Sunday, January 8, 2023

အရေးပေါ်ကာလအလွန် နစကရဲ့ ရွေးကောက်ပွဲအစီအစဉ်

“အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နဲ့အညီ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး အနိုင်ရတဲ့ပါတီကို ဒီမိုကရေစီစံနှုန်းများနဲ့အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်” ဒီစကားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်က ကျ ရောက်တဲ့ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ အခမ်းအနားမှာ ပြောကြားခဲ့တာပါ။

နစကအနေနဲ့ ရွေးကောက်ပွဲအောင် မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာမှာ အခြေခံအချက် အလက်များ ပြည့်စုံမှန်ကန်အောင် သက်ဆိုင် ရာဌာနတွေက ကြိုတင်ပြင်ဆင်ရေးလုပ်ငန်း တွေကို အဆင့်လိုက်ဆောင်ရွက်လျက်ရှိ တယ်လို့လည်း သူက ဆိုပါတယ်။

ဒါ့အပြင် မဲစာရင်းမှန်ကန်ရေးအတွက် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးကိုလည်း အထူးအလေးထား ဆောင်ရွက်လျက်ရှိတယ် လို့ သူက ပြောပါတယ်။

လွတ်လပ်ပြီး တရားမျှတ ပွင့်လင်းမြင် သာတဲ့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် နိုင်ငံအဝန်း လမ်းပန်းဆက် သွယ်မှု လုံခြုံချောမွေ့စေရေး၊ တရားဥပဒေစိုး မိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးရရှိဖို့ ပြည် သူလူထုတစ်ရပ်လုံးနဲ့ လက်တွဲပူးပေါင်း ဆက် လက်ဆောင်ရွက်သွားမယ်လို့ သူက ဆိုပါ တယ်။

နစကဥက္ကဋ္ဌ ပြောကြားသွားတဲ့ စကား အသွားအလာကို ကြည့်မယ်ဆိုရင် အရေး ပေါ်ကာလအလွန်မှာ ရွေးကောက်ပွဲလုပ်သွား မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက် ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်မှာ ကုန်ဆုံး မှာဖြစ်ပြီး ၂၀၀၈ အခြေခံဥပဒေအရ အမျိုး သားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အာဏာပြန်အပ်ပြီး ခြောက်လအတွင်း ရွေး ကောက်ပွဲကျင်းပပေးရမှာ ဖြစ်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆိုပြီး တပ်မတော်က နိုင်ငံ့အာဏာသုံးရပ်ကို ထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။ အရေးပေါ်ကာလပြီးရင် ရွေး ကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ် (PR) နဲ့ ပြန်ကျင်းပမယ်လို့ နစကက အခိုင်အမာ ဆိုထားပါတယ်။

အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်

နစကလက်ထက်မှာ အရေးပေါ်ကာလ ကို ခြောက်လနှစ်ကြိမ် သက်တမ်းတိုးပြီးပါပြီ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၁ (ခ) အရ     အရေးပေါ်အခြေအနေကြေညာထား တဲ့ကာလကို သက်တမ်းတိုးမြှင့်ခဲ့တာပါ။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တုန်းက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ကျင်းပခဲ့ပြီး အရေးပေါ်အ ခြေအနေ ကြေညာထားတဲ့ကာလကို ခြောက် လသက်တမ်းတိုးမြှင့်ခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၁ (ခ) မှာ  တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က သူ့ကို ပေးအပ်ထားတဲ့တာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်ခြင်းမပြုနိုင်သေး တာကြောင့် သတ်မှတ်အချိန်ကာလတိုးမြှင့် ပေးဖို့ အကြောင်းအကျိုးဖော်ပြပြီး တင်ပြလာ ရင် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီနဲ့ ညှိနှိုင်းပြီး သာမန်အားဖြင့် တစ် ကြိမ်ကို ခြောက်လအထိ နှစ်ကြိမ်တိုးမြှင့်နိုင် တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင် ၃၁ ရက်ကလည်း အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၂) ကို ပြုလုပ်ခဲ့ပြီး အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ကာလကို ခြောက်လသက်တမ်း ထပ်မံတိုးမြှင့် ခဲ့ပါတယ်။ 

ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၁ (ခ) အရ လက်ရှိမှာတော့ ခြောက်လ သက်တမ်း နှစ်ကြိမ်တိုးပြီးသွားပါပြီ။ နောက် ဆုံး ခြောက်လသက်တမ်းတိုးထားတဲ့ကာလ ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်မှာ ပြည့်မှာ ဖြစ်ပါတယ်။

နစကဥက္ကဋ္ဌအနေနဲ့ အရေးပေါ်အခြေ အနေ ကြေညာထားတဲ့ကာလ သက်တမ်းပြည့် သွားရင် ဘာဆက်လုပ်မလဲဆိုတာကို အား လုံးက စိတ်ဝင်စားနေပါတယ်။ အဓိကçက တော့ အရေးပေါ်ကာလပြီးသွားရင် တစ်နိုင်ငံ လုံးအကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပဖို့ ဆောင်ရွက်နေတယ်လို့ ဆိုထားတဲ့ နစက ဥက္ကဋ္ဌရဲ့စကားကြောင့် အားလုံးက စိတ်ဝင် တစား စောင့်ကြည့်နေကြတာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၆ မှာ တပ်မတော်ကာကွယ်ရေးဦးစီချုပ်က သူ့ကို ပေးအပ်ထားတဲ့ တာဝန်ပြီးမြောက်အောင် ဆောင်ရွက်ပြီးကြောင်း တင်ပြလာတဲ့ အစီရင် ခံစာကို လက်ခံရရှိတဲ့အခါ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်အာဏာလွှဲ အပ်ဆောင်ရွက်စေခဲ့တဲ့အမိန့် ပယ်ဖျက် ကြောင်း ကြေညာရမယ်လို့ ပြဋ္ဌာန်းထားပါ တယ်။

နောက်ပြီး ပုဒ်မ ၄၂၉ မှာတော့ အမျိုး သားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံ တော်အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့တဲ့ အမိန့်ပယ်ဖျက်ကြောင်း ကြေညာတဲ့နေ့က စပြီး ခြောက်လအတွင်း ဖွဲ့စည်းပုံအခြေ ခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီ အထွေ ထွေရွေးကောက်ပွဲကို ကျင်းပပေးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၆ နဲ့ ၄၂၉ အရ  အရေးပေါ်အခြေအနေ ကြေညာထားတဲ့ကာလ ပြည့်သွားတဲ့အခါ တပ်မတော်ကာကွယ်ရေးဦးစီချုပ်က သူ့ကို ပေးအပ်ထားတဲ့ တာဝန်ပြီးမြောက်အောင် ဆောင်ရွက်ပြီးကြောင်းတင်ပြမှသာ နိုင်ငံ တော်အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့တဲ့ အမိန့်ကို ပယ်ဖျက်ပြီး ခြောက်လအတွင်း ရွေး ကောက်ပွဲ ကျင်းပရမှာ ဖြစ်ပါတယ်။

နစကဥက္ကဋ္ဌအနေနဲ့ကလည်း ၂၀၂၃ ခုနှစ် သြဂုတ်မှာ အထွေထွေရွေးကောက်ပွဲကို ပြန်ပြီး ကျင်းပပေးမယ်လို့ ပြောကြားထား ပါတယ်။

“နိုင်ငံတည်ငြိမ်အေးချမ်းမှုအပေါ် မူ တည်၍ ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ပါ တီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်” လို့ နစကဥက္ကဋ္ဌက ပြောကြားခဲ့ပါ တယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်မှာ မင်္ဂ လာဒုံတပ်နယ်က တပ်မတော်အရာရှိ၊ အရာ ခံတွေနဲ့ တွေ့ဆုံရာမှာ နစကဥက္ကဋ္ဌက ပြော ကြားခဲ့တာပါ။

အရေးပေါ်အခြေအနေကြေညာထားတဲ့ ကာလကို နောက်ဆုံး ခြောက်လသက်တမ်း တိုးထားတာကလည်း ၂၀၂၃ ခုနှစ် ဇန်နဝါရီ လကုန်မှာ ပြည့်မှာဖြစ်တဲ့အတွက် နစက ဥက္ကဋ္ဌ ပြောထားတဲ့ သြဂုတ်လနဲ့တွက်ရင် ကြားမှာ ခုနစ်လ ကွာဟနေတာကို တွေ့ရမှာ ပါ။ ဒါကြောင့်လည်း အရေးပေါ်အခြေအနေ ကြေညာထားတဲ့ကာလ ပြီးမြောက်တဲ့အခါ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိလား မရှိဘူးလား ဆိုတာ နိုင်ငံရေးလေ့လာသူတွေက စိတ်ဝင် တစား စောင့်ကြည့်လို့ နေပါတယ်။

အရေးပေါ်အခြေအနေ ကြေညာခြင်း

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက် ပွဲမှာ မဲစာရင်းမှားယွင်းမှု ပမာဏကြီးမားစွာ ဖြစ်ပေါ်ခဲ့ပြီး မဲမသမာမှုနဲ့ တရားမဲ့ပြုကျင့်မှု ဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့တယ်လို့ အဲဒီအချိန် တုန်းက တပ်မတော်ဟာ စွပ်စွဲပြောဆိုခဲ့ပါ တယ်။

ဒါကြောင့်လည်း ဒီဖြစ်စဉ်တွေကို အ ရင်အစိုးရနဲ့ အရင်ရွေးကောက်ပွဲကော် မရှင်က ဖြေရှင်းဆောင်ရွက်ပေးဖို့ တပ်မတော် က တောင်းဆိုခဲ့ပေမဲ့ ဖြေရှင်းခဲ့ခြင်း မရှိတာ ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၈(က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာ များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လွှဲပြောင်းရယူခဲ့ပါတယ်။

နောက်ပိုင်းမှာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီကို ဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ် ငါးရပ်ကို ချမှတ်ဆောင်ရွက်ခဲ့သလို ဒီလုပ် ငန်းစဉ် ငါးရပ်ထဲမှာ လုပ်ငန်းစဉ် (၁) နဲ့ လုပ်ငန်းစဉ် (၅) က ရွေးကောက်ပွဲနဲ့ သက် ဆိုင်နေပါတယ်။ လုပ်ငန်းစဉ် (၁) မှာ မဲစာရင်း စစ်ဆေးခြင်း အပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တာတွေကို ဥပဒေနဲ့အညီ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပါရှိပါ တယ်။ လုပ်ငန်းစဉ် (၅) မှာလည်း အရေးပေါ် ကာလဆိုင်ရာပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ပြီးစီးပါက အထွေထွေရွေး ကောက်ပွဲ ပြန်လည်ကျင်းပမယ်လို့ ဖော်ပြ ထားပါတယ်။

ဒါကြောင့်လည်း နစကဥက္ကဋ္ဌဟာ လုပ်ငန်းစဉ် (၁) အရ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည် ဖွဲ့စည်းပြီး မဲစာရင်းစစ်ဆေးခြင်း၊ နိုင်ငံရေးပါတီများစစ်ဆေးခြင်းနဲ့ မဲဆန္ဒရှင်စာရင်းပြု စုခြင်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေက သက်ဆိုင်ရာ မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးပါတီကိုယ်စား လှယ်တွေနဲ့အတူ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ မြို့နယ် ၃၁၅ မြို့နယ်ရဲ့ မဲစာရင်းတွေ စစ်ဆေး ခြင်းနဲဲ့ မဲလက်မှတ်တွေ မြေပြင်စစ်ဆေးခြင်း၊

ရွေးကောက်ပွဲဖြစ်စဉ်တစ်ရပ်လုံးနဲ့စပ်လျဉ်းပြီး သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးတွေ အပါအဝင် သက် ဆိုင်သူအားလုံးကို တွေ့ဆုံမေးမြန်းစစ်ဆေး မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီလိုစိစစ်ခဲ့ရာမှာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ မဲဆန္ဒရှင်စာရင်းတွေအနက် နိုင်ငံသား၊ ဧည့် နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရ လက်မှတ်မရှိသူ တွေ၊ မဲစာရင်းမှာ နှစ်ကြိမ်၊ သုံးကြိမ်အထက် ပါဝင်ပြီး မဲစာရင်းထပ်နေသူတွေ၊ အသက် ၁၀၀ နှစ်အထက်နဲ့ အသက် ၁၈ နှစ်မပြည့်ဘဲ ပါသူ စတဲ့  မဲမသမာမှုပြုနိုင်တဲ့ မဲဆန္ဒရှင်ပေါင်း ၁၁ ဒသမ ၃ သန်းကျော်၊ မဲဆန္ဒရှင်စုစုပေါင်းရဲ့ ၂၉ ဒသမ ၅၄ ရာခိုင်နှုန်းကို စစ်ဆေးတွေ့ရှိခဲ့ ကြောင်း၊ ရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ မဲ လက်မှတ်တွေကို စစ်ဆေးရာမှာလည်း လျော့ နည်းပျောက်ဆုံး မဲလက်မှတ် ၁ ဒသမ ၄ သန်း ကျော်နဲ့ အပိုမဲလက်မှတ် ၄ ဒသမ ၃ သိန်း ကျော် တွေ့ရှိခဲ့ကြောင်း ကော်မရှင်က ထုတ် ပြန်ခဲ့ပါတယ်။

ရွေးကောက်ပွဲအကြိုကာလ၊ ရွေး ကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအလွန် ကာလ ဖြစ်စဉ်တစ်ရပ်လုံးအပေါ် စုံစမ်းစစ် ဆေးတွေ့ရှိချက်တွေအရ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ကြောင်း၊ ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ကလည်း အပ်နှင်းထားတဲ့ လုပ်ပိုင် ခွင့်ကို အလွဲသုံးပြီး ဥပဒေ၊ နည်းဥပဒေတွေကို ကျော်လွန်ဖောက်ဖျက်လုပ်ဆောင်ခဲ့တာ တွေ့ရတဲ့အတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို ဥပဒေနှင့်အညီ ပယ် ဖျက်ကြောင်း ကော်မရှင်အသစ်က ကြေညာ ထားပါတယ်။ 

နိုင်ငံရေးပါတီ စစ်ဆေးခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနဲ့ နိုင်ငံရေးပါတီတွေကို ဥပဒေနဲ့အညီ စစ်ဆေးရာမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေ ဦးဆောင်ပြီး သက် ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေပါဝင်တဲ့ ပူးပေါင်းစစ်ဆေး ရေးအဖွဲ့တွေနဲ့ သက်ဆိုင်ရာနိုင်ငံရေးပါတီဌာနချုပ် အခြေစိုက်တဲ့ ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံးတွေမှာ စစ်ဆေးဆောင်ရွက်ခဲ့ တယ်လို့ ကော်မရှင်က ဆိုပါတယ်။

ဒီလိုစစ်ဆေးရာမှာ နိုင်ငံရေးပါတီတွေရဲ့ ဖွဲ့စည်းမှု၊ ပါတီဝင်အင်အားစာရင်းနဲ့ ပါတီ ရုံးခန်းတွေ ဖွင့်လှစ်ထားရှိမှုတို့ကို စစ်ဆေး ခြင်း၊ ပါတီဝင်ကြေး၊ လစဉ်ကြေး၊ ပြည်တွင်းအ လှူရှင်တွေက လှူဒါန်းတဲ့ ငွေကြေး၊ ပစ္စည်း စာရင်းနဲ့ ပါတီပိုင်စီးပွားရေးလုပ်ငန်းတွေ စစ်ဆေးခြင်း၊ ပါတီစည်းမျဉ်းနဲ့အညီ သတ် မှတ်ထားတဲ့ အသုံးစရိတ် သုံးစွဲခြင်း ရှိ မရှိ စစ်ဆေးခြင်း၊ ပါတီပိုင်ရန်ပုံငွေ၊ ပါတီပိုင် ပစ္စည်းတွေနဲ့ပတ်သက်တဲ့ စာရင်းဇယား၊ မှတ်တမ်းတွေကို စနစ်တကျ ပြုစုထိန်းသိမ်း ထားခြင်း ရှိ -မရှိ စစ်ဆေးခြင်း၊ ပါတီကိုယ် စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စား လှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲ အသုံး စရိတ်တွေကို စနစ်တကျ ပြုစုထိန်းသိမ်းထား

ခြင်း ရှိ -မရှိ စစ်ဆေးခြင်း၊ ပါတီ၏နှစ်စဉ် ငွေ စာရင်းရှင်းတမ်းတွေကို ဘဏ္ဍာရေးနှစ်အ လိုက်ရေးဆွဲခြင်း၊ ပါတီပိုင်ပစ္စည်းတွေနဲ့စပ်လျဉ်းပြီး နှစ်ချုပ်စာရင်းပြုစုခြင်း၊ ဒီစာရင်း တွေကို ပါတီတွင်း စာရင်းစစ်ကော်မတီထားရှိ စစ်ဆေးခြင်း၊ ပါတီစည်းမျဉ်းစည်းကမ်းနဲ့အညီ အတည်ပြုချက် ရယူဆောင်ရွက်ခြင်း ရှိ မရှိ စစ်ဆေးခြင်း အပါအဝင် လိုအပ်တဲ့ စာရင်း ဇယားတွေကို စစ်ဆေးခဲ့ခြင်းဖြစ်တယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ဒီလိုစစ်ဆေးရာမှာ ၂၀၂၁ ခုနှစ် သြဂုတ်ကနေ ဒီဇင်ဘာအထိ စစ်ဆေးပြီးစီး ခဲ့တဲ့ နိုင်ငံရေးပါတီ ၅၁ ပါတီ၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီကနေ ဇူလိုင်လ တတိယပတ်အထိ စစ်ဆေးပြီးစီးခဲ့တဲ့ နိုင်ငံရေးပါတီ ၃၅ ပါတီ ရှိကြောင်း ကော်မရှင်က ဆိုပါတယ်။ လက်ရှိ တည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီအနက် နိုင် ငံရေးပါတီ ၈၅ ပါတီကို စစ်ဆေးခဲ့ပြီး စစ် ဆေးဖို့ကျန်ရှိတဲ့ နိုင်ငံရေးပါတီ ခုနစ်ပါတီ ကိုလည်း ဆက်လက်စစ်ဆေးသွားမယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

မဲဆန္ဒရှင်စာရင်း ပြုစုခြင်း

၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေ ပြု စုရာမှာ အိမ်ထောင်စု၊ လူဦးရေစာရင်းကို လဝကပုံစံ (၆၆ / ၆)၊ နိုင်ငံသားစိစစ်ရေးကတ် စတာတွေနဲ့ မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းမပြုဘဲ ရှိကောက်စနစ်နဲ့ ဆောင်ရွက်ခဲ့တာ ကြောင့် မှားယွင်းပြီး မဲမသမာမှုဖြစ်စေတဲ့ မဲဆန္ဒရှင်စာရင်း ၁၁ ဒသမ ၃ သန်းကျော် မဲ ဆန္ဒရှင်ပေါင်းရဲ့ ၂၉ ဒသမ ၅၄ ရာခိုင်နှုန်း ဖြစ်ပေါ်ခဲ့တယ်လို့ UEC က ထုတ်ပြန်ပါ တယ်။

ကော်မရှင်သစ်အနေနဲ့ လက်ရှိမဲစာရင်း ပြုစုရာမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ပြုစုတဲ့ လူဦးရေစာရင်းနဲ့ လဝက၊ မြို့နယ်ဦးစီး မှူးရုံးက ပြုစုထားတဲ့ လူဦးရေစာရင်းကို အ ခြေခံထားတယ်လို့ UEC က ဆိုထားပါတယ်။

မဲစာရင်းပြုစုရာမှာ အခြေခံရမယ့် စာ ရင်းများဖြစ်တဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည် သူ့အင်အားဝန်ကြီးဌာနရဲ့ မြို့နယ်ဦးစီးမှူး ရုံးက ပြုစုထားတဲ့ အိမ်ထောင်စုလူဦးရေစာ ရင်း ပုံစံ ၆၆/၆ ကို ရယူပြုစုထားတဲ့စာရင်းနဲ့ ပြည်ထဲရေးဝန်ကြီးရဲ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကွက်ကျေးရွာအ လိုက်ကောက်ယူထားတဲ့ မြေပြင်လူဦးရေ စာရင်းတို့ကိ်ု ဦးစွာတိုက်ဆိုင်စစ်ဆေးတယ်လို့ UEC က ပြောပါတယ်။

ဒီလို တိုက်ဆိုင်စစ်ဆေးပြီးဖြစ်တဲ့ အခြေ ခံလူဦးရေစာရင်းများကို ရယူပြီး ကနဦးမဲ ဆန္ဒရှင်စာရင်း စိစစ်ခြင်းစနစ် IVLS အသုံးပြုစိစစ်ခြင်းနဲ့ တွေ့ရှိချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများဆီ ပေးပို့ခြင်း စတာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါ တယ်။

သက်ဆိုင်ရာဝန်ကြီးဌာနများက မြေ ပြင်စိစစ်အတည်ပြုပြီး ပြန်လည်ပေးပို့လာတဲ့ စာရင်းများကိုရယူကာ လစဉ် Up Date ပြုလုပ်နေပြီး မှန်ကန်ပြည့်စုံတဲ့ အခြေခံမဲ ဆန္ဒရှင်စာရင်းတွေ ရရှိအောင် ဆောင်ရွက် နေတယ်လို့ UEC က ဆိုပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာလ ဒုတိယပတ်နဲ့ တတိယပတ်အတွင်းမှာ တိုင်းဒေသကြီး နဲ့ ပြည်နယ်ခုနစ်ခုရဲ့ အခြေခံမဲဆန္ဒရှင်စာရင်း နဲ့ မဲရုံများ လျာထားခြင်းကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ နိုဝင်ဘာလ ပထမပတ်နဲ့ ဒုတိယပတ်အတွင်းမှာလည်း တိုင်းဒေသကြီး/ ပြည်နယ်သုံးခုရဲ့ အခြေခံမဲဆန္ဒရှင်စာရင်းနဲ့ မဲရုံများလျာထားသတ်မှတ်ခြင်းကို ဆက်လက် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းနဲ့ ကျန်တဲ့တိုင်း ဒေသကြီး/ပြည်နယ်လေးခုကိုလည်း ဆက် လက်ဆောင်ရွက်သွားမယ်လို့ UEC က ဆိုပါ တယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ အသစ်ကို မကြာမီ အတည်ပြုပြဋ္ဌာန်းတော့မှာဖြစ်တယ်လို့ UEC က ထုတ်ဖော်ပြောထားပါတယ်။ ဒီဥပဒေကို အသစ်ပြင်ဆင်ရေးဆွဲရာ မှာ ကျင်းပပြီးစီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲများနဲ့ နိုင်ငံရေးပါတီများကို စစ်ဆေးခဲ့တဲ့ အတွေ့အကြုံတွေအပေါ် အခြေခံပြီး ဆောင် ရွက်ခဲ့တာဖြစ်တယ်လို့ UEC က ဆိုပါတယ်။

ယခင်ရွေးကောက်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီများအနက် အ နည်းဆုံးလွှတ်တော်ကိုယ်စားလှယ်တစ်နေရာအနိုင်ရရှိတဲ့ ပါတီစုစုပေါင်းဟာ ၂၀ ခန့် သာရှိပြီး ပါတီအများစုက ကိုယ်စားလှယ် နေရာမရရှိဘဲ ထောက်ခံမဲပမာဏကို ကြည့် ပါက ရာဂဏန်းနဲ့ ထောင်ဂဏန်းသာ ရရှိခဲ့ တယ်လို့ UEC က ထောက်ပြပါတယ်။

ဒါ့အပြင် ပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းအရေအ တွက်ကို ကြည့်ရင်လည်း အနည်းဆုံးမဖြစ်မ နေ ယှဉ်ပြိုင်ရမယ့် ကိုယ်စားလှယ်ဦးရေ သုံး ဦးကိုသာ အိမ်ဖြည့်အနေနဲ့ ယှဉ်ပြိုင်တဲ့ပါတီ များကို တွေ့ရတယ်လို့ UEC က ထုတ်ပြော ထားပါတယ်။

အသစ်ပြဋ္ဌာန်းမယ့် ဥပဒေမှာ နိုင်ငံ ရေးပါတီများနဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်းများ သတိပြုဆောင်ရွက်ဖို့လိုအပ်တဲ့ ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနဲ့ မဲဆွယ်စည်းရုံးခြင်း အခန်းကိုလည်း ဖြည့် စွက်ပြင်ဆင်ဆောင်ရွက်ထားတယ်လို့ UEC က ဆိုပါတယ်။

PR စနစ် ကျင့်သုံးမယ်

နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ မြန်မာနိုင်ငံနဲ့ သင့်လျော်ကိုက်ညီတဲ့ ရွေး ကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးနိုင်ရေးအ တွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်နဲ့  နိုင်ငံရေးပါတီတွေ လေးကြိမ်တိတိ တွေ့ဆုံညှိနှိုင်းဆွေးနွးခြင်း၊ စာတမ်းဖတ်ကြား ခြင်း၊ ရွေးကောက်ပွဲဒီဇိုင်း အပါအဝင် မဲဆန္ဒ နယ်မြေ သတ်မှတ်ရေးကိစ္စတွေကို အစုအဖွဲ့ အလိုက် ဆောင်ရွက်ခဲ့ပြီးပြီလို့ သိရပါတယ်။

ဒီလို UEC နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံ ညှိနှိုင်းရာမှာ နိုင်သူအကုန်ယူစနစ် (FPTP) အစား အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးဖို့နဲ့ မြန်မာနိုင်ငံရဲ့ စာတတ်မြောက်မှု အပါအဝင် ရွေးကောက်ပွဲအတွေ့အကြုံအရ စာရင်းပိတ်အချိုးကျကိုယ်စားပြုစနစ် (close list PR) ကို ကျင့်သုံးဖို့ နိုင်ငံရေးပါတီတွေက

သဘောတူခဲ့တယ်လို့ သိရပါတယ်။

PR စနစ်ကို ကျင့်သုံးပါက တိုင်းရင်း သားပါတီတွေ၊ လူနည်းစုကိုယ်စားပြု ပါတီ ငယ်တွေအနေနဲ့ မိမိနယ်မြေဒေသအလိုက် ရရှိတဲ့ ဆန္ဒမဲအရေအတွက်အပေါ်မူတည်ပြီး လွှတ်တော်အသီးသီးမှာ ကိုယ်စားလှယ်နေရာ အချိုးကျရရှိမှာဖြစ်တယ်လို့ UEC က တာဝန် ရှိသူတွေက ပြောကြားထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်အနေနဲ့ နောင်ကျင်းပမယ့် ရွေးကောက်ပွဲ တွေကို အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးနိုင်ရေး ဥပဒေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း UEC က ဆိုပါ တယ်။

လက်ရှိမှာ ပြည်ထဲရေးဝန်ကြီးဌာန အနေနဲ့ ခရိုင် ၄၆ ခရိုင် တိုးလိုက်တဲ့အတွက် မူလကရှိပြီးသား ၇၅ ခရိုင်အပါအဝင် ခရိုင် စုစုပေါင်း ၁၂၁ ခရိုင်အထိ ရှိလာပါတယ်။ အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးတဲ့အ ခါ  စနစ်တကျ ခရိုင်ဖွဲ့စည်းမှုဟာ မဲဆန္ဒနယ် သတ်မှတ်မှုတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ UEC က ပြောထားပါတယ်။

UEC ရဲ့ ပြောကြားချက်အရ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေမှာ အချိုးကျကိုယ် စားပြုစနစ် (PR) ကို ကျင့်သုံးဖို့ သေချာ         သလောက် ရှိနေပါတယ်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော်နဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေမှာ အချိုးကျကိုယ်စားပြုစနစ်​(PR) ကို ကျင့်သုံး မယ်ဆိုပေမဲ့ >ခင်းချက်အနေနဲ့ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသက အမျိုးသားလွှတ်တော် ခြောက်နေရာနဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွေက တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် နေရာတွေကိုတော့ နိုင်သူအ ကုန်ယူစနစ် (င်္ဏွှဏ) ကို ကျင့်သုံးသွားဖို့ ရှိနေ ပါတယ်။

လက်ရှိ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လာမယ့်ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ် စားပြုစနစ် (PR) ကို ကျင့်သုံးဖို့ ဆုံးဖြတ်ပြီးပြီ ဆိုပေမဲ့ ဥပဒေကြောင်းအရ ဆက်လက်လုပ် ဆောင်ရမယ့် အခြေအနေတွေ ရှိနေပါသေး တယ်။ ဒါကြောင့်လည်း အချိုးကျကိုယ်စား ပြုစနစ် (PR) ကျင့်သုံးနိုင်ဖို့အတွက် ရွေး ကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတွေကို ပြင် ဆင်ဖို့ တင်ပြထားဆဲဖြစ်တယ်လို့ UEC တာ ဝန်ရှိသူတွေက ဝန်ခံထားပါတယ်။ 

အကြားအလပ်မရှိ ဆောင်ရွက်နိုင်မလား

“ကျွန်တော်တို့အစိုးရအနေနဲ့ တစ်နိုင် ငံလုံး အကြားအလပ်မရှိ အထွေထွေရွေး ကောက်ပွဲကျင်းပပေးနိုင်ဖို့၊ မဲပေးကြမယ့် နိုင် ငံသား အားလုံး မတရားမှုတွေကနေ ကင်း ဝေးစေဖို့ ကြိုးစားဆောင်ရွက်လျက် ရှိပါတယ်”လို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်က ကျ ရောက်တဲ့ (၇၅) နှစ်မြောက် စိန်ရတုလွတ် လပ်ရေးနေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါ တယ်။

အရေးပေါ်ကာလပြီးရင် ရွေးကောက်ပွဲ ကို အကြားအလပ်မရှိ ကျင်းပနိုင်ဖို့ ဆောင် ရွက်နေတယ်ဆိုတဲ့ စကားကို နစကဥက္ကဋ္ဌ အနေနဲ့ မကြာခဏ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါ ရီလနောက်ပိုင်း နိုင်ငံရေးအပြောင်းအ လဲကြောင့် ရှမ်း၊ ကချင်၊ ချင်း၊ ကယား၊ ကရင်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ လက်နက်ကိုင် ပဋိပက္ခတွေက အပြင်းအထန်ဖြစ်ပွားနေတဲ့ အတွက် ရွေးကောက်ပွဲကို အကြားအလပ်မရှိ လုပ်ဆောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ နိုင်ငံ ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ အထွေထွေးရွေးကောက်ပွဲတွေ ကိုကြည့်မယ်ဆိုရင်လည်း မြန်မာနိုင်ငံတစ် ဝန်းမှာ မြို့နယ် ၃၃၀ ရှိတဲ့အနက် ၂၀၁၀  ရွေး ကောက်ပွဲမှာ ၃၂၅ မြို့နယ်၊ ၂၀၁၅ ရွေး ကောက်ပွဲမှာ ၃၂၃ မြို့နယ်နဲ့ ၂၀၂၀ ရွွေး ကောက်ပွဲမှာ မြို့နယ် ၃၁၅ မြို့နယ်မှာသာ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့တာပါ။

အနီးစပ်ဆုံးပြောရရင် ၂၀၂၀ ရွေး ကောက်ပွဲမှာ ရခိုင်ပြည်နယ်က ကိုးမြို့နယ်နဲ့ ရှမ်းပြည်နယ်က ခြောက်မြို့နယ်မှာ လွတ်လပ် ပြီး တရားမျှတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အခြေအ နေမရှိတာကြောင့် ရွေးကောက်ပွဲမကျင်းပခဲ့ ပါဘူး။ နောက်ပြီး ရခိုင်ပြည်နယ်၊ ကချင်ပြည် နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည် နယ်နဲ့ ပဲခူးတိုင်းတွေမှာ တစ်စိတ်တစ်ပိုင်း ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ် ၄၀ အထိ ရှိခဲ့ပါတယ်။

လက်နက်ကိုင်ပဋိပက္ခ မကြီးထွားတဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာတောင် ရွေးကောက် ပွဲကို အကြားအလပ်မရှိ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့တာကြောင့် အရေးပေါ်ကာလပြီးလို့ ရွေးကောက်ပွဲကျင်းပဖြစ်ရင်လည်း အကြား အလပ်မရှိ ကျင်းပနိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံ ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဒါ့အပြင်  ရွေးကောက်ပွဲကျင်းပနိုင်ဖို့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုး ရေး လိုအပ်တယ်လို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ဆိုလေ့ရှိပါတယ်။

“ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံလုံး ငြိမ်းချမ်းမှုရှိရန် လိုအပ်ပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မ တော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) မှ အရာရှိ၊ အရာခံတွေနဲ့ ၂၀၂၂ ခုနှစ် ဇွန် ၉ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲကျင်းပရေးနဲ့ တည်ငြိမ် အေးချမ်းရေးကို ချိတ်ဆက်ထားပေမဲ့ တည် ငြိမ်အေးချမ်းမှုမရှိပါက ရွေးကောက်ပွဲ ရွှေ့ ဆိုင်းဖို့ ရှိ မရှိ ယတိပြတ် ပြောကြားတာတော့ မရှိပါဘူး။

“ရွေးကောက်ပွဲ မကျင်းပနိုင်ပါက ၎င်းနယ်မြေမှာရှိတဲ့ ပြည်သူများရဲ့ အခွင့်အရေး များ ဆုံးရှုံးမှု ရှိနိုင်ပါတယ်” လို့သာ ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က၂၀၂၂ ခုနှစ် ဇွန် ၉ ရက်က ပြောကြားထားပါတယ်။

ဒီစကားက နိုင်ငံတည်ငြိမ်အေးချမ်းမှု မရှိရင်တောင် ရွေးကောက်ပွဲမဖြစ်ဖြစ်အောင် ကျင်းပမယ်ဆိုတဲ့ တစ်ထစ်ချ ပြောကြားမှုမျိုး လည်း မဟုတ်ပါဘူး။

အရေးပေါ်ကာလပြီးရင် ကြားကာလက အချိန် သိပ်မကျန်တော့တဲ့အတွက် ရွေး ကောက်ပွဲကို အကြားအလပ်မရှိဆောင်ရွက် နိုင်ဖို့က မဖြစ်နိုင်ဘူးလို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၀၊ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေ ကျင်းပခဲ့ပေမဲ့ လာမယ့် ၂၀၂၃ ခုနှစ် ရွေး ကောက်ပွဲကတော့ ရှေ့ကကျင်းပခဲ့တဲ့ ရွေး ကောက်ပွဲတွေနဲ့ မတူပါဘူး။

၂၀၁၀၊ ၂၀၁၅ နဲ့ ၂၀၂၀ ပြည့်နှစ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ လွှတ် တော်သက်တမ်းအလိုက် ပုံမှန် Circulation အရ ဆောင်ရွက်ရတဲ့  ရွေးကောက်ပွဲတွေလည်း ဖြစ်ပြီး ဒီရွေးကောက်ပွဲတွေအတွက် လုပ်ငန်း စဉ်တွေကို ဆောင်ရွက်ရာမှာ ရွေးကောက် ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေး ကောက်ပွဲ အလွန်ကာလ လုပ်ငန်းစဉ်တွေအ တိုင်း Timeline တွေ၊ Schedule တွေနဲ့ ဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့် လာမယ့်ရွေးကောက်ပွဲက တော့ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက် တွေနဲ့အညီ ဆောင်ရွက်ပြီး ကျင်းပရမယ့် ရွေးကောက်ပွဲလည်း ဖြစ်တဲ့အတွက် နေရာအ ကြားအလပ်မရှိ ကျင်းပနိုင်မလားဆိုတာကို တော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါ တယ်။


Eleven

0 comments:

Post a Comment