Sunday, December 18, 2022

တရုတ်၏ အိမ်နီးချင်းနိုင်ငံများအပေါ် အမေရိကန်က ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် စစ်ပွဲဆင်နွှဲမှုများ

 ဘားမားအက် (Burma Act)

မြန်မာနိုင်ငံမှ ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသူများကို ကူညီထောက်ပံ့မည့် အချက်များ ပါဝင်သည့် အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) - ၂၀၂၃ ကို ဒီဇင်ဘာလ ၁၆ ရက်တွင် အမေရိကန်အထက်လွှတ်တော်က အတည်ပြုလိုက်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

မြန်မာ့အရေးကူညီရန် ဘားမားအက် ဥပဒေ (Burma Act) ၂၀၂၂ ပါဝင်သည့် NDAA ကို ဒီဇင်ဘာလ ၈ ရက်တွင် အောက်လွှတ်တော်က အတည်ပြုပြီးနောက် အထက်လွှတ်တော်ကိုတင်ပြရာ ဒီဇင်ဘာလ ၁၆ ရက်တွင် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးရန်သာ ကျန်တော့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဧပြီလ ၆ ရက်က ပြုလုပ်သော အမေရိကန် အောက်လွှတ်တော်အစည်းအဝေးတွင် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ နယူးယောက်ပြည်နယ် လွှတ်တော်အမတ် ဂရီဂိုရီမိခ် တင်သွင်းသည့် Burma Act ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်၌ အဓိကပါတီနှစ်ခုလုံးမှ အမတ်များ၏ ထောက်ခံမှုဖြင့် အတည်ပြုကြောင်း ကြေညာခဲ့သည်။

Burma Act ဥပဒေကြမ်းတွင် အမေရိကန်အစိုးရ အသုံးစရိတ်ထဲမှ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုများအတွက် တစ်နှစ်လျှင် ဒေါ်လာ သန်း ၅၀ နှင့် ငါးနှစ်စာ ချထားပေးရန်လည်း‌ကောင်း၊ ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ သန်း၂၂၀ ပေးသွားရန်လည်းကောင်း ပါဝင်သည်ဟု ဆိုသည်။

ယင်းဥပဒေထဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ (EAOs) များအပါအဝင် ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသော အဖွဲ့အစည်းများကို နည်းပညာနှင့် လူကို သေစေနိုင်ခြင်း မရှိသော အရာများကို ထောက်ပံ့ကူညီပေးသွားရန် ရေးသားထားသည်ဟု ဆိုသည်။

အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) -၂၀၂၃ အတည် ဖြစ်လာပါက မြန်မာနိုင်ငံအတွက် ၂၀၂၃ ခုနှစ်မှနေ၍ ၂၀၂၇ ခုနှစ်အထိ အကူအညီများ ရရှိသွားမည်ဖြစ်သည်။

အမေရိကန်က ယခုကဲ့သို့ သော အကူအညီမျိုးကို ၂၀၁၃ ခုနှစ်က ဆီးရီးယားနိုင်ငံက သမ္မတအာဆတ်အား ဖြုတ်ချရေး တိုက်ပွဲဝင်သူများကိုလည်း ပေးခဲ့ဖူးသည်။

အဆိုပါ Burma Act ဥပဒေကို အတည်ပြုပြဌာန်းလိုက်ပါက အမေရိကန်အနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲများ၌ ပါဝင်ပတ်သက်လိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအပေါ် ပရောက်စီစစ်ပွဲ ဆင်နွှဲလိုက်ကြောင်း သိသာထင်ရှားသွားပေလိမ့်မည်။ “လူကို သေစေနိုင်ခြင်းမရှိသော အရာများကို ထောက်ပံ့ကူညီပေးသွားရန်”ဟု ဆိုသည့်တိုင် လက်နက်ကိုင်အဖွဲ့အစည်းများအား ကူညီထောက်ပံ့ခြင်းသည် စစ်ပွဲများ၌ ပါဝင်ပတ်သက်ခြင်းပင်ဖြစ်သည်။

အမေရိကန်သည် သူ၏ အဓိကပြိုင်ဘက်ဟု သတ်မှတ်ထားသည့် တရုတ်နိုင်ငံကို ထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံအပါအဝင် တရုတ်၏ အိမ်နီးချင်းနိုင်ငံများအပေါ် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် စစ်ပွဲဆင်နွှဲလာခဲ့သည်မှာ ကာလရှည်ကြာခဲ့ပြီဖြစ်သည်။ ယင်းကဲ့သို့ အမေရိကန်၏ စစ်ပွဲဆင်နွှဲမှုများ၌ အကြမ်းအားဖြင့် ပုံသဏ္ဌာန်သုံးမျိုးကို တွေ့ရှိရမည်ဖြစ်သည်။ ၎င်းင်းတို့မှာ (၁) သမားရိုးကျ စစ်ပွဲ - Classic War (၂) စီအိုင်အေ၏ လျှို့ဝှက် စစ်ပွဲ - Secret War နှင့် (၃) ပရောက်စီစစ်ပွဲ - Proxy War တို့ ဖြစ်ကြသည်။

 ပရောက်စီစစ်ပွဲ (Proxy War)

ပရောက်စီစစ်ပွဲ (Proxy War) ဟူသည် အဓိကအင်အားကြီးတစ်ရပ်က ၎င်းကိုယ်တိုင် တိုက်ရိုက် မပါဝင်ဘဲ သွေးထိုးလှုံ့ဆော်သော စစ်ပွဲဖြစ်သည်။ အလွယ်ပြောပါက “အငှားဗိုက်ကို ဓားထိုးခံခိုင်းခြင်း”ပင်။ နိုင်ငံနှစ်ခု သို့မဟုတ် နိုင်ငံမဟုတ်သော အင်အားစုများအကြားမှ လက်နက်ကိုင်ပဋိပက္ခဖြစ်ပြီး ယင်းဘက်တစ်ခု သို့မဟုတ် နှစ်ဖက်စလုံးအား ရန်လိုမှုများတွင် တိုက်ရိုက် မပတ်သက်သည့် “အခြားအင်အားစုတစ်ရပ်က လှုံ့ဆော်ခြင်းကြောင့်” သို့တည်းမဟုတ် “အဆိုပါအခြား အင်အားစုတစ်ရပ်၏ ကိုယ်စားအဖြစ်”စစ်ပြုကြခြင်းဖြစ်သည်။ ပဋိပက္ခတစ်ခုအား ပရောက်စီစစ်ပွဲဟု ယူဆရန်အတွက် ပြင်ပမှ ပါဝင်သူများနှင့် အဆိုပါစစ်တိုက်နေသော အုပ်စုများအကြား တိုက်ရိုက်၊ ရေရှည်ဆက်ဆံရေး ရှိရမည်ဖြစ်သည်။ အထက်ဖော်ပြပါ ဆက်ဆံရေးဟူသည် များသောအားဖြင့် ရန်ပုံငွေ၊ စစ်ရေးလေ့ကျင့်မှု၊ လက်နက်များ ထောက်ပံ့ပေးခြင်း သို့မဟုတ် အခြားသော ထောက်ပံ့ကူညီမှုပုံစံများဖြင့် ၎င်း၏စစ်ပွဲကို တည်တံ့ရှည်ကြာစေရန် စစ်တိုက်နေသော အုပ်စုများကို ကူညီပေးသည့် ပုံစံဖြစ်သည်။

“ပရောက်စီစစ်ပွဲ”ဟူသော အသုံးအနှုန်းကို နိုင်ငံတကာ ဆက်ဆံရေးနှင့်ပတ်သက်သော ပညာရပ်ဆိုင်ရာ သုတေသနပြုမှုများတွင် မကြာခဏ အသုံးပြုသည်ကို တွေ့ရသည်။


ထိုပရောက်စီစစ်ပွဲအမျိုးအစားတွင် ပြည်တွင်းစစ်တွင် ပါဝင်နေသည့် အဖွဲ့ခွဲများ၊ အကြမ်းဖက်သမားများ၊ အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုများနှင့် သူပုန်အဖွဲ့များ၊ သို့မဟုတ် ပြည်ပကျူးကျော်မှုကို ဆန့်ကျင်သည့် အမျိုးသားပုန်ကန်မှုများ အစရှိသည်တို့ကို ကူညီပံ့ပိုးမှုများ ပါဝင်သည်။ ဥပမာအားဖြင့် ဗြိတိသျှအစိုးရသည် ပထမကမ္ဘာစစ်အတွင်း အော်တိုမန် အင်ပါယာကို ဖြိုခွဲရန် အာရပ်တော်လှန်ရေးကို တစ်စိတ်တစ်ပိုင်း စည်းရုံးကာ သွေးထိုးလှုံ့ဆော်ခဲ့သည်။ ပရောက်စီစစ်ပွဲအများအပြားသည် စပိန်ပြည်တွင်းစစ်အပြီးတွင် ကွဲပြားခြားနားသောအိုင်ဒီယိုလော် ဂျီဆိုင်ရာ ဒိုင်မေးရှင်းများအဖြစ် စတင်လာခဲ့ကြခြင်းဖြစ်သည်။ စပိန်ပြည်တွင်းစစ်သည်ပင်လျှင် ဖော်ပြပါနိုင်ငံများအနေဖြင့် စစ်ပွဲတွင် ပေါ်ပေါ်ထင်ထင် ပါဝင်ခြင်းမပြုဘဲ အီတလီနှင့် နာဇီဂျာမနီတို့၏ ဖက်ဆစ်နိုင်ငံရေးဝါဒနှင့် ဆိုဗီယက်ယူနီယံ၏ ကွန်မြူနစ်ဝါဒတို့ ဆန့်ကျင်အားပြိုင်မှုကြောင့် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ နှစ်ဖက်စလုံး၏ ပံ့ပိုးကူညီသူများသည် စပိန်ပြည် တွင်းစစ်ကို ၎င်းတို့၏လက်နက်များနှင့် စစ်မြေပြင်နည်းဗျူဟာများ စမ်းသပ်ရန်နေရာအဖြစ်လည်း အသုံးပြုခဲ့ကြသည်။

အမေရိကန်နှင့် ဆိုဗီယက် ယူနီယံတို့အကြား သမားရိုးကျ စစ်ပွဲက နျူကလီယားကပ်ဘေးကြီး ဖြစ်ပေါ်စေမည်ကို စိုးရိမ်သောကြောင့် စစ်အေးကာလအတွင်း ပရောက်စီစစ်ပွဲကို လှုံ့ဆော်ပေးခဲ့ခြင်းဖြစ်သည်။ ရန်လိုမှုများကို ကျင့်သုံးခြင်း၌ ပိုမိုဘေးကင်းသော နည်းလမ်း တစ်ခုအဖြစ် အိုင်ဒီယိုလော်ဂျီဆိုင်ရာ ပရောက်စီများကို အသုံးပြုခြင်း ဖြစ်သည်။ အမေရိကန်နှင့် အခြား အနောက်နိုင်ငံများကို ဆန့်ကျင်သည့် အုပ်စုများအား ထောက်ခံ အားပေးခြင်းသည် နေတိုး၏ သြဇာလွှမ်းမိုးမှုကို တိုက်ဖျက်ရန် စရိတ်သက်သာသော နည်းလမ်းဖြစ်ကြောင်း ဆိုဗီယက်အစိုးရက တွေ့ရှိခဲ့သည်။ ထို့ပြင် ရုပ်မြင်သံကြား မီဒီယာများ ထွန်းကားလာမှုနှင့် ယင်းတို့၏ လူထုခံယူချက်အပေါ်  သြဇာသက်ရောက်မှုများကြောင့် အမေရိကန်လူထုသည် စစ်ကို ငြီးငွေ့လာပြီး ပြည်ပတွင် အသက်အန္တရာယ်နှင့် စွန့်စားရခြင်းကို လက်မခံလိုကြတော့ပေ။ ယင်းက ဆိုဗီယက်-အာဖဂန်စစ်ပွဲအတွင်း မူဂျာဟစ်ဒင်များထံ ထောက်ပံ့ရေး ပစ္စည်းများ ဖြန့်ဝေပေးခြင်းကဲ့သို့သော သူပုန်တပ်ဖွဲ့များကို လက်နက်တပ်ဆင်ပေးသည့် အမေရိကန်၏ ကျင့်သုံးမှုကို အားပေးခဲ့သည်။ အခြားပရောက်စီစစ်ပွဲ၏ ဥပမာများမှာ ကိုရီးယားစစ်ပွဲနှင့် ဗီယက်နမ်စစ်ပွဲတို့ဖြစ်ကြသည်။ ယခုဖြစ်ပွားနေဆဲ ယူကရိန်းစစ်ပွဲသည်လည်း ပရောက်စီစစ်ပွဲ၏ ထင်ရှားသော ဥပမာပင် ဖြစ်သည်။

အမေရိကန်သည် ရှေးယခင် ကပင် တရုတ်နိုင်ငံ၏ အဓိကကျသော အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံအပေါ် ပရောက်စီစစ်ပွဲ ဆင်နွှဲလာခဲ့သော သမိုင်းက ရှိနေသည်။ အထင်ရှားဆုံး သာဓကမှာ ကူမင်တန်များ မြန်မာနိုင်ငံအား ကျူးကျော်မှုဖြစ်သည်။

 

 ကူမင်တန်များ မြန်မာနိုင်ငံအား ကျူးကျော်မှု

အမေရိကန်က ကူမင်တန်တို့အား ထောက်ပံ့ပေးထားမှုကြောင့် ကူမင်တန်ကျူးကျော်မှုသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာအတွက် ပြဿနာကြီးဖြစ်ခဲ့ရသည် သာမက ပြည်တွင်းရေး မတည်ငြိမ်မှုများကိုလည်း ဖြစ်ပေါ်‌စေခဲ့သည်။ (ကူမင်တန်တို့ကို “တရုတ်ဖြူ” ဟူ၍ လည်း ခေါ်ဆိုခဲ့ကြသည်။) တရုတ် ပြည်သူ့သမ္မတနိုင်ငံ၌ ကူမင်တန် အစိုးရ (Kuomintang၊ KMT) နှင့် ကွန်မြူနစ်သူပုန်တို့သည် ၁၉၂၇ ခုနှစ်မှစ၍ ပြည်တွင်းစစ်ကို စတင်တိုက်ခိုက်ခဲ့ကြသည်​။ ၁၉၄၉ ခုနှစ်တွင် ကူမင်တန်တို့ ပြည်တွင်းစစ် ရှုံးခဲ့သဖြင့် ထိုင်ဝမ်သို့ တိမ်းရှောင်ခဲ့ရသည်။ ၁၉၅၀ ပြည့်နှစ်တွင် ယူနန်နယ်ရှိ ကူမင်တန်တပ်များသည် ကွန်မြူနစ်တို့၏ တိုက်ထုတ်မှုကြောင့် မြန်မာ့နယ်စပ်အထိ ရောက်ရှိလာခဲ့ကြသည်။

ကူမင်တန်တပ်များသည် ၁၉၅၀ ပြည့်နှစ်တွင် ကျိုင်းတုံနယ် တာချီလိတ်မြို့၌ အင်အားဖြည့်ရန် အခြေချနေထိုင်ခဲ့ကြသည်။ မတ်လတွင် အင်အား ၁,၅၀၀ ရှိခဲ့ရာ ၁၉၅၂ ခုနှစ် ဧပြီတွင် အင်အား ၄,၀၀၀ ရှိ လာခဲ့သည်။ ၁၉၅၂ ခုနှစ်အကုန်တွင် အင်အား ၆,၀၀၀ ရှိခဲ့ပြီး နောက်တစ်နှစ်၌ အင်အားနှစ်ဆ ဖြစ်လာခဲ့သည်။

ကူမင်တန်တို့ အင်အား တောင့်တင်းနေရခြင်းမှာ အမေရိကန်၊ ထိုင်းနှင့် ထိုင်ဝမ်တို့က စစ်လက်နက် ထောက်ပံ့နေခဲ့သော ကြောင့်ဖြစ်သည်။ အမေရိကန်၏ စီအိုင်အေအဖွဲ့သည် ထိုင်းနိုင်ငံမှ တစ်ဆင့် စစ်လက်နက်များကို လျှို့ဝှက်စွာ ပို့ဆောင်ခဲ့ကြသည်။ အမေရိကန်သမ္မတ ဟယ်ရီထရူးမင်းနှင့် ထိုင်းဝန်ကြီးချုပ် ပီဘူဆွန်ကရမ်တို့၏ သဘောတူညီမှုဖြင့် စီအိုင်အေသည် မိုင်းဆတ်မြို့သို့ လေကြောင်း ပို့ဆောင်မှုများ ပြုလုပ်ပေးခဲ့သည်။ ၁၉၅၁ ခုနှစ်အစောပိုင်းတွင် စီ-၄၆ နှင့် စီ-၄၇ လေယာဉ်ပျံများသည် တစ်ပတ်လျှင်ငါးကြိမ် ပစ္စည်းများ ချပေးခဲ့သည်။ ၁၉၅၁ ခုနှစ်နှောင်းပိုင်းတွင် ကူမင်တန်တို့ သည် ဒုတိယကမ္ဘာစစ်ကာလ လေယာဉ်ကွင်းဟောင်းကို ပြန်လည် ပြင်ဆင်ခဲ့ကြရာ ထိုင်ဝမ်မှတစ်ဆင့် အမေရိကန်လက်နက်များကို ရယူနိုင်ခဲ့သည်။

၁၉၅၀ ပြည့်နှစ်တွင် မြန်မာအစိုးရသည် ကူမင်တန်တို့အား လက်နက်ချရန် သို့မဟုတ် မြန်မာ့ နယ်မြေမှ ထွက်ခွာရန် ရာဇသံပေးခဲ့သည်။ ကူမင်တန်တို့သည် မည်သည့်အချက်ကိုမျှ လက်မခံနိုင်ကြောင်းနှင့် မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်ခဲ့လျှင်လည်း ပြန်လည် တိုက်ခိုက်မည်ဖြစ်ကြောင်းတို့ကို ပြန်လည်ဖြေကြားခဲ့သည်။ သို့ဖြစ်ရာ မြန်မာ့တပ်မတော်က ထိုးစစ်ဆင်ခဲ့ရာ ကျိုင်းတုံနှင့် တာချီလိတ်မြို့များကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ထို့ကြောင့် ကူမင်တန်တို့သည် ၁၉၅၀ ပြည့်နှစ် ဇူလိုင်လတွင် မိုင်းဆတ်မြို့သို့ ပြောင်းရွှေ့ခဲ့ရသည်။ မိုင်းဆတ်မြို့သည် ထိုင်းနယ်စပ်နှင့် မိုင် ၈၀ သာ ကွာဝေးသောကြောင့် ထိုင်းနိုင်ငံမှတစ်ဆင့် လက်နက်အထောက်အပံ့များ ရယူနိုင်သည်။

မြန်မာနိုင်ငံသို့ ကူမင်တန်များ ဝင်ရောက်လာခြင်းကြောင့် မြန်မာနိုင်ငံ၏လုံခြုံရေးအတွက် ပြဿနာ ဖြစ်ပေါ်စေခဲ့သည်။ ကူမင်တန်တို့ တည်ရှိမှုကြောင့် မြန်မာ့ပြည်တွင်း ပဋိပက္ခများ၏ အရှိန်အဟုန်များမှာ ပြန်လည်မြင့်တက်လာခဲ့သည်။ ၁၉၅၁ ခုနှစ်နှောင်းပိုင်းတွင် ကူမင်တန်တို့သည် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (ကေအင်ဒီအို) တို့နှင့် မဟာမိတ်ပြုခဲ့ကြသည်။ ကူမင်တန်နှင့် ကေအင်ဒီအိုတို့သည် မြန်မာနိုင်ငံ၏ ဘက်မလိုက်ခြင်းကို မနှစ်သက်ကြဘဲ အနောက်တိုင်းမှ အကူအညီများကို လိုလားခဲ့ကြသည်။ ကူမင်တန်တို့တွင် ခေတ်မီလက်နက်များရှိ၍ ကေအင်ဒီအိုသည် ပြည်တွင်းပထဝီဝင်၌ ကျွမ်းကျင်ခဲ့ရာ နှစ်ဦးနှစ်ဖက် အဆင်ပြေခဲ့ကြသည်။ ထို့ပြင် ကေအင်ဒီအိုမှတစ်ဆင့် အမေရိကန်လက်နက်များကို ကွန်မြူနစ်သူပုန်များက ရရှိ ခဲကြရာ ပြည်တွင်း မငြိမ်သက်မှုများ ပိုမိုဖြစ်ပေါ်စေခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၅၃ ခုနှစ်တွင် ကုလသမဂ္ဂထံ ကူမင်တန် ကျူးကျော်မှုပြဿနာကို အထောက်အထားများဖြင့် တင်ပြခဲ့သည်။ သို့ဖြစ်ရာ ကုလသမဂ္ဂသည် မြန်မာ၊ ထိုင်း၊ အမေရိကန်နှင့် ထိုင်ဝမ်နိုင်ငံ တို့ပါဝင်သည့် စစ်ရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ရာ မေလ ၂၂ ရက်တွင် ဘန်ကောက်မြို့၌ ကူမင်တန်တို့ တပ်ဆုတ်မည့်အရေးကို ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။ သုံးလကြာမျှ ဆွေးနွေးမှုများအပြီးတွင် ကူမင်တန် တို့သည် မြန်မာနိုင်ငံမှ တပ်ဆုတ် ပေးရန် သဘောတူခဲ့ကြသည်။ ၁၉၅၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်မှ ဒီဇင်ဘာလအထိ ပထမအကြိမ်၊ ၁၉၅၄ ဖေဖော်ဝါရီ ၁၄ မှ ၂၈ ရက် အထိ ဒုတိယအကြိမ်၊ မေလ ၁ ရက် မှ ၇ ရက်အထိ တတိယအကြိမ်ဟူ၍ သုံးကြိမ်‌တိုင်တိုင် တပ်ဆုတ်ပေးခဲ့သည်။ ကူမင်တန်တို့သည် ထိုင်းနိုင်ငံ ချန်ရိုင်မြို့မှ ထိုင်ဝမ်သို့ပြန်သွားခဲ့ကြသည်။ ကူမင်တန်တပ် သားတို့သည် မြန်မာနိုင်ငံ၌ ဆက်လက်နေထိုင်လိုကြသဖြင့် အချို့ သောဒေသများတွင် တရုတ်ဖြူတို့သည် ရှမ်း သို့မဟုတ် လားဟူ တိုင်းရင်းသားများနှင့် ဆင်တူကြောင်းနှင့် ကိုင်ဆောင်ခဲ့ကြသော လက်နက်များမှာ အဟောင်းအနွမ်းများသာဖြစ်ကြောင်း ဆန္ဒပြခဲ့ကြသည်။ ၁၉၅၄ ခုနှစ် မေ ၃၀ ရက်တွင် ဗိုလ်ချုပ်လီမီသည် မိမိတို့၏ တပ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ သို့သော် မြန်မာ့နယ်အတွင်း၌ ကူမင်တန် ၆,၀၀၀ မျှ ကျန်ရှိနေခဲ့သောကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။

၁၉၆၀ ပြည့်နှစ်တွင် မြန်မာတပ်မတော်သည် တရုတ်ကွန်မြူနစ်တို့နှင့် ပူပေါင်းပြီး ကျန်ရှိနေသော ကူမင်တန်တို့ကို တိုက်ထုတ်ခဲ့သည်။ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် တွင် ကူမင်တန်တို့အား အမေရိကန်က လက်နက်များထောက်ပံ့နေသည့် လေယာဉ်ပျံတစ်စင်းကို ဖမ်းဆီးမိခဲ့သည်။ ထိုဖြစ်ရပ်သည် မြန်မာအစိုးရအနေဖြင့် အမေရိကန်တို့က ကူမင်တန်တို့ကို ထောက်ပံ့‌သည်ဟူ၍ အမေရိကန်တို့ကို ဖိအားပေးနိုင်ခဲ့သော သက်သေအထောက် အထားဖြစ်ခဲ့သည်။

 တရုတ်၏ အိမ်နီးချင်းနိုင်ငံများ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နယ်နိမိတ်အရ အိမ်နီးချင်းနိုင်ငံပေါင်း ၁၄ နိုင်ငံ ရှိသည်။ ယင်းနိုင်ငံများမှာ အင်္ဂလိပ်အက္ခရာစဉ်အရ အာဖဂန်နစ္စတန်၊ ဘူတန်၊ အိန္ဒိယ၊ ကာဇက်စတန်၊ မြောက်ကိုရီးယား၊ ကာဂျစ္စတန်၊ လာအို၊ မွန်ဂိုလီးယား၊ မြန်မာ၊ နီပေါ၊ ပါကစ္စတန်၊ ရုရှား၊ တာဂျစ်ကစ္စတန်နှင့် ဗီယက်နမ်တို့ ဖြစ်ကြသည်။ ထို့ပြင် ရေကြောင်းဆိုင်ရာနယ်နိမိတ်အရ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်တို့နှင့် ဆက်စပ်လျက်ရှိသည်။ (တရုတ် တစ်နိုင်ငံတည်းမူဝါဒအရ ထိုင်ဝမ်ကို နိုင်ငံအဖြစ် အသိအမှတ်မပြုကြသော်လည်း ထိုင်ဝမ်သည်လည်း တရုတ်ပြည်မ၏ အိမ်နီးချင်းပင် ဖြစ်သည်။)

အာဖဂန်နစ္စတန်နှင့် တရုတ်ဆက်ဆံရေးသည် ဟန်မင်းဆက်လက်ထက် ပိုးလမ်းမကြီးမှအစပြု၍ ချစ်ကြည်ရင်းနှီးမှုရှိခဲ့ပြီး လက်ရှိကာလ၌ နှစ်နိုင်ငံသံရုံးများ ပေကျင်းနှင့် ကဘူးတွင် အခြေစိုက်ဖွင့်လှစ်ထားသည်။ ၁၇၀၉ ခုနှစ်မှစတင်ခဲ့သော ခေတ်သစ်အာဖဂန်နစ္စတန်ကာလအတွင်း ဆက်ဆံရေးပိုမိုတိုးတက်ခဲ့ပြီး ၂၀ ရာစုအတွင်း စစ်အေးကာလ၌ တရုတ်က အာဖဂန်နစ္စတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေါ်လာသန်း ချီကာ ထုတ်ချေးပေးခဲ့သည်။

ဘူတန်နိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ၂၀၀ နီးပါး ရှိသော်ငြား နိုင်ငံ ၅၄ နိုင်ငံနှင့်သာ သံအဆက်အသွယ်ရှိသော “ပြည်ပဆက်သွယ်မှု အကန့်အသတ်ရှိသည့်” နိုင်ငံ ဖြစ်သည်။ မြောက်ဘက်ရှိ အိမ်နီးချင်း တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး မထားရှိဘဲ ၁၉၅၀ ပြည့်နှစ်၌ တရုတ်တို့ တိဘက်ကို သိမ်းပိုက်စဉ်ကပင် နှစ်နိုင်ငံနယ်စပ်ကို ပိတ်ထားခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် နှစ်နိုင်ငံ သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ငံ၍ နယ်စပ်တင်းမာမှုများ လျှော့ချနိုင်ခဲ့သည်။ နိုင်ငံအဆင့် သံတမန်အဆက်အသွယ် မပြုသော်လည်း ဘူတန်သည် ဂုဏ်ထူးဆောင် ကောင်စစ်ဝင်ရုံးများကို ၂၀၀၀ ပြည့်နှစ်၌ မကာအိုတွင်လည်းကောင်း၊ ၂၀၀၄ ခုနှစ်၌ ဟောင်ကောင်တွင်လည်းကောင်း ဖွင့်လှစ်ခဲ့သည်။

အိန္ဒိယနှင့် တရုတ်တို့၏ ယဉ်ကျေးမှုဆိုင်ရာ ကူးလူးဆက်ဆံမှုမှာ ရှေးယခင်ကပင် ရှိခဲ့ကြပြီး ပိုးလမ်းမကြီးသည် နှစ်နိုင်ငံ ကုန်သွယ်ရေးသာမက အိန္ဒိယမှ ဗုဒ္ဓသာသနာ အာရှတိုက်အရှေ့ပိုင်းသို့ ပျံ့နှံ့စေ ရာတွင် အထောက်အကူဖြစ်စေခဲ့သည်။ ခေတ်သစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါ်ထွက်လာချိန်၌ အိန္ဒိယသည် ပြည်မကြီးရှိ ကွန်မြူ နစ်အစိုးရကိုရော၊ တိုင်ဝမ်ရှိ တရုတ် အစိုးရကိုပါ “တရုတ်နှစ်နိုင်ငံ” အဖြစ် အသိအမှတ်ပြုခဲ့သည်။ အိန္ဒိယနှင့်တရုတ်သည် အာရှတိုက်ရှိ လူဦးရေအများဆုံး၊ စီးပွားရေး တိုးတက်မှုနှုန်းထား အမြင့်မားဆုံး အင်အားကြီးနှစ်နိုင်ငံဖြစ်သည်။

ကာဇက်စတန်နှင့် တရုတ်နိုင်ငံတို့သည် လွန်ခဲ့သော နှစ် ၃၀ ကာလ၊ သံတမန်ဆက်ဆံရေး စတင်ချိန်မှ ရင်နှီးမှုမြင့်မားလာခဲ့ပြီး ယခုအခါ ထာဝစဉ်တည်မြဲသော မဟာဗျူဟာမြောက် လက်တွဲဖက်နိုင်ငံများအဖြစ် ရောက်ရှိလာခဲ့သည်။

မြောက်ကိုရီးယားနှင့် တရုတ်ဆက်ဆံရေးမှာ လက်ရှိနှစ်များအတွင်း မြောက်ကိုရီးယား၏ နျူက လီးယား စမ်းသပ်မှုများ ရှိနေသည့် တိုင် ယေဘုယျအားဖြင့် မိတ်ဆွေ နိုင်ငံများအဖြစ် တည်ရှိနေဆဲဖြစ်သည်။ ကိုရီးယားကျွန်းဆွယ်စစ်ပွဲ နောက်ပိုင်း တရုတ်သည် မြောက်ကိုရီးယား၏ အနီးကပ်ဆုံး မိတ်ဆွေနိုင်ငံဖြစ်ခဲ့ပြီး နှစ်နိုင်ငံအကြား စစ်ရေးအကူအညီနှင့် အပြန်အလှန် အကာအကွယ်ပေးရေးစာချုပ်မှာ ယနေ့အထိ တည်တံ့နေဆဲပင်။

ကာဂျစ်စတန်နှင့် တရုတ်နိုင်ငံအကြား လက်ရှိဆက်ဆံရေးမှာ ဝီဂါအရေးကိစ္စများသာမက တရားမဝင် မူးယစ်ဆေးဝါး သယ်ဆောင်မှုများကိုပါ နှစ်နိုင်ငံ ပူးပေါင်းဖြေရှင်းနေရသည်။ ကာဂျစ်စတန်သည် တရုတ် နှင့် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ တွင် ပါဝင်ခဲ့သည်။ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organisation) ၏ “ငြိမ်းချမ်းရေးမစ်ရှင်”ဟု အမည်တပ်ထားသော စစ်ရေးလေ့ကျင့်မှုများတွင် ရုရှား၊ တရုတ်၊ ကာဇက်စတန်၊ တာဂျစ်ကစ္စတန် နိုင်ငံများနှင့်အတူ ပူးပေါင်းပါဝင်ခဲ့သည်။

လာအိုနှင့် တရုတ်နိုင်ငံတို့၏ ခေတ်သစ်ဆက်ဆံရေးမှာ ကွန်မြူနစ်ဝါဒ ယုံကြည်ချက်အပေါ် အခြေပြုသော လာအိုပြည်သူ့ ဒီမိုကရက်တစ်နိုင်ငံ (Lao People’s Democratic Replubic) နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (People’s Replubic pf China) ပေါ်ထွန်းမှုအပေါ် အခြေပြုလျက်ရှိသည်။ လက်ရှိကာလတွင် နှစ်နိုင်ငံကျော်ဖြတ်သော ခေတ်မီရထားလမ်းဖောက်လုပ်ကာ တရုတ်ရထားများသည် လာအိုမှ တစ်ဆင့် အခြားအရှေ့တောင်အာရှ နိုင်ငံများသို့ပါ ချိတ်ဆက်ကူးသန်းနိုင်သည်အထိ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတိုးတက်လျက်ရှိသည်။

မွန်ဂိုလီးယားနှင့် တရုတ် ဆက်ဆံရေးသည် နှစ်နိုင်ငံ သဘောတူစာချုပ်ပေါ်တွင် အခြေခံသည်။ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ တရုတ်သည် မွန်ဂိုလီယား၏ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ကာ တရုတ်စီးပွားရေးလုပ်ငန်းအများအပြား မွန်ဂိုလီးယားနိုင်ငံအတွင်း လည်ပတ်လှုပ်ရှားလျက်ရှိသည်။

မြန်မာနှင့် တရုတ်နိုင်ငံတို့သည် နယ်နိမိတ်ချင်း၊ ဘုံအခြေချနေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်စုချင်း နီးစပ်တူညီကြရုံမျှမက တရုတ် - တိဘက် ဘာသာစကားအနွယ်တူလည်း ဖြစ်ကြသည်။ ယွန်မင်းဆက်အုပ်စိုးစဉ်ကာလအတွင်း မြန်မာနိုင်ငံကို မွန်ဂိုကျူးကျော်မှု နှစ်ကြိမ်၊ ချင်မင်းဆက်ကာလ၌ တရုတ်-မြန်မာစစ်ပွဲ ဖြစ်ခဲ့ဖူးသည်။ ခေတ်သစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ပြီးချိန်၌ သံတမန် အဆက်အသွယ်ပြုခဲ့ရာတွင် ကွန်မြူနစ်မဟုတ်သော တိုင်းပြည်များ ထဲမှ မြန်မာသည် ပထမဆုံးနိုင်ငံ ဖြစ်သည်။ နှစ်နိုင်ငံဆက်စပ်လျက်ရှိ သော နယ်နိမိတ်မှာ ၂,၁၂၉ ကီလိုမီ တာ (၁,၃၂၃ မိုင်) ရှည်လျားသည်။

နီပေါနှင့် တရုတ်နိုင်ငံတို့သည် နှစ်နိုင်ငံ နယ်နိမိတ်ဆိုင်ရာ သဘောတူညီချက်အဖြစ် “တရုတ် - နီပေါ ငြိမ်းချမ်းရေးနှင့် မိတ်ဆွေဖြစ်မှု စာချုပ်”ကို ၁၉၆၀ ပြည့်နှစ်က လက် မတ်ရေးထိုးခဲ့ကြသည်။ ကုလသမဂ္ဂ၌ တရုတ်ပြည်မကြီးအစိုးရကို တရားဝင်နိုင်ငံနှင့် ဗီတိုပေးအပ်ရန် မဲခွဲရာ၌ နီပေါက ရပ်တည်ပေးခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် နီပေါနိုင်ငံ မြို့တော်၊ ခတ္တမန္ဒူနှင့် တိဘက်ကို ဆက်သွယ်သည့် သုံးရာသီသွားလမ်းမကြီးကို ဖောက်လုပ်ခဲ့သည်။

ပါကစ္စတန်နှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးကို ပုံပေါ်စေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီး၏ စကားတစ်ခွန်းရှိသည်။ “ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ တောင်တွေထက်လည်း မြင့်မားတယ်။ သမုဒ္ဒရာတွေထက်လည်း နက်ရှိုင်းတယ်။ သံမဏိ ထက်လည်း မာကျောတယ်။ မျက်တွေ့လက်တွေ့ မြင်ရတာထက် လည်း ပိုချစ်ကြတယ်။ ပျားရည်ထက်လည်း ပိုချိုမြိန်တယ်။ ပြီးတော့ ...”ဟူ၏။ ပါကစ္စတန်သည် တရုတ်၏ သြဇာလွှမ်းမိုးမှု ကြီးမားသော ကမ္ဘာ့နိုင်ငံများတွင် အပါအဝင် ဖြစ်သည်။

ရုရှားနှင့် တရုတ်နိုင်ငံတို့သည် စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ နီးကပ်သောဆက်ဆံရေးရှိပြီး ကမ္ဘာ့ရေးရာများနှင့် ပတ်သက်၍ တစ်နိုင်ငံအပေါ် နောက်တစ်နိုင်ငံက ပံ့ပိုးလျက်ရှိသည့် အနေအထားဖြစ်သည်။ လက်ရှိ နှစ်နိုင်ငံဆက်ဆံရေး အခြေအနေကို “မဟာမိတ်အဖြစ် သာမက မဟာမိတ်နိုင်ငံများထက် သာလွန်သော ဆက်ဆံရေး”အဖြစ် ရုရှားရော၊ တရုတ်ကပါ တရားဝင် ကြေငြာထားကြသည်။

တာဂျစ်ကစ္စတန်နှင့် တရုတ်တို့သည် ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးချိန်၊ ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှ စတင်ကာ ပုံမှန်ဆက်ဆံရေး ထူထောင်ခဲ့ကြသည်။ လက်ရှိ တာဂျစ်ကစ္စတန်သမ္မတ အီမိုမာလီရာဟွမ်သည် ၁၉၉၃ ခုနှစ်၊ မတ်လအတွင်း က ပေကျင်းသို့ ပထမဆုံးအကြိမ် အလည်အပတ်ခရီးစဉ် လာရောက်ခဲ့သည်။

ဗီယက်နမ် နှင့် တရုတ်နိုင်ငံ အကြား ဆက်ဆံရေးမှာ နှစ်ပေါင်း ထောင်ချီ၍ တည်ရှိခဲ့သည်။ စစ်အေးခေတ်ကာလ ဗီယက်နမ်စစ်ပွဲအတွင်း တရုတ်က မြောက်ဗီယက်နမ်ကို အကူအညီပေးခဲ့သည်။ ၁၉၇၅ ခုနှစ်၊ ဆိုင်ဂုံ ကျဆုံးချိန်နှင့် ၁၉၇၆ ခုနှစ်၊ ဗီယက်နမ် ပြန်လည် ထူထောင်ပြီးနောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေးမှာ ခပ်တန်းတန်းဖြစ် သွားခဲ့သည်။ အကြောင်းရင်းမှာ ကမ္ဘောဒီးယား၌ အာဏာရလျက် ရှိသော တရုတ်သြဇာခံ ခမာအဆက်အနွယ်ကို ဗီယက်နမ်တို့က ဖယ်ရှားခဲ့သောကြောင့် ဖြစ်သည်။ ၁၉၇၉ ခုနှစ်တွင် တရုတ်က ကျူးကျော်ခဲ့၍ တရုတ် - ဗီယက်နမ်စစ်ပွဲ စတင်ဖြစ်ပွားခဲ့သည်။ ၁,၂၈၁ ကီလိုမီတာ (၇၉၆ မိုင်) ရှည်လျားသော နှစ်နိုင်ငံနယ်စပ်၌ တိုက်ခိုက်ခဲ့ကြသည်မှာ ၁၉၉၀ ပြည့်နှစ်တိုင် ကြာမြင့်ခဲ့သည်။ သို့သော် ဆိုရှယ်လစ်ဝါဒတည်းဟူသော ယုံကြည်ချက် သံယောဇဉ်ဖြင့် နှစ်နိုင်ငံလုံးက သံခင်းတမန်ခင်းနှင့် စီးပွားရေးဆိုင်ရာ တည်ငြိမ်မှုကို ထိန်းသိမ်းလျက် ပစ္စုပ္ပန်နှင့် အနာဂတ်တည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်လျက် ရှိသည်။

ဤသည်ကား တရုတ်နှင့် အိမ်နီးချင်း ၁၄ နိုင်ငံတို့အကြား ပထဝီဝင်တည်ရှိပုံနှင့် ဆက်ဆံရေး လျှပ်တစ်ပြက်ကောက်ကြောင်းပင် ဖြစ်သည်။


Eleven

0 comments:

Post a Comment