Sunday, January 8, 2023

မြို့အလှူများတွင် နွားအလှနှင့်လှည်းယဉ်ငှားရမ်းမှု များလာ

မကွေးတိုင်းဒေသကြီးအောင်လံမြို့ကရှင်ပြုအလှူပွဲတွေမှာနွားအလှနဲ့လှည်းယဥ်တွေကို ငှားရမ်းအသုံးပြုမှု ပိုများလာတယ်လို့ နွားအလှနဲ့လှည်းယဥ်အငှားလုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။
အရင်က ရှင်ပြုအလှူလှည့်ရာမှာ နွားအလှနဲ့လှည်းယဥ်ကို ကျေးလက်ဒေသတွေမှာပဲ အများဆုံး အသုံးပြုကြ ပေမယ့် အခုအခါမှာတာ့ မြို့ပေါ်က အလှူတွေမှာပါ ထည့်သွင်းအသုံးပြုမှုများလာတယ်လို့ သိရပါတယ်။
ရှင်ပြုအလှူပွဲတွေမှာ အသုံးပြုတဲ့နွားတွေက တောင်သူတွေရဲ့ခိုင်းနွားအလှတွေဖြစ်ပြီး နွားအလှဆင်ပစ္စည်းတွေ ကလည်း တစ်စုံကို ကျပ်နှစ်သိန်းခွဲကနေ ကျပ်လေးသိန်းခွဲအထိ ရှိတယ်လို့ သိရပါတယ်။
ရှင်ပြုအလှူပွဲတစ်ခုမှာ နွားအလှနဲ့လှည်းယဥ်က ရှင်လောင်းအပါးပေါ်မူတည်ကာ ၁၀ စီးကနေ အစီး ၂၀ အထိ ငှားရမ်းကြပြီး တစ်စီးကိုကျပ်နှစ်သောင်းနှုန်းရရှိတယ်လို့ နွားအလှနဲ့လှည်းယဥ်ပိုင်ရှင် တောင်သူတွေဆီက သိရပါတယ်။

0 comments:

Post a Comment