Sunday, January 8, 2023

ထိုင်းဘုရင့်သမီးတော် သုံးပတ်ကြာတဲ့အထိ သတိမလည်သေးကြောင်း ထုတ်ပြန်

ထိုင်းဘုရင် မဟာဝီယာလောင်ကွန်ရဲ့ အကြီးဆုံးသမီးလည်းဖြစ် ထီးနန်းဆက်ခံနိုင်ဖို့လည်းရှိနိုင်တဲ့ မင်းသမီး ဘာဂျရာကီတီယာဘာဟာ ခုထိ သတိမလည်လာသေးဘူးလို့ နန်းတော်ရာက ဇန်နဝါရီ ၈ ရက်နေ့မှာ တိုင်းသိပြည်သိ အသိပေးထုတ်ပြန်ခဲ့ပါတယ်။
ဘာဂျရာကီတီယာဘာဟာ ဟာ လွန်ခဲ့တဲ့ သုံးပတ် ဒီဇင်ဘာ ၁၅ ရက်နေ့က ရုတ်တရက်နှလုံးဖောက်ပြီး လဲကျသွားရက ခုထိ သတိပြန် မလည်လာသေးတာ ဖြစ်ပါတယ်။
မင်းသမီးဟာ မိုက်ကိုပလက်ဆမာပိုးဝင်ခဲ့ပြီးနောက် ပြင်းထန်ဆိုးရွားတဲ့ နှလုံးခုန်မမှန်မှုကနေ သတိလစ်လဲကျသွားတာဖြစ်ပြီး ဆရာဝန်တွေက နှလုံး၊ အဆုပ်၊ ကျောက်ကပ်တွေ ကောင်းစွာအလုပ်လုပ်ဖို့ ပဋိဇီ၀ဆေးတွေ တိုက်ကြွေးပြီး အနီးကပ်စောင့်ရှောက်ပေးနေကြောင်း၊ ဒါပေမဲ့ ဒီနေ့အထိ သတိပြန်မလည်သေးဘူးလို့ ထိုင်းနန်းတော်သတင်းက ထုတ်ပြန်ခဲ့တယ်။
မင်းသမီးဟာ နန်ခွန်းရက်ချာစီမာခရိုင် အရှေ့မြောက်ပိုင်းမှာပြုလုပ်မယ့် ပြိုင်ပွဲတစ်ခုမှာ သူ့အချစ်တော်ခွေးလေး ဝင်ပြိုင်ဖို့ ပြင်ဆင်နေတုန်း အခုလို သတိမေ့လဲကျသွားတာဖြစ်ပြီး ရဟတ်ယာဉ်နဲ့ ဘန်ကောက်ဆေးရုံကို ချက်ချင်း ခေါ်ဆောင် ကုသပေးခဲ့တာဖြစ်ပါတယ်။
မင်းသမီး ဘာဂျရာကီတီယာဘာဟာ ဟာ ရှေ့နေ့ဘာသာရပ်အပြင် ကော်နဲတက္ကသိုလ်က ပါရဂူဘွဲယူခဲ့သူဖြစ်သလို ဩစတြီးယား၊ ဆလိုဗေးနီးယား၊ ဆလိုဗက်ကီးယားနိုင်ငံတွေမှာ ထိုင်းသံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပြီး ကုလသမဂ္ဂ ရာဇ၀တ်မှု တားဆီးရေးနှင့် ရာဇဝတ်မှုဆိုင်ရာ တရားမျှတရေး ကော်မရှင်ရဲ့ ထိုင်းသံအမတ်အဖြစ်လည်း တာဝန်ယူထားသူပါ။
သူမကို ၁၉၇၈ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့က ထိုင်းဘုရင်ရဲ့ မိဖုရားခေါင်ကြီး ဆိုအမ်ဆာဝါလီက မွေးဖွားခဲ့တာဖြစ်ပါတယ်။
ထိုင်းဘုရင်ဟာ သူ့ထီးနန်းဆက်ခံမယ့်မျိုးဆက်ကိုတော့ ဒီနေ့အထိ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

Ref: malaymail
MKF - 001

0 comments:

Post a Comment