Thursday, December 15, 2022

ဇန်နဝါရီ ၁ ရက်နေ့ကပြီးတော့ ရန်ကုန် ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနမှာ ပြသနေတဲ့ လူနာတွေ အွန်လိုင်းမှာ ဘွတ်ကင်တင်ပြီးမှသာ ပြသခွင့်ရမယ်

လာမည့် ဇန်နဝါရီ ၁ ရက်နေ့ကပြီးတော့ ရန်ကုန် ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနမှာ ပြသနေတဲ့ လူနာတွေ အွန်လိုင်းမှာ ဘွတ်ကင်တင်ပြီးမှသာ ပြသခွင့်ရမယ်လို့ ဆေးရုံကြီးက ထုတ်ပြန်ထားပါတယ်။

ယခုနှစ် နှစ်ဆန်းပိုင်းကတည်းကစပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာန တွင် လူနာများ နံနက်စောစော လာရောက်တန်းစီပြီး  စာရင်းသွင်းရန်စောင့်ဆိုင်းရခြင်း ၊ ပြသရန် အချိန်ကြာမြင့်စွာစောင့်ဆိုင်း ရခြင်း ကြောင့်    online booking စနစ် စမ်းသပ် သုံးစွဲခဲ့တာ ဖြစ်ပါတယ်။

အထူးကုပြင်ပလူနာဌာနများကို ပြသလိုသည့် လူနာများအနေဖြင့် Viber (သို့မဟုတ်) Messenger (သို့မဟုတ်) caremebot application  မှတဆင့် Booking ပြုလုပ်ရမည်ဖြစ်ပြီး Booking ပြုလုပ်ရမည့် နည်းလမ်းကို Yangon General Hospital ဖေ့ဘွတ်စာမျက်နှာတွင် ဖော်ပြထားပါတယ်။ 


MyanmaPlatform

0 comments:

Post a Comment