Friday, December 16, 2022

စက်မှုဇုန်၂၉ ဇုန်ကထုတ်ကုန်ပစ္စည်းများ ပြပွဲ MCCခန်းမမှာ၄ရက်ကြာပြသနေ

အသေးစားအလတ်စား MSMEလုပ်ငန်းတွေ ဖွံဖြိုးတိုးတက်ဖို့ ကိုရည်ရွယ်တဲ့ စက်မှုဇုန်၂၉ဇုန်က ထုတ်ကုန်ပစ္စည်းများပြပွဲကို ရန်ကုန်မြို့MCCခန်းမ မှာ ၄ရက်ကြာ ကျင်းပနေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကနေသိရပါတယ်။

အဆိုပါ ပြပွဲကို ဒီဇင်ဘာ၁၅ရက်ကနေ ၁၈ရက်အတွင်း ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၊ မင်ဓမ္မလမ်းက မြန်မာကွန်ဗင်းရှင်းစင်တာ MCCခန်းမမှာ ခင်းကျင်းပြသနေတာဖြစ်ပြီး စက်မှုဇုန်ထုတ်ပစ္စည်းတွေဖြစ်တဲ့ စိုက်ပျိုးထုတ်လုပ်ရေးထွက်ပစ္စည်းများ၊ မွေးမြူရေးထွက်ပစ္စည်းများနဲ့ လက်မှုပစ္စည်းများ ၊ပန်းပု လက်မှုအနုပညာပစ္စည်းများ စသဖြင့် ပြသနေတယ်လို့ဆိုပါတယ်။

ပြပွဲကို (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန် ၂၉ဇုန်တွေမှ ထုတ်ကုန်ပစ္စည်း တွေကို  ပြသတဲ့အပြင်စက်မှုဇုန်တွေရဲ့ အသေးစားအလတ်စားMSMEလုပ်ငန်းတွေရဲ့ အခက်ခဲများ ကူညီပံ့ပိုးပေးရန် အပါအဝင် လိုအပ်ချက်များကို တင်ပြကာ အခက်ခဲများကို ကူညီဖြေရှင်းပေးဖို့ ပြပွဲကိုရည်ရွယ် ပြုလုပ်တယ်လို့ ပြပွဲကျင်းပရေးတာဝန်ရှိသူတွေ ထံကသိရပါတယ်။

အသေးစား၊ အငယ်စားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီကလည်း ပြည်တွင်းက MSME လုပ်ငန်းရှင်တွေကို  သတ်မှတ်ချေးငွေတွေ ဘဏ်တွေကတစ်ဆင့် ထုတ်ချေးကာကူညီပံ့ပိုးပေးသွားမယ်လို့အသိပေးထားပါတယ်။


MyanmaPlatform

0 comments:

Post a Comment