Sunday, January 8, 2023

ကျိုက်ထီးဆောင်းစေတီတော်မြတ်ကြီးဝင်းအတွင်း၌ သုဝဏ္ဏဘူမိ ဂဝံယဥ်ကျေးမှုပြတိုက်ဖွင့်လှစ်

မွန်းပြည်နယ်၊ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်စံပြကျေးရွာရှိ ကျိုက်ထီးဆောင်းဆံတော်ရှင်စေတီတော်မြတ်ကြီးဝင်းအတွင်း၌ သုဝဏ္ဏဘူမိ ဂဝံယဥ်ကျေးမှုပြတိုက်အား ဇန်နဝါရီ ၈ ရက်နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
ဂဝံယဥ်ကျေးမှုပြတိုက်အား ကျိုက်ထီးဆောင်းဒုတိယဒီပဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ​ဇောတိကဓဇ ကမ္ဘာ့ငြိမ်ချမ်း​ရေးဂုဏ်ထူးဆောင်ပါရဂူ ဒေါက်တာဘဒ္ဒန္တ နာဂဒီပနှင့်ကြွရောက်တော်မူလာကြသည့် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် ဂဝံယဥ်ကျေးမှုပြတိုက်အတွင်း သီတင်းသုံးပြသထားသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဆရာတော်များမှ ဗုဒ္ဓဘိသေကအနေကဇာတင်ခဲ့ကြသည်။
ထို့ပြင် နိုင်ငံတော်သံဃာ့မဟာနာယက မရမ်းချိုဆရာတော်ထံမှဧည့်ပရိသတ်များက ၉ ပါးသီလခံယူ၍ နိုင်ငံ​တော်ပရိယတ္တိသာသနာ့တက္ကသိုလ် ပါ​မောက္ခချုပ်ဆရာတော် ဘဒ္ဒန္တကုမာရက သုဝဏ္ဏဘူမိသမိုင်းကြောင်းအား မိန့်ကြား​တော်မူခဲ့သည်။
ထို့နောက် ကျိုက်ထီးဆောင်းဒုတိယဒီပဆရာ တော်ဒေါက်တာဘဒ္ဒန္တ နာဂဒီပက ကျိုက်ထီးဆောင်းဆံတော်ရှင်သုဝဏ္ဏဘူမိ ဂဝံယဉ်ကျေးမှုပြတိုက်တည်ဆောက်ရခြင်းအ​ကြောင်းအား မိန့်ကြား​တော်မူ​ခဲ့သည်။
ထို့အတူ နိုင်ငံ​တော်သံဃာ့မဟာနာယက လှည်းကူးဆရာတော်မှ သုဝဏ္ဏဘူမိ ဂဝံယဉ်ကျေးမှုပြတိုက်ဖွင့်လှစ်ခြင်း၏ အကျိုးကျေးဇူးနှင့်နိုင်ငံ​တော်ပရိယတ္တိသာသနာ့တက္ကသိုလ် ဒု-ပါ​မောက္ခချုပ်ဆရာတော်က သုဝဏ္ဏဘူမိ ဂဝံယဉ်ကျေးမှု ပြတိုက် ဖွင့်လှစ်နိုင်ခြင်းကို ဝမ်း​မြောက်ကြောင်း မိန့်ကြားတော်မူခဲ့ကြသည်။

Popular

0 comments:

Post a Comment