Sunday, December 18, 2022

၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်းဆောင်ရွက်ပြီးပါက ရန်ကုန်မြို့နှင့်တကွ မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်းလျှပ်စစ်စွမ်းအားဝန်ကြီးဌာန ထုတ်ပြန်

တောင်ငူမြို့နယ် အနောက်ဘက် စပါးကြွယ် ကျေးရွာအနီးတွင် တည်ဆောက်လျက် ရှိသည့် ၅၀၀ ကေဗွီ ကံကောင်း (မိထ္တီလာ)-စပါးကြွယ် (တောင်ငူ) ဓာတ်အားလိုင်း ဆောင် ရွက်ပြီးပါက ရန်ကုန်မြို့နှင့်တကွ မြန်မာပြည် တောင်ပိုင်းဒေသများသို့ ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ ဒီဇင်ဘာ ၁၇ ရက် ထုတ်ပြန် ချက်အရ သိရသည်။

၂၀၂၀-၂၀၂၁ ကာလအတွင်း လူကုန်ကူးမှုဖြစ်ပွားနိုင်ခြေမှ ကာကွယ်တားဆီးနိုင်မှု ၈၁ မှုနှင့် ကျူးလွန်ခံရနိုင်ခြေရှိသူဦးရေ ၈၄၀ တို့ကို ကြိုတင်ကာကွယ်တားဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူပြောကြား

၂၀၂၀-၂၀၂၁ ကာလအတွင်း လူကုန်ကူးမှုဖြစ်ပွားနိုင်ခြေမှ ကာကွယ်တားဆီးနိုင်မှု ၈၁ မှုနှင့် ကျူးလွန်ခံရနိုင်ခြေရှိသူဦးရေ ၈၄၀ တို့ကို ကြိုတင်ကာကွယ်တားဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ ဌာနကြီးမှူး ရဲမှူးချုပ် အောင်ဌေးမြင့်ကပြောကြားသည်။

တရုတ်၏ အိမ်နီးချင်းနိုင်ငံများအပေါ် အမေရိကန်က ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် စစ်ပွဲဆင်နွှဲမှုများ

 ဘားမားအက် (Burma Act)

မြန်မာနိုင်ငံမှ ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသူများကို ကူညီထောက်ပံ့မည့် အချက်များ ပါဝင်သည့် အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) - ၂၀၂၃ ကို ဒီဇင်ဘာလ ၁၆ ရက်တွင် အမေရိကန်အထက်လွှတ်တော်က အတည်ပြုလိုက်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

မြန်မာ့အရေးတွင် အလုပ်မတွင်ခဲ့သည့် ကမ္ဘောဒီးယား

အလှည့်ကျဥက္ကဋ္ဌတာဝန်ကို တစ်နှစ်စီထမ်းဆောင်ရသည့် အာဆီယံ၏မူကြောင့် ကမ္ဘောဒီးယား နိုင်ငံမှာ ၂၀၂၂ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာသည်။

ခရီးသွားတွေကို မျှော်လင့်နေတဲ့ မြန်မာနိုင်ငံရဲ့ ဝင်ပေါက် (သို့မဟုတ်) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်

■ COVID-19ကန့်သတ်ချက်ဖြေလျှော့မှုများနှင့်  ပြည်တွင်းလေကြောင်း ခရီးသွားကဏ္ဍ

COVID-19 ရောဂါအခြေအနေများကြောင့် ရပ်နားထားခဲ့သည့် ပြည်တွင်းလေကြောင်းလိုင်းများ၏ ပုံမှန်ခရီးစဉ်ပျံသန်းမှုများကို ၂၀၂၁၊ ဒီဇင်ဘာ၁၆ရက်တွင် စတင်ကာ ပြန်လည်ပျံသန်းခွင့်ပြုခဲ့သည်။

ဟိုပုံးမြို့နယ်ထဲမှာ Type-81 လက်နက် ၄၀၀ ကျော်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိဟုဆို

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စုအနီးတွင် ဒီဇင်ဘာ ၁၇ ရက်နေ့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ၆ ဘီးယာဉ် တစ်စီးကို စစ်ဆေးစဉ် Type-81 လက်နက် ၄၀၀ ကျော်နှင့် ဆက်စပ် လက်နက်ခဲယမ်းပစ္စည်းများကို ဖမ်းမိခဲ့သည်ဟု နစက-က သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်-ဒလမြစ်ကူး သင်္ဘောပေါ်မှာ ဗုံးပေါက်ကွဲ

ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်-ဒလ မြစ်ကူး ချယ်ရီသင်္ဘောပေါ်၌ ဒီဇင်ဘာ ၁၈ ရက်ညနေပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ကြက်သွန်ဈေးအနည်းငယ် ပြန်ကျသော်လည်း ယခင်နှစ်ထက် ဈေးကောင်းသည့်အတွက်တောင် သူများအဆင်‌ပြေကာ အလှူအတန်းပေါမည်

မြန်မာပြည်အထက်ပိုင်းဒေသများမှ မိုးကြက်သွန်များ ဈေးကွက်အတွင်း လှိုင်လှိုင်ဝင်ရောက်နေသည့်အတွက် ယခုရက်ပိုင်းတွင် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ကြ က်သွန်ဈေးနှုန်းမှာ ပြန်လည် ကျဆင်းခဲ့သည့်အပြင် ဒေ သတွင်း ကြက်သွန်ဈေးကွက်တွင်လည်း အနည်းငယ်ပြန်ကျနေကြောင်း သိရသည်။

Friday, December 16, 2022

ပြည်သူများ ပျော်ပွဲရွှင်ပွဲ ဆင်နွှဲနေချိန်တွင် PDF များ ဗုံးခွဲသတ်ဖြတ်သည့် လုပ်ရပ်အပေါ် အများပြည်သူ မနှစ်မြို့ကြောင်း ဆန္ဒပြု


အမျိုးသမီးတပ်ဖွဲ့ဝင်ကို လိင်အနိုင်ကျင့်မှုဖြင့် ဂျပန်စစ်သား ၅ ဦး ရာထူးမှထုတ်ခံရ

စစ်သားဟောင်းတစ်ဦး ဖော်ထုတ်ခဲ့သော လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု တစ်ခုနှင့်ပတ်သက်၍ ဂျပန်အစိုးရက စစ်သား ၅ ဦးကို ရာထူးမှ ထုတ်ပယ်ကာ ၄ ဦးကို အပြစ်ပေးခဲ့သည်ဟု AP သတင်းတွင် ဖော်ပြထားသည်။

မြန်မာ့ထုတ်လုပ်ရေးကုမ္ပဏီများ၏ အနာဂတ်အလားအလာ မှောင်မိုက်နေဟု စီးပွားရေးပညာရှင်ပြော

နိုင်ငံရေးနောက်ခံအခြေအနေ တင်းမာလျက်ရှိနေချိန်မှာ မြန်မာ့ထုတ်လုပ်ရေးကုမ္ပဏီတွေရဲ့ အနာဂတ်အလားအလာက မှောင်မိုက်နေတယ်လို့ S&P Global က စီးပွားရေးပညာရှင် Maryam Baluch က သုံးသပ်ပြောကြားထားပါတယ်။

သင်္ဃန်းညီနောင်ဓါတ်အားခွဲရုံရှိ ပင်မထရန်စဖော်မာအကြီး(၃)လုံးပေါက်ကွဲပျက်စီးမှုဖြစ်ပေါ်လို့ မြဝတီတစ်မြို့လုံး လျှပ်စစ်ဓါတ်အားပြတ်တောက်နေ

ကရင်ပြည်နယ်၊သင်္ဃန်းညီနောင် ဓါတ်အားခွဲရုံရှိ ပင်မထရန်စဖော်မာအကြီး(၃)လုံးပေါက်ကွဲ ပျက်စီးမှုဖြစ်ပေါ်လို့ မြဝတီတစ်မြို့လုံးတွင် လျှပ်စစ်ဓါတ်အားများပြတ်တောက်နေတယ်လို့ အဆိုပါ မြို့နေဒေသခံပြည်သူများထံမှ သိရပါတယ်။ 

စက်မှုဇုန်၂၉ ဇုန်ကထုတ်ကုန်ပစ္စည်းများ ပြပွဲ MCCခန်းမမှာ၄ရက်ကြာပြသနေ

အသေးစားအလတ်စား MSMEလုပ်ငန်းတွေ ဖွံဖြိုးတိုးတက်ဖို့ ကိုရည်ရွယ်တဲ့ စက်မှုဇုန်၂၉ဇုန်က ထုတ်ကုန်ပစ္စည်းများပြပွဲကို ရန်ကုန်မြို့MCCခန်းမ မှာ ၄ရက်ကြာ ကျင်းပနေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကနေသိရပါတယ်။

၂၀၂၀ခုနှစ် ကတည်းက အကောင်ထည်ဖော်ဆောင်ရွက်နေတဲ့ ဆိပ်ကြီးခနာင်တိုတံတား ၁၉ ရာခိုင်နှုန်းသာပြီးသေး

၂၀၂ဝပြည့်နှစ်ကတည်းက အကောင်ထည်ဖော်ဆောင်ရွက်နေတဲ့ ဆိပ်ကြီးခနောင်တိုတံတား တည်ဆောက်မှု ၁၉ ရာခိုင်နှုန်းသာ ပြီးသေးတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရပါတယ်။

NLD အစိုးရလက်ထက်က ဗဟိုဘဏ်ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ဦးဘိုဘိုငယ် ထောင်ဒဏ် ၂၀နှစ် ချမှတ်ခံရ

NLD အစိုးရလက်ထက်က ဗဟိုဘဏ်ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့တဲ့ ဦးဘိုဘိုငယ်အား ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၂၀နှစ် ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းထံက သိရပါတယ်။

ရန်ကုန်-မန္တလေးအထူးရထားတွေကို ဒီဇင်ဘာ ၂၁ ရက်မှစတင် ပြေးဆွဲပေးမည်

ရန်ကုန်-မန္တလေးအထူးရထားတွေကို ဒီဇင်ဘာ ၂၁ ရက်မှစတင် ပြေးဆွဲပေးသွားမယ်လို့ မြန်မာ့မီးရထား တိုင်းအမှတ် ၇( ရန်ကုန်တိုင်းဒေသကြီး)မှ သိရပါတယ်။

ငလျင်ကြောင့်စစ်ကိုင်းတောင်နှင့်မင်းကွန်းဒေသစေတီပုထိုးအချို့အနည်းငယ်ပျက်စီးခဲ့

ဒီဇင်ဘာ၁၅ရက်မနက်အစောပိုင်းကလှုပ်ခဲ့သော ငလျင်ကြောင့် စစ်ကိုင်းမြို့နယ်၊မင်းကွန်းကျေးရွာ၊ မြသိန်းတန်စေတီတော်နှင့်ဝန်းကျင် အဆောက်အဦးအချို့ ထိခိုက်ပျက်ဆီးမှုများရှိခဲ့ကြောင်း သိရသည်။

ယခင်နှစ်ထက် ကုန်သွယ်မှုပမာဏ ပိုများသော်လည်း ဒေါ်လာသန်း ၅၀၀ ကျော် လိုငွေပြနေ

၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်၏ ကုန်သွယ်မှုပမာဏသည် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်ထက် ကုန်သွယ်မှုပမာဏ ပိုများ သော်လည်း ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၅၄၂.၄၄၆ သန်း လိုငွေပြနေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

Thursday, December 15, 2022

ဇန်နဝါရီ ၁ ရက်နေ့ကပြီးတော့ ရန်ကုန် ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနမှာ ပြသနေတဲ့ လူနာတွေ အွန်လိုင်းမှာ ဘွတ်ကင်တင်ပြီးမှသာ ပြသခွင့်ရမယ်

လာမည့် ဇန်နဝါရီ ၁ ရက်နေ့ကပြီးတော့ ရန်ကုန် ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနမှာ ပြသနေတဲ့ လူနာတွေ အွန်လိုင်းမှာ ဘွတ်ကင်တင်ပြီးမှသာ ပြသခွင့်ရမယ်လို့ ဆေးရုံကြီးက ထုတ်ပြန်ထားပါတယ်။

တရုတ်နဲ့ နယ်နမိတ်တင်းမာနေတဲ့ကြားက နျူကလီးယား သယ်ဆောင်နိုင်တဲ့ ဒုံးကျည်ကို အိန္ဒိယက စမ်းသပ်ပစ်လွှတ်

တရုတ်နဲ့ နယ်နမိတ်တင်းမာနေတဲ့ကြားက အိန္ဒိယဟာ ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ဖို့ ရည်ရွယ်ပြီး နျူကလီးယား သယ်ဆောင်နိုင်စွမ်းရှိတဲ့ တာဝေးပစ်ဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ အဲဒီဒုံးကျည်က အကွာအဝေး ကီလိုမီတာ ၅၄၀၀ (မိုင် ၃၃၀၀) အထိ သွားနိုင်ပါတယ်။