Sunday, January 8, 2023

မန္တလေးမှာ အမှိုက်ပုံအနီး ရပ်ထားတဲ့ ကားထဲ အမျိုးသား အလောင်းတွေ့ရှိ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်၊ (၃၈)လမ်းပေါ်၊ (၈၇)လမ်းနှင့် (၈၉)လမ်းကြား၊ အမှိုက်ကန်ဘေး ရပ်ထားတဲ့ ကားတစ်စီးရဲ့ နောက်ခန်းထဲမှာ လိုက်ကာနဲ့အုပ်ထားတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသား အလောင်း တစ်ခုကို တွေ့ရှိခဲ့တယ်လို့ မဟာ - လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရပါတယ်။
ဇန်နဝါရီ ၈ ရက်န့ ညပိုင်းက အဆိုပါ အမှိုက်ကန်အနီးမှာ ရပ်ထားတဲ့ကားပေါ်ကနေ အသက် ၄၀ ဝန်းကျင်ခန့် အရွယ်ရှိ အမျိုးသား တစ်ဦးရဲ့ အလောင်း တွေ့ရှိတယ်ဆိုပြီး အသင်းကို ဖုန်းဆက် အကူညီတောင်းလို့ ကူညီခဲ့တယ်လို့ဆိုပါတယ်။
ကားမှာ Honda Fit ခဲရောင် 5D/8886(MDY) ကားအနောက်ခန်းတွင် လိုက်ကာဖြင့် အုပ်ထားသော လူသေအလောင်း (အမျိုးသား) တစ်ဦး တွေ့ရှိရပြီး သက်ဆိုင်ရာ ဌာနနှင့်အတူ လိုအပ်သည်များဆောင် ရွက်၍ ဆေးရုံကြီး ရင်ခွဲရုံဌာနသို့ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။





MyanmaPlatform

0 comments:

Post a Comment