Sunday, January 8, 2023

ရေးမှာ ရဲအုပ်တစ်ဦး ပစ်သတ်ခံရ

မနက်စာဝယ်နေတဲ့ သတင်းရဲတပ်ဖွဲ့တာဝန်ခံတစ်ဦး သေနတ်ပစ်ခံရလို့ ပွဲချင်းပြီးသေဆုံးတဲ့ဖြစ်စဥ် ဒီကနေ့ ဇန်နဝါရီ ၉ ရက် မနက်ပိုင်းက မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
ရဲအုပ် ညီညီဝင်း ဆိုသူ ခေါင်းကို သေနတ်နဲ့ပစ်ခံရတဲ့ အဆိုပါဖြစ်စဥ်ဟာ သူတို့လက်ချက်ဖြစ်ကြောင်း ရေပြောက်ကျားတပ်ဖွဲ့ - YGF က ထုတ်ပြန်ပါတယ်။
အဲဒီဖြစ်စဥ်မှာ မနက်စာ ဝယ်နေတဲ့ အခြား အမျိုးသမီးတစ်ဦးလည်း သေနတ်ထိမှန်ခဲ့ပြီး မော်လမြိုင်ဆေးရုံကိုတင်ထားတဲ့အကြောင်း ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
ရေးပြောက်ကျားတပ်ဖွဲ့ - YGF တာဝန်ရှိသူတစ်ဦးက ဒီကိစ္စအပေါ် များစွာစိတ်မကောင်းဖြစ်ရပြီး လိုအပ်တဲ့ ကိစ္စအားလုံးကို အပြည့်အဝ တာဝန်ယူဖြေရှင်းပေးမယ် လို့ ထုတ်ပြန်ထားပါတယ်။
ရေးမှာ စစ်တပ်သတင်းပေးဆိုတဲ့စွပ်စွဲချက်နဲ့ ပစ်သတ်ခံရသူ ၃ ဦးထက်မနည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

BBC

0 comments:

Post a Comment