Sunday, January 8, 2023

ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ Compressor များယနေ့နံနက်အစောပိုင်းတွင် အရေးပေါ် ရပ်တန့်ပြုပြင်နေရ၍ ဓာတ်ငွေ့ပို့လွှတ်မှုလျော့နည်းနေ

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)မှ ဇန်နဝါရီ ၉ ရက်(ယနေ့)နံနက်အစောပိုင်းမှစတင်၍ ရန်ကုန်တိုင်းအတွင်းရှိ နေရာအချို့၌ လျှပ်စစ်ဓာတ်အားပြတ်တောက်နေမှုများနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းအတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပို့လွှတ်နေသည့် ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ Compressor များအား ယနေ့နံနက် ၃ နာရီတွင် အရေးပေါ် ရပ်တန့်ပြုပြင်လျက်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ရတနာဓာတ်ငွေ့ ပို့လွှတ်မှုအရေးပေါ်ရပ်တန့်ရမှု(Totally Shut Down)ဖြစ်ပေါ်သွား၍ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှုလျော့နည်းလျက်ရှိသည်ဟု YESC ကအသိပေးခဲ့သည်။
အရေးပေါ် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်စဉ် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှုလျော့နည်းလျက်ရှိကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ လျှော့နည်းနေသဖြင့် အရေးပေါ်ဝန်အားလျှော့ထိန်းညှိခြင်းများကို အချိန်ပိုင်းဆောင်ရွက်ရမည်ဟု အသိပေးခဲ့သည်။
ထို့ကြောင့် ရန်ကုန်တိုင်းရှိ စက်မှုဇုန်များနှင့်မြို့နယ်၊နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်ပြီး အရေးကြီးနေရာများ၌ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရန် ဆောင်ရွက်လျက်ရှိသည်ဟု YESC ကအသိ ပေးခဲ့သည်။

Popular

0 comments:

Post a Comment