Sunday, December 18, 2022

ရန်ကုန်-ဒလမြစ်ကူး သင်္ဘောပေါ်မှာ ဗုံးပေါက်ကွဲ

ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်-ဒလ မြစ်ကူး ချယ်ရီသင်္ဘောပေါ်၌ ဒီဇင်ဘာ ၁၈ ရက်ညနေပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရှိမှုများ ရှိခဲ့သည်။

ရန်ကုန်-ဒလ မြစ်ကူး သင်္ဘောများကို အောက်ခြေလူတန်းစားများသာ အဓိက စီးနင်း လိုက်ပါလေ့ရှိသည်။ အထူးသဖြင့် ဒလဘက်မှ ရန်ကုန်သို့ အလုပ်လာရောက် လုပ်ကိုင်သူများ အများစု စီးနင်းကြသည်။

သို့သော် ဘယ်နှဦး ထိခိုက်ဒဏ်ရာရရှိခဲ့လဲ၊ သေဆုံးမှုများ ရှိ/မရှိကိုတော့ လတ်တလော မသိရသေးပေ။





CNi

0 comments:

Post a Comment