Sunday, January 8, 2023

ကောလင်းမှာ အမျိုးသမီးကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း ကောလင်းမြို့မှာ ဇန်နဝါရီ ၇ ရက်မနက်က ဆိုင်ကယ်တစ်စီးပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသမီးနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။
ကောလင်း တော်လှန်ရေးအဖွဲ့ - Kawlin Revolution (KR-Teams) ကတော့ ‌သေဆုံးသူအမျိုးသမီး နှစ်ဦးဟာ ပြည်သူ့ကာကွယ်ရေး -ပကဖ တပ်ဖွဲ့ဝင်တွေဖြစ်ပြီး ဇန်နဝါရီ ၇ရက် မနက်က ကောလင်းမြို့၊ မင်းတဲကြီးရပ်ကွက်မှာ စစ်ကားတန်းကို မိုင်းထောင်ဖို့ သွားရင်း စစ်ဆေးခံရချိန်မှာ အသေခံဗုံးခွဲပြီးဖောက်ခွဲခဲ့တာလို့ ထုတ်ပြန်လာပါတယ်။ ‌
သေဆုံးခဲ့သူ အမျိုးသမီး နှစ်ဦးဟာ အသက် ၄၅နှစ်အရွယ် ရဲဘော် ဒေါ်စုစုရည် နဲ့ အသက် ၂၀ အရွယ် ရဲဘော် မနှင်းဆီလှိုင်တို့ဖြစ်တယ်လို့ သိရပါတယ်။

BBC

0 comments:

Post a Comment