Sunday, January 8, 2023

ကန့်ဘလူမြို့ပေါ် အပါအဝင် ပျူစောထီးစိုးမိုး ကျေးရွာတွေမှာ စစ်ကောင်စီက ရွေးကောက်ပွဲ လူဦးရေစာရင်း စတင်ကောက်ယူ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ် အပါအဝင် ပျူစောထီး စိုးမိုးရာ ကျေးရွာတွေမှာ စစ်ကောင်စီတပ်က ပျူစောထီးတွေကို ဦးဆောင်စေကာ ရွေးကောက်ပွဲ ပြင်ဆင်မှု အဖြစ် အိမ်ထောင်စု လူဦးရေ စာရင်းတွေ စတင် ကောက်ယူနေပြီလို့ ဒေသတွင်း သတင်းအရင်းအမြစ် Infinity Group က မနေ့က ထုတ်ပြန်ပါတယ်။

မြို့အလှူများတွင် နွားအလှနှင့်လှည်းယဉ်ငှားရမ်းမှု များလာ

မကွေးတိုင်းဒေသကြီးအောင်လံမြို့ကရှင်ပြုအလှူပွဲတွေမှာနွားအလှနဲ့လှည်းယဥ်တွေကို ငှားရမ်းအသုံးပြုမှု ပိုများလာတယ်လို့ နွားအလှနဲ့လှည်းယဥ်အငှားလုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။

ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေ လျှပ်စစ်ကဏ္ဍမှာ အများဆုံးဝင်ရောက်တယ်လို့ MIFER ပြော

၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံကိုဝင်ရောက်တဲ့ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေက လျှပ်စစ်ကဏ္ဍမှာ အများဆုံး မြှုပ်နှံထားကြတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန(MIFER) က သိရပါတယ်။

အရေးပေါ်ကာလအလွန် နစကရဲ့ ရွေးကောက်ပွဲအစီအစဉ်

“အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နဲ့အညီ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး အနိုင်ရတဲ့ပါတီကို ဒီမိုကရေစီစံနှုန်းများနဲ့အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်” ဒီစကားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်က ကျ ရောက်တဲ့ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ အခမ်းအနားမှာ ပြောကြားခဲ့တာပါ။

ကော့သောင်းမြို့နယ် ကားဂိတ်တွင် ထားဝယ်သို့ ပို့မည့် သေနတ်နှင့်အတူ အမျိုးသား ၁ဦးဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်ရှိ ကားဂိတ်တစ်ခုတွင် ထားဝယ်သို့ ပို့ဆောင်မည့် ပစ္စတိုသေနတ် တစ်လက်အပါဝင် ဆက်စပ်ပစ္စည်းများ နှင့်အတူ အမျိုးသားတစ်ဦး ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံများထံမှ သိရသည်။

ရေးမှာ ရဲအုပ်တစ်ဦး ပစ်သတ်ခံရ

မနက်စာဝယ်နေတဲ့ သတင်းရဲတပ်ဖွဲ့တာဝန်ခံတစ်ဦး သေနတ်ပစ်ခံရလို့ ပွဲချင်းပြီးသေဆုံးတဲ့ဖြစ်စဥ် ဒီကနေ့ ဇန်နဝါရီ ၉ ရက် မနက်ပိုင်းက မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ကောလင်းမှာ အမျိုးသမီးကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း ကောလင်းမြို့မှာ ဇန်နဝါရီ ၇ ရက်မနက်က ဆိုင်ကယ်တစ်စီးပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသမီးနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။

မျှော်လင့်ချက်မရှိတဲ့ ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ တရုတ်ကြိုးဆွဲရာ ကနေရတဲ့ မြန်မာ့နယ်စပ်ကုန်သွယ်မှုနဲ့ ညီညွတ်စွာကြိုးစားရင် ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်မယ် ဆိုတဲ့ မြန်မာ

ပြည်သူလှုတဲ့အလှုနဲ့ ရပ်တည်နေရတဲ့ NUG က ဝန်ကြီးတွေက ဒုဝန်ကြီးတောင်လစာကို ဘတ် ၆၀၀၀၀ ယူနေတယ်လို့ ဝေဖန်ချိန်မှာ NUG ကတော့ NUG ဝန်ကြီး၊ ဒုဝန်ကြီးတွေဟာ လစာမရဘဲ ဝန်ကြီးဌာနအသုံးစရိတ်အဖြစ် တစ်လကျပ်သိန်း ၁၀၀ ပဲရပြီး ဒီ သိန်း ၁၀၀ ကလည်း CDM တွေကို လှုတာတွေတောင်ရှိတယ်လို့ Radio NUG ကနေ ရှင်းလင်းခဲ့ပါတယ်။

၂၀၂၂ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု‌ ဒေါ်လာ သုံးသန်းကျော်သာရှိပြီး စုစုပေါင်းခွင့်ပြုမှု၏ သုည ဒသမ ၂ ရာခိုင်နှုန်းသာရှိ

၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သုံးသန်းကျော်သာရှိခဲ့ပြီး အဆိုပါကာလအတွင်း ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ သုည ဒသမ ၂ ရာခိုင်နှုန်းသာရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)မှ သိရသည်။

“ငါနှင့်မတူ ငါ့ရန်သူ”အယူအဆကို အသက်သွင်းနေဟု ANC ပြော

မတူကွဲပြားမှုများကို အပြုသဘောဖြင့် ညှိနှိုင်း ဖြေရှင်းလိုသည့် အမျိုးသားညီညွတ်ရေးစိတ်ဓာတ်မရှိဘဲ “ငါနှင့်မတူ ငါ့ရန်သူ”အယူအဆဖြင့် ရခိုင်လူ့အဖွဲ့အစည်းအတွင်း အသက်သွင်းနေကြသည်ဟု ရခိုင်အမျိုးသားကောင်စီ/ရခိုင်ပြည် တပ်မတော်(ANC/AA)က ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ Compressor များယနေ့နံနက်အစောပိုင်းတွင် အရေးပေါ် ရပ်တန့်ပြုပြင်နေရ၍ ဓာတ်ငွေ့ပို့လွှတ်မှုလျော့နည်းနေ

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)မှ ဇန်နဝါရီ ၉ ရက်(ယနေ့)နံနက်အစောပိုင်းမှစတင်၍ ရန်ကုန်တိုင်းအတွင်းရှိ နေရာအချို့၌ လျှပ်စစ်ဓာတ်အားပြတ်တောက်နေမှုများနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကျိုက်ထီးဆောင်းစေတီတော်မြတ်ကြီးဝင်းအတွင်း၌ သုဝဏ္ဏဘူမိ ဂဝံယဥ်ကျေးမှုပြတိုက်ဖွင့်လှစ်

မွန်းပြည်နယ်၊ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်စံပြကျေးရွာရှိ ကျိုက်ထီးဆောင်းဆံတော်ရှင်စေတီတော်မြတ်ကြီးဝင်းအတွင်း၌ သုဝဏ္ဏဘူမိ ဂဝံယဥ်ကျေးမှုပြတိုက်အား ဇန်နဝါရီ ၈ ရက်နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

ပုသိမ်ထောင်ဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသား ၁ ဦး၏ဇနီး ဖမ်းဆီးခံရ

ပုသိမ်အကျဉ်းထောင်ဖြစ်စဉ်မှာ စစ်တပ်က ရိုက်နှက်ခဲ့လို့ ဒဏ်ရာရခဲ့တဲ့ နိုင်ငံရေးအကျဥ်းသား ကိုဝင်းထွန်းနိုင်ရဲ့ ဇနီးဖြစ်သူ မစန္ဒာအေးကို ဇန်နဝါရီ ၇ ရက် ညနေပိုင်းက နေအိမ်မှာ စစ်ကောင်စီ တပ်က လာဖမ်းသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အာဆီယံနိုင်ငံများအကြား ထုတ်လုပ်မှုအပြင်းထန်ဆုံးကျဆင်းခဲ့သည့် မြန်မာ့ကုန်ထုတ်လုပ်ငန်းများ

အာဆီယံဒေသအတွင်း ထုတ်လုပ်မှု အပြင်းထန်ဆုံးကျဆင်းခဲ့သည့် မြန်မာ

အာဆီယံထုတ်လုပ်မှုကဏ္ဍတစ်ဝန်းတွင် တိုးတက်ထုတ်လုပ်မှုသည် ဒီဇင်ဘာတွင် ထပ်မံအားပျော့လာခဲ့ပြီး အော်ဒါအသစ်များ ပိုမြန်သည့်နှုန်းဖြင့် ကျဆင်းလာခဲ့၍ ထုတ်လုပ်မှုမှာ အသင့်အတင့်မျှသာ တိုးလာခဲ့ကြောင်း၊ ယင်းတစ်ချိန်တည်းတွင် ငွေကြေး ဖောင်းပွမှု ဖိအားပေးမှုများ ဆက်ပြီးအား ပျော့လာနေသည့် လက္ခဏာများကို ထပ်တွေ့ နိုင်ပြီး သွင်းအားစုအတွက် ကုန်ကျမှုများနှင့် ရောင်းစျေးနှစ်ရပ်စလုံး၏ ငွေကြေးဖောင်းပွမှုမှာ ဒီဇင်ဘာလတွင် အသင့်အတင့်ဖြစ်လာခဲ့ ကြောင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွက် ထုတ်ပြန်သည့် S&P Global အာဆီယံ ထုတ်လုပ်မှု PMI အညွှန်းကိန်းများအရ သိရ သည်။

မဟာအောင်မြေမြို့နယ်ရှိ Space Bar တွင်ရပ်ထားသည့်ကားအောက်မှ ဗုံးပေါက်ကွဲပြီးကားမီးလောင်ပျက်စီး

မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်၊မဟာမြိုင် (၂)ရပ်ကွက်ရှိ Space Bar တွင် ဇန်နဝါရီ ၈ ရက်ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုသိမ်ထောင် ဖြစ်စဉ်နှင့်ပတ်သက်၍ ထောင်တာဝန်ခံ၊ ရဲစခန်းမှူးအပါအဝင် ကျူးလွန်သူများ တာဝန်ခံရမည်ဟု အေအေပီပီပြော

ပြီးခဲ့တဲ့ ရက်ပိုင်းက ပုသိမ်အကျဉ်းထောင်အတွင်း စစ်အုပ်စုရဲ့ အကြမ်းဖက်ညှဉ်းပန်းနှိပ်စက် ပစ်ခတ်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီးတော့ ပုသိမ်အကျဉ်းထောင် တာဝန်ခံအရာရှိ နေမင်းထက်၊ ပုသိမ်မြို့မရဲစခန်းမှူး မြင့်အောင်၊ နယ်မြေစခန်းမှူး ကျော်ဦးတို့အပါအဝင် အမိန့်ပေးစေခိုင်းသူတွေ၊ သက်ဆိုင်ရာထောင်အာဏာပိုင်တွေ၊ ကိုယ်တိုင်ကျူးလွန်သူတွေအားလုံး တာဝန်ခံရမှာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။ 

ထိုင်းဘုရင့်သမီးတော် သုံးပတ်ကြာတဲ့အထိ သတိမလည်သေးကြောင်း ထုတ်ပြန်

ထိုင်းဘုရင် မဟာဝီယာလောင်ကွန်ရဲ့ အကြီးဆုံးသမီးလည်းဖြစ် ထီးနန်းဆက်ခံနိုင်ဖို့လည်းရှိနိုင်တဲ့ မင်းသမီး ဘာဂျရာကီတီယာဘာဟာ ခုထိ သတိမလည်လာသေးဘူးလို့ နန်းတော်ရာက ဇန်နဝါရီ ၈ ရက်နေ့မှာ တိုင်းသိပြည်သိ အသိပေးထုတ်ပြန်ခဲ့ပါတယ်။

မန္တလေးမှာ အမှိုက်ပုံအနီး ရပ်ထားတဲ့ ကားထဲ အမျိုးသား အလောင်းတွေ့ရှိ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်၊ (၃၈)လမ်းပေါ်၊ (၈၇)လမ်းနှင့် (၈၉)လမ်းကြား၊ အမှိုက်ကန်ဘေး ရပ်ထားတဲ့ ကားတစ်စီးရဲ့ နောက်ခန်းထဲမှာ လိုက်ကာနဲ့အုပ်ထားတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသား အလောင်း တစ်ခုကို တွေ့ရှိခဲ့တယ်လို့ မဟာ - လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရပါတယ်။

Thursday, January 5, 2023

၂၀၂၂ ခုနှစ်အတွင်း မြန်မာသီလဝါ SEZ ၏ စတော့ရှယ်ယာအရောင်းအဝယ် အများဆုံးဖြစ်ပေါ်ခဲ့

ရန်ကုန်စတော့အိတ်ချိန်း (YSX) စာရင်းဝင်ကုမ္ပဏီထဲမှာ မြန်မာသီလဝါ SEZ ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က ၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း စတော့ရှယ်ယာအရောင်းအဝယ် အများဆုံးဖြစ်ပေါ်ခဲ့ပါတယ်။

ရသင့်ရထိုက်သည့် အခွန်များ လျော့နည်းလွတ်ကင်းမှု မရှိဘဲ ဥပဒေနှင့်အညီ အပြည့်အဝရရှိရေး ထိရောက်စွာ ဆောင်ရွက်မည်ဟု စီမံဘဏ္ဍာဝန်ကြီး ပြောကြား

နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများ လျော့နည်းလွတ်ကင်းမှုမရှိဘဲ ဥပဒေနှင့်အညီ အပြည့်အဝ ကောက်ခံရရှိနိုင်ရေးကို ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၅ ရက်က ပြုလုပ်သည့် မြိုနယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဥ် (၇၇) သင်တန်းဆင်းပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။