Thursday, December 15, 2022

တရုတ်နဲ့ နယ်နမိတ်တင်းမာနေတဲ့ကြားက နျူကလီးယား သယ်ဆောင်နိုင်တဲ့ ဒုံးကျည်ကို အိန္ဒိယက စမ်းသပ်ပစ်လွှတ်

တရုတ်နဲ့ နယ်နမိတ်တင်းမာနေတဲ့ကြားက အိန္ဒိယဟာ ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ဖို့ ရည်ရွယ်ပြီး နျူကလီးယား သယ်ဆောင်နိုင်စွမ်းရှိတဲ့ တာဝေးပစ်ဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ အဲဒီဒုံးကျည်က အကွာအဝေး ကီလိုမီတာ ၅၄၀၀ (မိုင် ၃၃၀၀) အထိ သွားနိုင်ပါတယ်။
Agni-V တိုက်ချင်းပစ်ဒုံးကျည်ဖြစ်ပြီး ကြာသပတေးနေ့က ဩဒိဿပြည်နယ်အရှေ့ပိုင်း၊ အဗ္ဗဒူကလမ်ကျွန်းကနေ ပစ်လွှတ်ခဲ့တယ်လို့ ပါလီမန်ရေးရာဝန်ကြီး ပရာဟတ် ဂျိုရှီက ပြောပါတယ်။
"ဒုံးကျည်က ကာကွယ်ရေးအတွက် တန်ဖိုးကြီးမားပြီး အမျိုးသားလုံခြုံရေးကို အတိုင်းအတာ တစ်ခုအထိ အားကောင်းစေမယ်"လို့ ဝန်ကြီး ပရာဟတ်က ပြောပါတယ်။
စမ်းသပ်ပစ်လွှတ်မှု မတိုင်ခင် အိန္ဒိယအာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန်ခဲ့ပြီး ဘင်္ဂလားပင်လယ်အော် ကို မပျံသန်းရဇုန်အဖြစ် ကြေညာခဲ့ပါတယ်။
ဒီဇင်ဘာ ၉ ရက်နေ့က အာရန်နာချယ် ပရာဒက်ရှ်ပြည်နယ်က တရုတ်နဲ့ အိန္ဒိယတို့ရဲ့ နယ်နမိတ်တစ်လျှောက် သူတို့ရဲ့ စစ်သားတွေ ရန်ပွဲဖြစ်ခဲ့ပြီးနောက် အိန္ဒိယနဲ့ တရုတ်ကြား တင်းမာမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
အိန္ဒိယစစ်သားတွေ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်းနဲ့ နှစ်ဖက်စလုံးက တပ်ဖွဲ့တွေဟာ အဲဒီနေရာကနေ ဆုတ်ခွာသွားခဲ့ကြတယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာချ်နက်သ် ဆင်းချ်က ပြောပါတယ်။

0 comments:

Post a Comment