Sunday, January 8, 2023

မဟာအောင်မြေမြို့နယ်ရှိ Space Bar တွင်ရပ်ထားသည့်ကားအောက်မှ ဗုံးပေါက်ကွဲပြီးကားမီးလောင်ပျက်စီး

မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်၊မဟာမြိုင် (၂)ရပ်ကွက်ရှိ Space Bar တွင် ဇန်နဝါရီ ၈ ရက်ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနေ့ည ၇ နာရီခန့်က မဟာအောင်မြေမြို့နယ်၊မဟာမြိုင်(၂)ရပ်ကွက်၊ ၆၂ လမ်းနှင့် ၃၅(C) လမ်း ထောင့်ရှိ Space Bar တွင်ရပ်ထားသည့် ကိုယ်ပိုင် ကားတစ်စီးအောက်မှ ဗုံးပေါက်ကွဲပြီးနောက် မီး လောင်ခဲ့ကြောင်း သိရသည်။
" CCTV မှတ်တမ်းတွေကိုစစ်ဆေးကြည့်တဲ့အခါ ချမ်းအေးသာစံမြို့နယ်မှာနေတဲ့ အမျိုးသားတစ်ယောက်ပိုင်တဲ့ Nissan Note ကားအောက်ကနေ ဗုံးပေါက်ပြီး မီးလောင်သွားတာပါ စုံစမ်းစစ်ဆေးတာတွေလုပ်နေပါတယ်"ဟု လုံခြုံရေးအဖွဲ့နှင့်နီး စပ်သူတစ်ဦးကပြောသည်။
ဗုံးပေါက်ကွဲပြီးမီးလောင်မှုကြောင့် ကားအတွင်းခန်းနှင့်ကားလေကာမှန်များ မီးလောင်ပျက်ဆီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Popular

0 comments:

Post a Comment