိ ရှိတယ်။ ဒါက ရန်ကုန်မြို့မှာ နေ့စဉ် ပုံမှန် သင်္ဂြိုဟ်နေရတယ်။ ဒီနှစ်မှာ သိသိသာသာ များလာတာ မရှိဘူး” ဟု နာရေးကူညီမှုအသင်း ရန်ကုန် တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။

The Voice Weekly
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး အများစုတွင် ဧပြီလ နောက်ဆုံးပတ် အတွင်းက မိုးများ ရွာသွန်းခဲ့သော်လည်း မုံရွာမြို့တွင် ဧပြီလ၂၈ ရက်နေ့အထိ မိုးရွာသွန်းခြင်း မရှိသေးဘဲ အပူချိန်များ မြင့်မားလျှက် ရှိသောကြောင့် အသက်ကြီးသူများ သေဆုံးမှု မြင့်တက်ခဲ့ကြောင်း မုံရွာမြို့ပေါ်ရှိ လူမှုကူညီရေးအသင်းများက ပြောကြားသည်။
“မနေ့က (ဧပြီလ ၂၇ ရက်နေ့) က ဆိုရင် တစ်ရက်တည်း ခြောက်ဦး သေဆုံးလို့ နာရေးကူညီမှု ၆ ကြိမ်ပြုလုပ်ခဲ့ရတယ်။ ရာသီဥတု ပူတော့ အသက်အရွယ် ကြီးရင့်တဲ့သူတွေ သေဆုံးတာ များတယ်” ဟု မုံရွာမြို့ ဒေဝဂတိ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အမျိုးစောင့်ဥပဒေအတည်ပြုရေးအား ဇွန်လတွင် လွှတ်တော်၌အဆိုတင်သွင်းမည်

CMT 28 02
အမျိုးဘာသာ သာသနာ့စောင့်လျှောက်ရေးဥပဒေတစ်ရပ်ဖြစ်သော အမျိုးစောင့်ဥပဒေအား အတည်ပြုရေး အဆိုပြုတင်သွင်းလွှာကိုနေပြည်တော် ပြည်သူ့လွှတ်တော်၌ လာမည့်ဇွန်လတွင် အဆိုပြုတင်သွင်းသွားမည် ဖြစ်ကြောင်းအရှင်ပါမောက္ခမှမိန့်ကြားသည်။

“အမျိုးစောင့်ဥပဒေဆိုတာ တကယ်လိုအပ်တယ် ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ အမျိုးသမီးတွေကို အစ္စလာမ်ဘာသာဝင်ယောက်ျားတွေဘက်က အမျိုးမျိုးဖျားယောင်းသွေးဆောင်ပြီးတော့ ယူတယ်။ ယူပြီးရင်လည်း ဘာသာပြောင်းခိုင်းတယ် မပြောင်းရင်နှိပ်စက်ခံရတယ်။နောက်တစ်ချက်က တရားဝင် ဇနီးမဖြစ်ဘူး အပျော်ဇနီးပဲဖြစ်သွားတယ်။ သူတို့ဘာသာမှာ တရားဝင်ဇနီးလေးယောက်
ယူခွင့်ရှိတယ်။ ပြီးရင် ကလေးများများမွေးခိုင်းတယ်၊ မွေးလာတဲ့ကလေးတွေအားလုံးကလည်း

Sunday, April 27, 2014

ခွဲခြားမှုရှိနေသရွေ့ အောင်မြင်ရေး လမ်းကြောင်းပေါ် တက်နိုင်မှာမဟုတ်လို့ အိုဘားမား သတိပေး


မြန်မာနိုင်ငံမှာ ဘာသာ လူမျိုးဆိုင်ရာ ခွဲခြားဖိနှိပ်မှုတွေရှိနေသမျှ အောင်မြင်ရေးလမ်းကြောင်းပေါ် တက်လှမ်းနိုင်မှာမဟုတ်ဘဲ၊ လမ်းလွဲသွားနိုင်တယ်လို့ အမေရိကန်သမ္မတ အိုဘားမားက သတိပေး ပြောကြားလိုက်ပါတယ်။

မလေးရှားနိုင်ငံကို ရောက်ရှိစဉ်အတွင်း ကွာလာလမ်ပူမြို့ မလေးရှားတက္ကသိုလ်မှာ မြန်မာအပါအဝင် အာဆီယံ ၁ဝ နိုင်ငံက လူငယ်ကိုယ်စားလှယ် တစ်ရာကျော်နဲ့ တွေ့ဆုံပြီး၊ အာဆီယံ အနာဂတ်နဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍအကြောင်းဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးရင်းနဲ့ အာဆီယံလူငယ်တွေရဲ့မေးခွန်းတွေကို တပါတည်းဖြေကြားခဲ့ပါတယ်။ ဆွေးနွေးပွဲတက်ရောက်ခဲ့ကြတဲ့ မြန်မာလူငယ်ကိုယ်စားလှယ် ၁ဝ ဦးထဲက ကရင်လူငယ် စောထက်အောင်ခန့်က မြန်မာပြည်တွင်းမှာရော၊ အာဆီယံဒေသတွင်းမှာပါ၊ လူမျိုး ၊ ဘာသာစကား၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုတွေ မတူကွဲပြားခြားနားနေတဲ့

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်သင့်သည်များကို ပြင်ဆင်မည်ဟု သူရဦးရွှေမန်းပြောကြား

မြန်မာနိုင်ငံအပြောင်းအလဲ ကြုံတွေ့ခဲ့သည့် ယခင်အချိန်များ နှင့် နှိုင်းစာပါက ယခုအချိန်မှာ ဒီမိုကရေစီပြုပြင်ရေးလမ်းကြောင်း အနေဖြင့် အတော်ခရီးပေါက်ခဲ့ပြီ ဖြစ်ကြောင်းနှင့် ပြည်သူအများ မျှော်လင့်နေသည့် ဒီမိုကရေစီ အပြည့်အ၀မရသေးသည့်အပေါ် တွင် အချိန်ပေးဆောင်ရွက်ရဦး မည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယကကြီး သူရဦးရွှေ မန်းက မွန်ပြည်နယ်၌ ပြောကြား ခဲ့သည်။

““၁၉၆၂၊ ၁၉၈၈၊ ၂၀၁၀ ခုနှစ်ကထက်စာရင် အခုချိန်က ဒီမိုကရေစီပြုပြင်ရေးလမ်းကြောင်း က အတော်လေးရောက်ခဲ့ပြီ ဒါပေမဲ့ ပြည်သူတွေမျှော်လင့်တဲ့ ဒီမိုကရေစီအပြည့်အ၀မရလာသေး ဘူး။ ဒီမိုကရေစီကို တစ်ရက်တည်း၊ တစ်ချိန်တည်း၊ တစ်ခဏတည်း လုပ်လို့မရဘူး””ဟု သူရရွှေမန်းက ပြောသည်။

မွတ်စလင် ဖိနှိပ်ရင် မြန်မာ မတိုးတက်နိုင်

အာဆီယံ ၁၀ နိုင်ငံက လူငယ်ခေါင်းဆောင် ၁၀၃ ဦးနဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန် သမ္မတ အိုဘားမား။ (Credit: AFP) 
လူနည်းစု ​ဘာသာခြား ​မွတ်စလင်တွေကို ​ဖိနှိပ်နေမယ်ဆို ရင်တော့ ​မြန်မာနိုင်ငံ အနေနဲ့ ​တိုးတက်မှာ ​မဟုတ်ဘူးလို့ ​အမေရိကန်သမ္မတ ​အိုဘားမားက ​မနေ့က ​ပြောကြား လိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ​နိုင်ငံရေး ​ပြုပြင်ပြောင်းလဲမှုတွေကို ​ချီးကျူးခဲ့ပေမယ့် ​တိုင်းရင်းသား ​လက်နက်ကိုင်တွေနဲ့ ​ပဋိပက္ခတွေ၊ ​ဘာသာရေး ​နှိပ်ကွပ်မှုတွေဟာ ​ဒီမိုကရေစီရဲ့ ​အနှစ်သာရကိုညှိုးနွမ်းတဲ့ ​လုပ်ရပ်တွေ 

MERS ဗိုင်းရပ်ကြောင့် ဆော်ဒီမှာ လူ ၁၀၀ ကျော်သေ

ဆော်ဒီကျန်းမာရေးဝန်ကြီး Abdullah al-Rabia
ဆော်ဒီ အာရေဗျနိုင်ငံမှာ MERS လို့ခေါ်တဲ့ အရှေ့ အလယ်ပိုင်း ဒေသ အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ဗိုင်းရပ်စ်ပိုး တမျိုးကြောင့် နောက်ထပ် လူ ၁၀ ယောက်သေဆုံး သွားတယ်လို့ ဆော်ဒီ အာဏာပိုင်တွေက အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် ဒီရောဂါကို စတင်တွေ့ရှိ ချိန်ကစပြီး သေဆုံးသူဦးရေဟာ ၁၀၂ ယောက်အထိရှိသွားခဲ့ပါပြီ။

စနေနေ့က ၂ ယောက်သေဆုံးပြီးနောက် မနေ့ တနင်္ဂနွေနေ့မှာ နောက်ထပ် ၈ ယောက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ် ဒီရောဂါပိုးစတင်တွေ့ရှိချိန်ကစပြီး ရောဂါဖြစ်တဲ့သူ

ပဋိပက္ခများကြောင့် မြန်မာ့အပြောင်းအလဲ အလွန်ဆိုးသည့်ဘက် ဦးတည်သွားနိုင်ကြောင်း အိုဘားမား သတိပေး


မြန်မာနိုင်ငံ၌ ကျေနပ်အားရစရာ ကောင်းသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများ ဆောင်ရွက်နေသော်လည်း လူမျိုး/ဘာသာကွဲ အုပ်စုများအကြား မြင်တွေ့နေရသည့် ပဋိပက္ခများကြောင့် မြန်မာ့အပြောင်းအလဲမှာ အလွန်ဆိုးရွားသည့်ဘက်သို့ ဦးတည်သွားနိုင်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက သတိပေး ပြောကြားလိုက်သည်။

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်သမ္မတ အိုဘားမားနှင့် အာဆီယံနိုင်ငံ အသီးသီးမှ လူငယ်များ ဧပြီလ ၂၇ ရက်နေ့က တွေ့ဆုံစဉ် လူမှုကွန်ရက်မှတစ်ဆင့် မြန်မာလူငယ်တစ်ဦးက ဘာသာ/လူမျိုး မတူသူများအကြား ခေါင်းဆောင်မှုဆိုင်ရာနှင့် ပတ်သက်၍ မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ခုမြင်တွေ့နေရတဲ့ မြန်မာပြည်က ဘာသာ၊ လူမျိုးမတူ အုပ်စုတွေ အကြားက ပဋိပက္ခတွေဟာ မြန်မာ့အပြောင်းအလဲကို အလွန်ဆိုးရွားတဲ့ လားရာဆီကို ဦးတည်သွားနိုင်တယ်” ဟု သမ္မတအိုဘားမားက ပြောဆိုသည်။

အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် မိမိဆန္ဒအလျောက် အခွန်ထမ်းဆောင်လိုသည့် အခွန်ထမ်းများလည်း ဆက်သွယ်ဆောင်ရွက်နိုင်


အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးက ဆက်သွယ်အကြောင်းကြားခြင်း မရှိသော်လည်း အခွန်ထမ်းများအနေဖြင့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် မိမိဆန္ဒအလျောက်

အာဆီယံ လူငယ်ခေါင်းဆောင်တွေနဲ့ မိတ်ဖက်အဖြစ် အမေရိကန်လက်တွဲမည်


လက်ရှိကမ္ဘာမှာ ကြုံတွေ့နေတဲ့ ပြဿနာတွေကို မျိုးဆက်သစ်လူငယ်တွေအနေနဲ့ ကြိုးစားဖြေရှင်းတဲ့အခါ အမေရိကန်ပြည်ထောင်စုအနေနဲ့ မိတ်ဆွေအဖြစ် ဆက်လက်ရှိနေမယ်လို့ သမ္မတ ဘရက်ခ် အိုဘားမားက ပြောကြားခဲ့ပါတယ်။ ဒီကနေ့ မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ၁၀ နိုင်ငံက လူငယ်တွေနဲ့ တွေ့ဆုံပွဲမှာ အဲ့ဒီလို ပြောကြားခဲ့တာပါ။ ဒီပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု လူငယ်ခေါင်းဆောင်တွေကလည်း သမ္မတအိုဘားမားကို မတူကွဲပြားမှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြပေးထားပါတယ်။

ပုပ်ရဟန်းမင်းကြီး ၂ ပါး သူတော်စင်အဖြစ်ချီးမြှောက်ပွဲကျင်းပ


Roman Catholic အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး Francis က အရင်ပုပ်ရဟန်းမင်းကြီး ၂ ပါးကို

ရခိုင်အမျိုးသား ညီလာခံ ကျောက်ဖြူမြို့မှာ ဖွင့်လှစ်

ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ အရေး ကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေးအဖြေရှာမယ့် ရခိုင်အမျိုးသားညီလာခံ တစ်ရပ်ကို ကျောက်ဖြူမြို့မှာ ဒီကနေ့ စတင်

နိုင်ငံတကာဘဏ်တခုရဲ့ မြန်မာပြည်အကြောင်း သုံးသပ်ချက်


နိုင်ငံတကာဘဏ်တခုက သုံးသပ်တင်ပြထားတဲ့ မြန်မာပြည်အကြောင်း သုံးသပ်ချက်ကို

မန္တလေးတိုင်းဒေသကြီးအတွင်း အပူချိန်လွန်ကဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ အပူရှပ်လူနာ များပြား


မန္တလေးတိုင်းဒေသကြီးမှာ အပူချိန်လွန်ကဲမှုကြောင့်ဖြစ်ပေါ်လာသော အပူရှပ်လူနာ အရေအတွက်မှာ ဧပြီ ၂၀ ရက်မှ ၂၅ ရက်အထိ ၄၉ ဦးရှိ နေပြီလို့ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနဲ့ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးရဲ့

ရုရှား လိုလားသူများမှ ဖမ်းဆီးထားသည့် OSCE အဖွဲ့တွင် ဂျာမနီနိုင်ငံသား လေးဦးပါဝင်


ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ ရုရှားလိုလားသည့် ခွဲထွက်ရေးသမားများ၏ ဖမ်းဆီးထိန်းသိမ်း ခံထားရသော နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (OSCE) တွင်

တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ၂၀၁၅ နှစ်ဆန်း တရားဝင် ထုတ်ပြန်မည်ဟုဆို


မန္တလေးတိုင်းဒေသကြီး အပါအဝင် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ လူမျိုးလူဦးရေ စာရင်းများကို ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် တရားဝင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးထံမှ စုံစမ်းသိရှိရသည်။

Saturday, April 26, 2014

ဟံသာဝတီအဝိုင်း မီးပွိုင့်စနစ် ပြောင်းရန် နှစ်လတိုး စစ်တမ်းကောက်မည်


လှည်းတန်းခုံးကျော်တံတား စတင်အသုံးပြုချိန်မှ စတင်ကာ ယာဉ်ကြောပိတ်ဆိုမှု များပြားနေသော ဟံသာဝတီအဝိုင်းကို ဖျက်သိမ်း၍ မီးပွိင့်စနစ် ပြောင်းလဲရန် ယာဉ်သွားလာမှု

အချစ်နဲ့တွေ့တဲ့အခါ ပြောင်းလဲလာတဲ့ အရာများ



အချစ်နဲ့တွေ့တဲ့အခါ စိတ်ခံစားမှုတွေ ပြောင်းလဲလာတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ဒါ့အပြင် ကိုယ့်ရဲ့ခန္ဓာကိုယ်မှာလည်း အချစ်စိတ်ကြောင့် ပြောင်းလဲသွားတာမျိုးတွေ

ပါဝါအဖွင့်အပိတ် ချို့ယွင်းနေတဲ့ iPhone 5 တွေကို Apple ပြန်လဲပေးမယ်


iPhone 5 တွေကို ပြန်လဲပေးမယ့် ရှားပါးအစီအစဉ်တစ်ရပ်ကို iPhoneက အစပျိုးနေပါပြီ။ တချို့သော iPhone 5 တွေရဲ့ ပါဝါခလုတ် ချို့ယွင်းမှုရှိနေတဲ့ 

ဝက်ခြံပေါက်နေသူများ စိတ်မပူပါနဲ့


လူငယ်တွေ အတွက် မျက်နှာပေါ်တွင် ဝက်ခြံပေါက် ခြင်းဟာ ပြဿနာ တစ်ခု ဖြစ်မယ် ထင်ပါတယ်။
မျက်နှာပေါ်တွင် ဝက်ခြံပေါက် လာပြီဆိုလျှင် ထိုဝက်ခြံကို အမြန်ပျောက်ကင်း လိုသည့်

မြန်မာ့အရေး လုပ်ဖေါ်ကိုင်ဘက်များအဖွဲ့ ပထမဆုံး အစည်းအဝေး


မြန်မာ့ မိတ်ဆွေနိုင်ငံများကို ပြန်လည်ဖွဲ့စည်းထားတဲ့ Partnership Group on Myanmar မြန်မာ့အရေးလုပ်ဖော်ကိုင်ဖက်များအဖွဲ့ရဲ့ ပထမဦးဆုံး

လည်ချောင်းနာခြင်းအတွက် လက်တွေ့ပျောက်စေမည့် သဘာဝကုထုံး


ဘတ်တီးရီးယားပိုများ၊ ကူးစက်တတ်သည့် ဗိုင်းရပ်ပိုများကြောင့် လူတွေဟာ မကြာခဏ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းများ

ကမ္ဘာ့အကြီးဆုံး bortsch ဟင်းအိုးကြီး


Bortsch ဆိုတာက ရုရှားတွေသောက်တဲ့ ဟင်းရည်တစ်မျိုးဖြစ်ပြီး သကြားမုံလာကို အခြေခံ အဖြစ်အ သုံးပြုထားပါတယ် ။ နောက်ထပ် ပါဝင်ပစ္စည်းတွေကတော့

ဆင်းရဲတယ်၊ချမ်းသာတယ်ဆိုတာ


အင်မတန်ချမ်းသာကြွယ်ဝတဲ့ အဖေဟာ ကိုးနှစ်အရွယ် သားလေးကို အပြင်လောကမှာ

လှိုင်သာယာ န၀ဒေးဥယျာဉ်အိမ်ယာရှေ့မှာ လယ်သမားတွေ ဆန္ဒပြ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က န၀ဒေးဥယျာဉ် အိမ်ယာမြေနေရာဟာ အရင်က လယ်သမားတွေ လုပ်ကိုင်စားသောက်ခဲ့တဲ့ လယ်ယာမြေတွေကို သိမ်းခဲ့ပြီး ဆောက်လုပ်တာဖြစ်တဲ့ အတွက် လျော်ကြေးပေးဖို့

နောက်ဆုံးပေါ် ကင်ဆာဆေး တစ်မျိုး၏ ကျေးဇူးကြောင့် ၁၂ ပတ်အတွင်း ကင်ဆာကျိတ်များ လုံးလုံး ပျောက်ကင်းသွား

အလွန်ပြင်းထန်သည့် ရှားပါးကင်ဆာ တစ်မျိုး ခံစားခဲ့ရသော အသက် ၄၇ နှစ်အရွယ် အီယန်ဘရုစ်သည် နောက်ဆုံးပေါ် ကင်ဆာဆေး တစ်မျိုးဖြင့် ကုသမှု ခံယူ ခဲ့ပြီးနောက် အမေရိကန် ပြင်ပတွင်

ရခိုင်အမျိုးသားညီလာခံကို ကျောက်ဖြူမြို့တွင် ယနေ့ စတင်ကျင်းပမည်


ရခိုင်အမျိုးသားညီလာခံကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ယနေ့ ဧပြီ ၂၇ ရက်မှ စတင်ကျင်းပမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားညီလာခံ ကျင်းပရေးကော်မတီမှ
သိရသည်။

ီလာခံအား ဧပြီ ၂၇ ရက်မှ မေ ၁ ရက်အထိ ငါးရက်တိုင် ကျင်းပမည်ဖြစ်ပြီး နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်သည်။

ရခိုင်လူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆွေးနွေးမည့် ရခိုင်အမျိုးသားညီလာခံတွင် ရခိုင်တစ်မျိုးသားလုံး၏ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိက ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်အမျိုးသားညီလာခံတွင် ရခိုင်ပြည်နယ်နှင့် သက်ဆိုင်သည့် စာတမ်းခြောက်ခုကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

အဆိုပါ စာတမ်းများမှာ(၁)တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစာတမ်း၊ (၂) အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးစာတမ်း၊ (၃)ရခိုင်လူ့အဖွဲ့အစည်း လုံခြုံအေးချမ်းစွာ အသက်ရှင် ရပ်တည်နိုင်ရေးအတွက် ပထ၀ီအနေအထား၊ နိုင်ငံရေး၊ လုံ ခြုံရေးနှင့် ဆက်စပ်သည့်စာတမ်း၊ (၄) စီးပွားရေး၊ ပညာရေး၊ ဖွံ့ဖြိုးရေး၊ ကျန်းမာရေး နှင့်ပတ်သက်သည့် စာတမ်း၊ (၅) ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် စာတမ်းနှင့် (၆) လူသားချင်း စာနာထောက်ထားရေး အထောက်အပံ့နှင့် ဖွံ့ဖြိုးရေးအထောက်အပံ့စာတမ်း တို့ဖြစ်ကြောင်း သိရသည်။

ပဋိပက္ခများနှင့် အကြမ်းဖက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည့် ရခိုင်ဒေသသည် အခြားတိုင်းရင်းသားဒေသများနှင့် နှိုင်းယှဉ်လျှင် စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်နေရသည့်အတွက် ၎င်းတို့ကို ဖြေရှင်းနိုင်မည့် ရခိုင်တိုင်းရင်းသားလူထုတစ်ရပ်လုံး၏ ဘုံသဘောတူညီချက် ပါရှိသော ရလဒ်များ ပေါ်ထွက်လာစေရန် ယခုကဲ့သို့ ရခိုင်အမျိုးသားညီလာခံကို ကျင်းပရခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားညီလာခံ ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ခိုင်သုခက ပြောကြားသည်။

ညီလာခံတက်ရောက်ရန် ရခိုင်တပ်မတော်(ဗ.ဗ)မှ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်နှင့်အဖွဲ့သည် ဧပြီ ၂၅ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ ခန့်တွင် ကျောက်ဖြူမြို့သို့ ရောက်ရှိလာပြီး အဖွဲ့အား ကျောက်ဖြူဒေသခံ ၄၀၀ ခန့်က မြို့အ၀င်လမ်းတစ်လျှောက်တွင် ကြိုဆိုခဲ့သည်။

ညီလာခံသို့ ရခိုင်အမျိုးသားပါတီခေါင်းဆောင်များ၊ အဖွဲ့ဝင်များ၊ ရခိုင်လက်နက်ကိုင် တပ်မတော်များ၊ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ လူမှုရေးအဖွဲ့အစည်းများ၊ ကျောက်ဖြူမြို့နယ်ဒေသခံများအပြင် ရခိုင်ပြည်နယ်တွင်း မြို့နယ်ဒေသအသီးသီး မှ လူအင်အား ၃၀၀၀ ခန့် တက်ရောက်လာကြလိမ့်မည်ဟု ခန့်မှန်းထားသည်။

ရခိုင်အမျိုးသားညီလာခံကို ကျောက်ဖြူမြို့ အထက(၃) လက်စွန်းပြ ကျောင်းခြံဝင်းအတွင်း ကျင်းပရန် စီစဉ်ထားသည်။

(ဧပြီ ၂၇ ရက်တွင် ကျောက်ဖြူမြို့၌ စတင်ကျင်းပမည့် ရခိုင်အမျိုးသားညီလာခံအတွက် ပြင်ဆင်နေမှုကို ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရမ္မာ))

Eleven Media Group

သမ္မတအိုဘားမား မလေးရှားရောက်

၃ ရက်ခရီးစဉ်နဲ့ မလေးရှားကို ဒီကနေ့ရောက်တဲ့ အမေရိကန်သမ္မတ Barack Obama ဟာ မလေးရှားဘုရင် Abdul Halim တည်ခင်းတဲ့ နိုင်ငံတော် ညစာ စားပွဲကို တက်ရောက်ပါတယ်။

အမုန်းစကား မပြန့်ပွားရေး အရပ်ဖက် အား အစိုးရ လို


အမုန်းပွားစေတဲ့စကား မဖြန့်ကြစေဖို့

ပြန်ကြားရေးဒုဝန်ကြီး၊ သမ္မတပြောခွင့်ရ ဦးရဲထွဋ်။
အောင်ရဲ မောင်မောင်

လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ မကြာခဏဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ လူမှုအဖွဲ့အစည်း အသိုင်းအ၀ိုင်း အတွင်းမှာ

Friday, April 25, 2014

ပထမဆုံး ဒိတ်လုပ်တဲ့အခါ မကြည့်သင့်တဲ့ ဇာတ်ကား (၅) ကား



ကိုယ်စိတ်ဝင်စားနေတဲ့ ကောင်မလေးနဲ့ ပထမဆုံးအပြင်မှာ တွဲကြည့်ဖို့ ချိန်းထားတယ်ဆိုရင် တွေ့တဲ့အချိန်ဘာတွေလုပ်မယ်ဆိုပြီး ကြိုစဉ်းစားထားလေ့ရှိကြပါတယ်။ အဲ့ဒီလိုစဉ်းစားတဲ့အခါ မုန့်လျှောက်စားမယ်၊ ရုပ်ရှင်ကြည့်မယ်၊ စသဖြင့် တွေးထားတယ်ဆိုရင် ကိုယ်ကြည့်မယ့်ဇာတ်ကားက အချစ်ခန်းတွေအများကြီးနဲ့ အလွန်အကျွံ နမ်းနေတဲ့ ဇာတ်ကားမျိုး၊ သတ်ဖြတ်တဲ့ဇာတ်ကားမျိုးတွေဆိုရင်တော့ ပထမဆုံး ဒိတ်လုပ်တဲ့နေ့မှာ မကြည့်ဖို့ အကြံပေးပါရစေ။ ဒီလို ဇာတ်ကားမျိုးတွေ ကြည့်ပြီး အာရုံနောက်သွားရပြီဆိုရင် ပထမဆုံးနေ့မှာ ပျော်ပျော်ရွှင်ရွှင် ရှိနေကြရမယ့်အစား စိတ်ကသိကအောက်ဖြစ်ပြီး ပြန်သွားရမှာမို့ ဒီလိုဇာတ်ကားမျိုးတွေ ရှောင်ကြည့်ဖို့ ပြောချင်ပါတယ်။

ပိုက်လိုင်းလုံခြုံရေး ဆောင်ရွက်နေသော လွယ်ဂျက် လုံခြုံရေး ကင်းစခန်းအား TNLA အဖွဲ့မှ အင်အားသုံး တိုက်ခိုက်မှုကြောင့် စစ်သည် တစ်ဦးနှင့် အရပ်သား(၆)ဦး ထိခိုက်ဒဏ်ရာရ


နမ့်ခမ်းမြို့နယ် တောင်ဘက် မိုင်(၂၀)ခန့်အကွာတွင် တပ်မတော်နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ ပူးပေါင်း၍ ပိုက်လိုင်းလုံခြုံရေးဆောင်ရွက်နေသော လွယ်ဂျက် လုံခြုံရေး ကင်းစခန်းအား ယနေ့ နံနက် ၆ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( TNLA ) အဖွဲ့မှ အင်အားသုံး တိုက်ခိုက်မှု ကြောင့် စစ်သည်တစ်ဦးနှင့် အရပ်သား(၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမြို့ခံများထံမှ သိရသည်။

အာဖဂန်ဆေးရုံ ပစ်ခတ်မှု ကန် ဆရာဝန် ၃ ဦး သေဆုံး


အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးမြို့က နိုင်ငံတကာဆေးရုံတခုမှာ ဆေးရုံ အစောင့်ရဲ တစ်ဦးက ပစ်ခတ်တဲ့အတွက် အမေရိကန် ဆရာဝန်
(၃)ဦး သေဆုံး သွားပါတယ်။ အမေရိကန်အခြေစိုက် စေတနာ့ဝန်ထမ်းအဖွဲ့တခုက ဖွင့်ထားတဲ့ Cure ဆေးရုံမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။

အမေရိကန် ဆရာဝန် သေဆုံးမှု အတွက် လွန်စွာဝမ်းနည်းမိကြောင်း အမေရိကန်သံရုံးက တွစ်တာက တဆင့် ဖြန့်တဲ့ သတင်းမှာဖေါ်ပြထားပါတယ်။ သေဆုံးသူ(၃)ဦး ထဲမှာ နှစ်ဦးက သားအဖတွေ ဖြစ်ပါတယ်။

ကိုယ့်ချစ်သူနဲ့ ပတ်သက်ပြီး အမျိုးသားတွေ စိတ်ဝင်စားလေ့ မရှိတဲ့ အချက် (၁၀) ချက်



အမျိုးသားတွေအနေနဲ့ ကိုယ့်ချစ်သူ ကောင်မလေးတွေနဲ့ ပတ်သက်ပြီး ဂရုတစိုက် မေးလေ့ရှိတဲ့၊ ပြောလေ့ရှိတဲ့ ၊ နောက် စိတ်ဝင်စားလေ့ရှိတဲ့ အကြောင်းအရာတွေ အများကြီးပါ။ ဥပမာ ကိုယ့်သူငယ်ချင်းတွေက ကိုယ်တို့နှစ်ဦးအကြောင်း ဘာတွေပြောကြသလဲ၊ ကိုယ့်ကို တစ်နေ့ဘယ်နှစ်ကြိမ်လောက် ကောင်မလေးက ဖုန်းခေါ်လဲ၊ ခု ကိုယ်ညှပ်ထားတဲ့ ဆံပင်ပုံစံကို ကိုယ့်ချစ်သူ ကောင်မလေးက သဘောကျရဲ့လား စသဖြင့်ပေါ့လေ။ ဒါပေမယ့် တစ်ခါတစ်လေ အမျိုးသမီးတွေ စိတ်ပူနေတဲ့အရာတစ်ချို့ကိုတော့ ချစ်သူကောင်လေးတွေက စိတ်ဝင်စားလေ့မရှိတာမို့ အဲ့ဒီကိစ္စတွေအတွက် အပင်ပန်းခံပြီး ပူပင်နေဖို့ မလိုအပ်ပါဘူး။ အဲ့ဒီအရာတွေကတော့

ပလောင်စစ်သားစုဆောင်းနေသဖြင့် နမ့်ဆန်မြို့နယ် တာလတ်ရွာမှ လီဆူးတိုင်းရင်းသား ၂၀၀ ကျော် နေရပ်စွန့်ခွာ



ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ တာလတ်ကျေးရွာမှ လီဆူးတိုင်းရင်းသား (၂၀၀) ကျော်မှာနေရပ်စွန့်ခွာ၍ နမ္မတူမြို့နယ်၊ အီနိုင်းကျေးရွာသို့ရောက်ရှိကာ အလုပ်အကိုင်အခွင့်အလမ်း လိုအပ်လျက် ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

“ ကျွန်မ တာလတ်ရွာက မူလတန်းပြဆရာမပါ။ တာလတ်ရွာမှာ လီဆူးတိုင်းရင်းသားနဲ့ အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရှိပါတယ်။ တာလတ်ရွာက သမီးတို့ထွက်ပြေးလာတာ မတ်လဆန်းကပါ။ မှတ်မှတ်ရရ ကျွန်မ ခင်ပွန်းရဲ့ ဖခင်ရက်လည်ပြီးနောက်ရက်ကပါ။ သမီးတို့ ရွာကိုလွန်ခဲ့တဲ့နှစ်ကလည်း ပလောင်စစ်တပ်(TNLA)က စစ်သားတွေလာတယ်။ ရွာမှာပလောင်စစ်သားလာစုဆောင်းတာပါ။

လက်ခုပ်သံနိုင်ငံရေး


သင်္ကြန်ကာလအတွင်း အခြားအလုပ်မရှိသည်နှင့် စာရေးစာဖတ် အလုပ်လုပ်ပြီးလျှင် Sky Net ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်သော သင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်များ အစီအစဉ်ကိုကြည့်ဖြစ်ပါသည်။ တိုက်ရိုက်ထုတ်လွှင့် မှုမှာ ရုပ်သံလိုင်းသုံးလိုင်းမှ ထုတ်လွှင့်နေခြင်းဖြစ်ပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့များရှိ Sky Net ရေကစားမဏ္ဍပ်များတွင် ဖျော်ဖြေတီးမှုတ်သီဆိုနေကြသည်များကို တိုက်ရိုက်ရှုမြင်ရပါသည်။ ကျွန်တော်သည် ရန်ကုန်သင်္ကြန်ကိုကြည့်လိုက်၊ နေပြည်တော်သင်္ကြန်ကိုကြည့်လိုက်၊ မန္တလေးသင်္ကြန်ကိုကြည့်လိုက်ဖြင့် နည်း ပညာတန်ခိုးဖြင့် မြို့သုံးမြို့သို့ ကူးသန်းပြေးလွှားနေပါသည်။

Wednesday, April 23, 2014

အိမ်ထောင်ပြုခြင်းနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ကျန်းမာရေးဆိုင်ရာ သိမှတ်စရာများ



အိမ်ထောင်ပြုလိုက်တာနဲ့ အနေအထိုင်တွေ ဆင်ခြင်ရ၊ အသွားအလာ၊ အသုံးစရိတ်တွေ လျှော့ချပစ်ရ၊ ရှေ့ရေးအတွက် အားသွန်ခွန်စိုက် အလုပ်တွေလုပ်ရ စသဖြင့် စိတ်ပင်ပန်းရတဲ့ ကာလတွေ ရှိပေမယ့် အိမ်ထောင်ပြုလိုက်လို့ ဖြစ်လာတဲ့ ကောင်းကျိုးတွေလည်း ရှိပါသေးတယ်။ အထူးသဖြင့် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကောင်းကျိုးတွေပေါ့။ အဲ့ဒါတွေကတော့

Tuesday, April 22, 2014

အရက်နှင့် ဆက်နွယ်နေသော ပြသနာများ

 ဦးနှောက်ကိုထိခိုက်စေသောအကြောင်းများ

Monday, April 21, 2014

ပိုက်ဆံတောင်းတဲ့ သူတွေမှာတွေ့ ရတတ်တဲ့ ကလေးတွေဟာ ဘာလို့ အမြဲ အိပ်နေကြတာလဲ


ပိုက်ဆံတောင်းတဲ့ သူတွေမှာတွေ့ ရတတ်တဲ့ ကလေးတွေဟာ ဘာလို့ အမြဲ အိပ်နေကြတာလဲဆိုတာ သင်သတိထားမိရဲ့ လား ။

Thursday, April 10, 2014

လမ်းမတော်ဖိုးတုတ်

လွန်ခဲ့တဲ့နှစ်အနည်းငယ် မြန်မာ့ရုပ်ရှင်လောကမှာ ထွက်ပေါ်ခဲ့တဲ့ လူမိုက်တစ်ရာ ဆိုတဲ့ ဇာတ်ကားကို လူကြိုက်အတော်များခဲ့ပါတယ်..။ ဒီဇာတ်လမ်းဟာ တစ်ခေတ်တစ်ခါက ရန်ကုန်မြို့မှာ တကယ်ရှိခဲ့ဖူးတဲ့ လူမိုက်ကြီး လမ်းမတော် ဦးဖိုးတုတ် ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း ကို ရိုက်ကူးထားတယ် လို့လည်း ပြောနေ ဆိုနေတာတွေ ကြားခဲ့ဖူးပါတယ်။

သင်္ကြန်ထမင်း



မွန်ရိုးရာ သင်္ကြန်ထမင်းပါ။ သင်္ကြန်မှာ မပါမဖြစ် အစားအစာ တစ်မျိုးဖြစ်ပါတယ်။ သင်္ကြန်ထမင်းကို ဖယောင်းချက် အနံ့ မွှေးမွှေးလေးနဲ့ သုံးဆောင်ရတာပါ။ တချို့ကတော့ ဖယောင်းအနံ့ကို မကြိုက်တာမို့ ထည့်မချက်ထားပါဘူး။ သင်္ကြန်ထမင်းကို ငါးခြောက်ကို သရက်သီးစိမ်းနဲ့ ကြော်ရယ်၊ ရေအေးထည့်ပြီ သုံးဆောင်ကြပါတယ်။ ၀တ်ရည်က တမျိုးဆန်းသွားအောင် သရက်ချဉ်သုပ်နဲ့ ငါးခြောက်ထောင်းကြော်ရယ် နှစ်မျိုးခွဲထားလိုက်တာပါ။ ဒီနည်းလေးလည်း စားလို့ ကောင်းတာမို့ လုပ်စားကြည့်ကြရအောင်..

Wednesday, April 9, 2014

မင်းလှခံတပ်က ၀ိညာဉ်များ နားခိုရာ


မင်းလှခံတပ်အား ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

အချိန်ကား ခရစ်သက္ကရစ် ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့။ နေရာကား ဧရာဝတီမြစ်
ဖြတ်သန်း စီးဆင်းနေသည့် မြန်မာနိုင်ငံအလယ်ပိုင်း မင်းလှအရပ်။ မြန်မာဘုရင်၏ ဒေါင်းအလံ
တလူလူလွင့်နေသည့် မင်းလှခံတပ်ကြီးကား တိတ်ဆိတ်စွာ။ စစ်သည်ရဲမက်တို့ ရဲစိတ်ရဲမာန်
တက်ကြွလျက်၊ တိုင်းတစ်ပါးနယ်ချဲ့ရန်ကို လက်တုံ့မနှေး ခုံခံတိုက်ခိုက်ရန် ခွန်အားဖြည့်တင်းလျက်
ရှိကြသည်။

Monday, April 7, 2014

အိမ်ထောင်ပြုခြင်းနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ကျန်းမာရေးဆိုင်ရာ သိမှတ်စရာများ



အိမ်ထောင်ပြုလိုက်တာနဲ့ အနေအထိုင်တွေ ဆင်ခြင်ရ၊ အသွားအလာ၊ အသုံးစရိတ်တွေ လျှော့ချပစ်ရ၊ ရှေ့ရေးအတွက် အားသွန်ခွန်စိုက် အလုပ်တွေလုပ်ရ စသဖြင့် စိတ်ပင်ပန်းရတဲ့ ကာလတွေ ရှိပေမယ့် အိမ်ထောင်ပြုလိုက်လို့ ဖြစ်လာတဲ့ ကောင်းကျိုးတွေလည်း ရှိပါသေးတယ်။ အထူးသဖြင့် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကောင်းကျိုးတွေပေါ့။ အဲ့ဒါတွေကတော့

သေမင်းနှင့် ကစားခြင်း အပိုင်း(၂)



မကြာမီ အချိန်အတွင်းမှာပင် ကိုမိုးရောက်လာပြီး
" ကိုမင်းရေ.. ဟိုနားက မီးပွိုင့်မှာလည်း ကားတိုက်မှုတွေတွေ့ခဲ့ရတယ်.. ရှေ့ဆုံးက ရပ်ထားတဲ့ တက္ကစီပေါ်က Driver ကတော့ ပွဲချင်းပြီးပဲဗျို့.. "

သေမင်းနှင့် ကစားခြင်း အပိုင်း(၁)



ကျွန်တော်နာမည်က မင်းမနိုင်.. ထူးထူးဆန်းဆန်းကိစ္စတွေဆိုရင် ထမင်းမေ့ဟင်းမေ့ စိတ်ဝင်စားတတ်တဲ့လူ.. ကျွန်တော် သူငယ်ချင်းဖြစ်တဲ့ ကိုမိုး၊ ကိုထက်၊ ကိုလွင်၊ ကိုမောင်တို့ကလည်း ဒီအတိုင်းပဲ.. ၀ါသနာတူ စိတ်တူကိုယ်တူတွေဆိုတော့ ပေါင်းမိကြတာပေါ့ဗျာ.. သရဲခြောက်တယ်ဆိုတဲ့ အိမ်တွေကိုလည်းရောက်တယ်.. အခြောက်အလှန့်ကြမ်းတယ်ဆိုတဲ့နေရာတွေကိုလည်း ရောက်တယ်.. ဒါပေမယ့် ခက်တာက ကျွန်တော်တို့ကပဲ ကံမြင့်နေလို့လား..

သင်္ကြန်အားလပ်ရက်တွေကို ဘယ်လိုကုန်ဆုံးရင် ကောင်းမလဲ



သင်္ကြန်ကာလအတွင်း သူငယ်ချင်းတွေနဲ့ မဏ္ဍပ်ထိုင်ဖို့လည်း အစီအစဉ်မရှိ၊ ကားနဲ့လည်ဖို့လည်း စိတ်မကူးထားသူတွေအတွက် အိမ်မှာပဲ ကိုယ့်ရဲ့ အားလက်ရက်လေးတွေကို အပန်းလည်းပြေ၊ ပျော်စရာလည်းကောင်းအောင် ဘယ်လိုဖန်တီးသင့်တယ် ဆိုတဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်။ လူတစ်ကိုယ်၊ အကြိုက်တစ်မျိုးဆိုပေမယ့် အားလုံးအတွက် ခြုံငုံပြီး သင်္ကြန်ရက်အတွင်း အပျင်းပြေစေမယ့် နည်းလမ်းကောင်းလေးတွေကို စဉ်းစားကြည့်လိုက်တဲ့အခါ

သင့်ဘ၀အတွက် ပျော်ရွှင်မှု ရရှိစေမယ့် သိမှတ်ဖွယ်ရာများ



ကိုယ့်နေထိုင်မှုပုံစံ မမှန်လို့၊ ဒါမှမဟုတ် အကျင့်စရိုက်တစ်ချို့ ပြောင်းလဲပစ်ဖို့ လိုနေလို့ ကိုယ့်ရဲ့နေ့စဉ်ဘ၀တွေဟာ လိုအပ်ချက်တွေ ရှိနေတတ်တယ်ဆိုတာမျိုး ဘယ်သူတွေးမိမှာလဲ။ ဘာမှမဟုတ်ဘူးလို့ ထင်တဲ့အရာ တစ်ချို့ကြောင့် သင့်ဘ၀ ပိုမိုပျော်ရွှင်ဖွယ် ကောင်းလာတယ်ဆိုရင်တော့ မဖြစ်မနေကို ပြောင်းလဲပစ်ရမှာပဲနော်။

Friday, April 4, 2014

အမျိုးသမီးတိုင်း သိထားသင့်တဲ့ မျက်လုံးခြယ်သမှု ပုံစံအသစ်များ



ပြင်ဆင်နေကျ မျက်လုံးခြယ်သနည်းတွေ ၊ အိုင်းလိုင်နာဆိုးနည်းတွေနဲ့ မတူပဲ အနည်းငယ် ထူးခြားသွားစေမယ့် ပြင်ဆင်ခြယ်သမှုပုံစံလေးတွေ ရှိပါတယ်။ ဒီနည်းတွေက ကိုယ့်ပြင်ဆင်မှုကို ထူးခြားသွားစေမှာဖြစ်သလို ပိုမို လွယ်ကူအောင်လည်း အထောက်အကူ ပြုပေးနိုင်ပါလိမ့်မယ်။

ဆက်စီကျတဲ့ အမိုက်စား Boho ကျစ်ဆံမြီး ကျစ်မယ်ဆိုရင်



မြင်နေကျ ကျစ်ဆံမြီးဒီဇိုင်းတွေနဲ့ ကွဲထွက်ပြီး ဆက်စီကျကျ လှပတဲ့ Boho ကျစ်ဆံပြီးဒီဇိုင်းလေး ဖော်ပြပေးချင်ပါတယ်။ ထသွားထလာကစပြီး ပွဲတက်အထိကို ပြင်ဆင်သွားနိုင်တာမို့ ပျိုမေတွေ သဘောကျကြမှာပါနော်။

Thursday, April 3, 2014

သင်္ကြန်ဝိဥာဉ်


♪♫ “တေးသံလေးကိုကြားခါစလေ ချစ်သူရေ

စမ်းတွေဦးမလေ၊ ပန်းတွေဖူးဝေ ခူးချင်စရာအခြေ၊
လောကကြီးတခွင်အလှဆင်လို့နေ စိမ်းလန်းစိုပြေ သင်္ကြန်ခါတော်ရောက်လာပြန်ပြီလေ၊
တနှစ်တခါနွှဲ ချစ်စရာပွဲ၊ ပွဲတော်မဟာပေ
ပိတောက်ဝါလေးတွေပွင့်ပြီအချစ်ရေ မင်းပန်ဖို့လေ
ပန်းလိုမွှေး၊ စမ်းလိုအေး အေးတဲ့အတာရေ
လောင်းပါလေ တို့အသည်းတွေအေးအောင်လေ” ♪♫

Tuesday, April 1, 2014

ဖက်ရှင်ချစ်သူတွေအတွက် မဖြစ်မနေ ရှိထားသင့်တဲ့ အရာများ



တစ်လတစ်ခါ ရှော့ပင်ထွက်ပြီး ပြန်လာရင် လိုတာတွေရော၊ မလိုတာတွေရော ၀ယ်မိနေတယ် မဟုတ်လား။ တစ်ခါလောက် ၀တ်ပြီး ချောင်ထိုးထားလိုက်ရတဲ့ အ၀တ်အစားတွေ၊ အသုံးအဆောင်တွေကလည်း မနည်းတော့ဘူး။ ဒီတော့ ပိုက်ဆံလည်းကုန်၊ အာရုံလည်းနောက်ရတဲ့အဖြစ် ရောက်ရရော။ ဒီတော့ တကယ့်ကို လိုအပ်မယ့် အ၀တ်အစား ဒီဇိုင်းလေးတွေ သိထားလိုက်ရင် ဒါလေးတွေ ရှိတာနဲ့တင် တော်တော်လေး ပြီးပြည့်စုံတယ်လို့ ခံစားရမှာ အသေအချာပဲနော်။

မကောင်းဆိုးဝါး

Photo: မကောင်းဆိုးဝါး 
---------------

ရွာလေးရဲ့နာမည်က မှိန်တန်းရွာဖြစ်ပါတယ်။ အဲ့ရွာက လူတွေကတောင်သူလယ်သမားတွေ အဖြစ်နဲ့အသက်မွေးဝမ်းကြောင်းပြုကြတယ် ။ ဒီတော့ မိုးကျခံနီးပြီးဆိုတော့ ကိုင်းသမားလယ်သမားတွေအတွက် ကြောက်ဆုံး မြွေဆိုတဲ့ သတ္တဝါပါပဲ ။ အဲ့ မှိန်တန်းဆိုတဲ့ ရွာလေးမှာ လယ်ချင်းကပ်လျက်ရှိပြီး ခင်မှုဆုံးဆိုတဲ့ ဦးအေးကိုနဲ့ ဦးသိန်းဇံတို့ဟာ တစ်အိမ်မရှိတစ်အိမ်ကစား အပြန်အလှန်နဲ့ နွေးထွေးကြတယ် ။ တနေ့ဦးသိန်းဇံဟာ မြွေကိုက်ခံရတာ ဆစ်ခနဲလို့သိလိုက်ပေမယ့် သူရဲ့မျက်စိတွေဟာ ပြာနှမ်းသွားတယ် ။ ဘာမြွေလဲကြည့်လိုက်ဖို့ ဦးအေးကိုတို့ တဲဘက်ကို လှမ်းအော်ဖို့တောင် အားအင်တွေချက်ချင်းဆုတ်ယုတ်သွားတယ် ။ 

ဦးအေးကို သတိရလာတော့ သူရဲ့တဲပေါ်ကို ရောက်နေပြီး ။ မျက်စိလေးပေကလပ်ပေကလပ်နဲ့ သူ့ဘေးက မိသားစုနဲ့ ဦးအေးကိုတို့မိသားစုကို ကြောင်တောင်တောင်ကြည့်နေရှာတယ် ။ တကယ်တော့ သူ့ကို အချိန်မှီပြန်တွေ့သွားလို့ ဆေးထိုး မြွေဆိပ်ထုတ်လိုက်လို့ အခုလိုပြန်သတိရလာတာပါ ။ အဲ့နောက်ပိုင်းမှာ ဦးအေးကိုဟာ အရင်လိုမဟုတ်တော့ဘူး စကားလဲ များများစားစားမပြောတော့ဘူး တစ်ယောက်ထဲ မှိုင်နေတတ်တယ် အကြာကြီး ။ ဒါပေမဲ့ ညဘက်ဆိုရင် သူမအိပ်တော့ဘူး မျက်စိတွေက ရဲရဲတောက် လို့ ငုတ်တုတ်ထိုင်နေတတ်တယ် ။ သူ့ကို ဟင်းသီးဟင်းရွတ်နဲ့ ကျွေးလို့မစားနော့ဘူး အနည်ဆုံး လယ်ထဲဆိုတော့ ငါးဖားတွေက မိုးတွင်ဘက်ဆိုရှာရလွယ်တယ်လေ ငါးဟင်းပဲ ချက်ကျွေးရတယ် ။ အဲ့အခါကျရင် စားလိုက်တာ မျက်စိတောက်ကပါ မလှုပ်ရှာဘူး တခါတခါ သူတို့မိသားစုပါ ဦးအေးကို ကို ကြည့်ပြီး ကြောက်ရွံ့နေရှာတယ် ။ ဘာပဲဖြစ်ဖြစ်အခုလို အသက်မသေဘဲ ရှိနေတာကို သူတို့မိသားစုအတွက်လုံခြုံမှုဆိုတာ ရှိနေတာပဲလေ ။ 

 ဦးအေးကိုဟာနေ့ဘက်ဆို ဘာမှမသိသလို ဘာမှအားအင်မရှိသလို အိပ်နေရှာတာ အမြဲ ။ ဒီနေ့တော့သူ့ရဲ့မိန်းမကို အမဲသားဟင် စားချင်ကြောင်းဖွင့်ပြောရှာတယ် ။ ထူးထူးဆန်းဆန်းဖြစ်နေတဲ့ သူ့ကို မြင်ရပေမယ့် ယောက်ျားစားချင်တာကို မငြိုငြင်ရဘူး ရွာထဲ မရတကသွားဝယ်ရှာခဲ့တယ် အမဲသားတစ်ပိဿာကို ။ ဦးအေးကို မျက်နှာဟာ အရင်နေ့ထက်ဒီနေ့ ရွှင်လန်းနေရှာတယ် ။ ချက်ပြုတ်ပြီးလို့ စားကြတဲ့အခါ သူတော်တော်စားနိုင်ရှာတယ် ။ ပိုနေသေးတဲ့ ဟင်းရံတွေကို သိမ်းဆည်းထားပြီး ကိုယ်စီကိုယ်စီ အိပ်ရှာဝင်ကြတယ် ။ ဦးအေးကို လင်မယားဟာ အတူအိပ်ကြပေမယ့် အိပ်မပျော်သေးတာက ဦးအေးကို သန်ခေါင်ယံအချိန်ကျတော့ သူ့ရဲ့မျက်စိတွေဟာတအိမ်လုံးအမှောင်ကျနေပေမယ့် သူရဲ့မျက်စိနှလုံးက ရဲရဲတောက်နီမြန်နေတယ်။ ဝင်ထိန်နေပြီး မီဖိုးချောင်က အမဲသားဘက်ကို ဦးတည်နေတယ် ။ အိပ်ရာထဲကနေ အသာလေးကုတ်ကုတ်နဲ့သွားပြီး အမဲသားတွေကို အားရပါးရ ထိုင်စားနေတဲ့အချိန် သူ့ရဲ့မိန်မဟာ တရေးနိုးလာတော့ သူ့ယောက်ျားဘေးနားမရှိတာ သိသွားရှာတယ် ။ 

ဒါနဲ့လိုက်ရှာတာ မတွေ့ဘူး မီဖိုချောင်ဘက်အလင်တစ်ခုကိုတော့ သိတိထားမိနေတယ် ။ တွေ့လိုက်ရတဲ့မြင်ကွင်က လိပ်ပြာလွင့်မတက် မျက်စိတွေက ပြူးပြဲပြီး ကြက်သီးမွှေးညှင်းထဖို့ကောင်းလောက်အောင် လင်းလက်နေတယ် ။ အံ့သြမှုနဲ့အတူ ကြောက်စိတ်ကပိုဖိစီးလာတယ် ။ ဒါနဲ့တဖြေးဖြေးအနားကပ်ပြီး ရှင်ဘာလုပ်နေတာလဲ မေးလိုက်တော့ မျက်ထောင့်နီးကြီးနဲ့ ဦးအေးကို ပြန်ကြည့်လိုက်တာ သူ့မိန်းမဟာ အရမ်းကို လန့်သွားတယ် ။ ပါးစပ်ထဲ ဝါးနေတဲ့ အမဲသားတွေကလည်း အပြည့် ဒီတော့ သူ့မိန်းမဟာ အော်မိလိုက်တော့တယ် ။ တအိမ်သားလုံးနိုးလာတော့မှ ဦးအေးကို ချော့မော့ပြီး အိပ်ခိုင်းရတယ် ဒါပေမယ့် အမဲသားတွေကတော့ ကုန်သွားခဲ့တယ် ။ သူ့မိန်းမဟာ သူ့နဲ့ လုံးဝမအိပ်ရဲတော့ဘူး သူ့ဘက်ကို ပြန်ကြည့်လိုက်အကြည့်တွေ အရရမ်းကို ကြောက်ဖို့ကောင်းလွန်နေတာကြောင့်ပါ ။ 

လပြည့်ကြဆိုတော့ မိုးအုပ်ကြားထဲက ထိုးထွက်လာတယ်တခါတခါ တိမ်မဲတွေက ပြန်အုပ်လိုက်နဲ့ လင်းတစ်ချက်မလင်းတစ်ချက်ဖြစ်နေတဲ့အချိန် ဦးသိန်းဇံသားဟာ ရွာထဲကနေလယ်ထဲပြန်အလာသူ့နောက်က အရိပ်မဲမဲ တစ်ခုဟာ တကောက်ကေက် လိုက်ပါလာတာသိတိထားမိတယ် ။ ဓာတ်မီးနဲ့ ထိုးကြည့်ပြန့်တော့လည် ဘာမှမရှိ ။ ကြောက်တတ်တဲ့စိတ်က ဝင်လာပြီး ဒီလိုတစ်လှမ်းချင်လှမ်းလာတာ ။ ထိုအရိပ်ကလည်း လိုက်နေအမြဲ ခြေလှမ်းတွေကို ခက်သွက်သွက်လေိာက်လိုက်တယ် ။ ဒီအချိန်မှာတိမ်မဲကြာက လကတစ်ချက်ထွက်လာတယ် လရဲ့အရောက်နဲ့ ဦးသိန်းဇံသားဟာ နောက်ပြန်လှည့်ကြည့်တော့ ဆံပင်ဖါးလား လက်တံတွေ ပုံမှန်ထက်ရှည်ပြီး မသဲမကွဲအရိပ်တစ်ခုကို မြင်လိုက်တယ်ဆိုတည်းက ကျောက ဖျန်းခနဲ အေးစိမ့်သွားတယ်။ ရသမျှ ဘုရားစာတွေကို ရွတ်ပြီး ဦးသိန်ဇံသားဟား တဲဘက်ကို မြန်ဆန်တဲ့ခြေလှမ်းတွေအရောက်ပြန်ခဲ့တယ် ။ ဒီအဖြစ်ကို အကြောင်းစုံ ဘေးတဲအိမ်တွေကို ပြောပြတော့ ပြီး ဘုန်းကြီးပရိတ်တနားဖို့ စီစဉ်ကြတယ် ။ ဒါကို ဦးအေးကို သိတဲ့အခါ ပရိတ်တရားနားဖို့လုံးဝ ငြင်ဆန်းနေတယ် ။ ဒါပေမယ့်မရဘူး ဘေးတဲတွေက ဘုန်းကြီးတွေပင့်ပြီးပရိတ်တရားနားခဲ့ကြတာ ဦးအေးကို မရောက်လာခဲ့ပါဘူး ။ အရင်ကဆိုအလှူရေးနဲ့ ပက်သက်လာရင် အရှေ့ဆုံးအခု ရေနဲ့ဆီ ဖြစ်နေတာ အံ့သြကြမိတယ် ။ 

ဦးအေးကို မိန်းမဟာ သူ့ရဲ့အိမ်းကို ပရိတ်တရားနားပြီတော့ အိမ်ကို ကြွပေးပါဦးဘုရားဆိုပြီးပင့်ခဲ့တယ် ။ အိမ်ရောက်တဲ့အခါ ဦးအေးကို ပုံမှန်ထက် အမူအရာတွေက ထူးခြားနေတယ် ။ ဘုန်းကြီးဟာ သူရဲ့အမူယာတွေကြည့်ပြီးပြန်ကြွတဲ့ သူ့ရဲ့ဇနီးကို ကျောင်းခန အားတဲ့ချိန်လာဖို့ပြောသွားခဲ့တယ် ။ ထို့နောက်မှာ ဦးအေးကို မိန်းမဟာ ဘုန်းကြီးကျောင်းကို ရောက်တဲ့အခါ ဘုန်းကြီးက ဒကါမရဲ့ ခင်ပွန်ဟာ သေဆုံးနေတာ ကြာနေပီးတဲ့ မိန့်လိုက်တဲ့အခါ လုံးဝ မယုံဘူးလေ ။ ဒီတော့မှ အရင်က ဘာတွေသူဖြစ်ထားလဲမေးတော့ မြွေကိုက်ခံထားရတယ်လို့ပြန်ဖြေလိုက်တယ် ။ အဲ့တော့မှ ဘုန်းကြီးဟာ ဒကါမရဲ့ခင်ပွန်းဟာ အဲ့တည်းက သေဆုံးသွားတာပါ အခု သူရုပ်ဆိုပေမယ့် မကောင်ဆိုးဝါးက ပူကပ်နေပြီး စားသောက်နေတာလို့ ပြောတော့ ရှိုက်ကြီးတငင်ငင်နဲ့ ငိုကြွေးရှာတယ် ။ သူ့အတွက်အကောင်းဆုံးဘာလုပ်ပေးရမလဲ မေးတော့ သူ့ရဲ့ကိုယ်ထဲက မကောင်းဆိုးဝါးကိုထုတ် ပြီးအမျှပေးဝေလိုက်ပါ လို့ မိန့်ကြာလိုက်တယ် ။ 

ထိုနောက်မှာ ဦးအေးကို မိန်းမဟာ အိမ်ပြန်ရောက်တော့ ဟင်းတွေစုံလငါစွာချက်ပြုတ် လို့ ဘုန်းကြီးတွေကပ်ဖို့ ပြင်ဆင်ရှာတယ် ဦးအေးကိုကိုတော့ ပေးမသိရှာခဲ့ဘူး ။ ဘုန်းကြီးတွေ အိပ်ရောက်တဲ့အခါ ဦးအေးက်ုဟာ ကြောက်လန့်တုန်လှုပ်နေရှာတယ် ။ ဘာလို့ဖို့လဲလို့ သူဇနီးနား ကပ်မေးတော့ တရားနားဖို့လို့ပြန်ဖြေလိုက်တော့ လုံးဝ တုန်လှုပ်သွားတယ် ။ ဘုန်းကြီးတွေဟာ ပရိတ်တရား ကမ္မဝါ ရွတ်ဖတ်တယ်ဆိုရင်ပဲ ဦးအေးကို ဖျာပေါ်မှာလူးလိမ့်နေအောင်အော်ရှာနေရတယ် ထပ်ပြီးမရွတ်တော့ဖို့လည်း တောင်းပန်နေရှာတယ် ။ အိမ်သားတွေဟာ ဦးအေးကိုကိုကြည့်ပြီး မျက်ရည်ကျနေရှာတယ် သနားမိတယ် ဒါပေမယ့်သူက ဦးအေးကိုမှမဟုတ်တာ မကောင်းဆိုဝါးဆိုပြီး ကျမိတဲ့မျက်ရည်ပြန်သုတ် ဘုန်းကြီးတွေပရိတ်တနားနေခဲ့ကြတယ် ။ ကမ္မဝါ ပရိတ်တရားတွေ ပြီးဆုံးနီးအချိန်မှာတော့ ဦးအေးကို လုံးဝငြိမ်သက်သွားပြီး ။ သူရဲ့ကိုယ်ဟာလည်း ပုတ်ပွ နံဆော်နေပြီး ။ ဒီတော့မှ ဘုန်းကြီက မကောင်းဆိုဝါးထွက်သွာပြီးလို့ မိန့်ကြာလိုက်တော့ ဦးအေးကို မြေမြုတ် င်္သဂြိုလိုက်ပြီးတဲ့အခါ ဝမ်းနည်မှုများစွာနဲ့ အမျှတန်းပေးဝေလိုက်ပါတော့တယ် ။ 

ဒိုင်ယာရီ

ရွာလေးရဲ့နာမည်က မှိန်တန်းရွာဖြစ်ပါတယ်။ အဲ့ရွာက လူတွေကတောင်သူလယ်သမားတွေ အဖြစ်နဲ့အသက်မွေးဝမ်းကြောင်းပြုကြတယ် ။ ဒီတော့ မိုးကျခံနီးပြီးဆိုတော့ ကိုင်းသမားလယ်သမားတွေအတွက် ကြောက်ဆုံး မြွေဆိုတဲ့ သတ္တဝါပါပဲ ။