Sunday, January 8, 2023

“ငါနှင့်မတူ ငါ့ရန်သူ”အယူအဆကို အသက်သွင်းနေဟု ANC ပြော

မတူကွဲပြားမှုများကို အပြုသဘောဖြင့် ညှိနှိုင်း ဖြေရှင်းလိုသည့် အမျိုးသားညီညွတ်ရေးစိတ်ဓာတ်မရှိဘဲ “ငါနှင့်မတူ ငါ့ရန်သူ”အယူအဆဖြင့် ရခိုင်လူ့အဖွဲ့အစည်းအတွင်း အသက်သွင်းနေကြသည်ဟု ရခိုင်အမျိုးသားကောင်စီ/ရခိုင်ပြည် တပ်မတော်(ANC/AA)က ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP/ALA)၏ စစ်ဦးစီးချုပ် ခိုင်စိုးမြ၊ ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုး၊ ဗိုလ်ကြီး ခိုင်သူရိန္ဒတို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့က ရခိုင်ကပြည်နယ်၊ စစ်တွေမြို့မှာ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသည်။
ANC က “ယခုကဲ့သို့ ရခိုင်တော်လှန်ရေး အဖွဲ့အစည်း တစ်ရပ်အား နည်းမျိုးစုံဖြင့် ပျက်စီးရာပျက်စီး ကြောင်း ကြံစည်လုပ်ဆောင် နေကြသူများအားလည်း အမျိုးသားတော်လှန်ရေး အင်အားစုအတွင်း မတူကွဲပြားမှုများကို အပြုသဘောဖြင့် ညှိနှိုင်းအဖြေရှာကြလိုသည့် အမျိုးသားညီညွတ်ရေး ဓာတ်ခံမရှိဘဲ “ငါနှင့်မတူ ငါ့ရန်သူ”အယူအဆဖြင့် ရခိုင်လူ့အဖွဲ့အစည်းအတွင်း “မင်းမဲ့စရိုက်”နှင့် “လက်နက်ကိုင် အကြမ်းဖက်ဝါဒ” ကို အသက်သွင်းနေကြသူများ အဖြစ် ပြင်းထန်စွာရှုတ်ချအပ်ပါသည်”ဟု ပြောသည်။
ထို့နောက် ANC/AA က ဇန်နဝါရီ ၈ ရက်တွင် ALP/ALA ထံ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ရာမှာ အခုလို ဖော်ပြထားခြင်း ဖြစ်သည်။
ဗိုလ်ချုပ် ခိုင်စိုးမြ၊ ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုး၊ ဗိုလ်ကြီး ခိုင်သူရိန္ဒတို့ကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)မှ လုပ်ကြံသတ်ဖြတ်ခြင်း ဖြစ်သည်ဟု ALP/ALA က ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ထားသည်။

CNi

0 comments:

Post a Comment