Friday, December 16, 2022

ရန်ကုန်-မန္တလေးအထူးရထားတွေကို ဒီဇင်ဘာ ၂၁ ရက်မှစတင် ပြေးဆွဲပေးမည်

ရန်ကုန်-မန္တလေးအထူးရထားတွေကို ဒီဇင်ဘာ ၂၁ ရက်မှစတင် ပြေးဆွဲပေးသွားမယ်လို့ မြန်မာ့မီးရထား တိုင်းအမှတ် ၇( ရန်ကုန်တိုင်းဒေသကြီး)မှ သိရပါတယ်။

ရန်ကုန်-မန္တလေး အထူးရထားတွေကို  အခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှစတင်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂ရက်အထိ  ၁၃ ရက်ကြာ နေ့စဉ်ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။

ရန်ကုန်-မန္တလေး ရထားခရီးစဉ်အတွက် အမှတ် ၅ အဆန်နဲ့ အမှတ် ၆ အစုန် ရန်ကုန်-မန္တလေး လေအိတ်ရထားနှစ်စီးကို အထူးရထားအဖြစ် ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“အမှတ် ၅ အဆန်ရထားက ရန်ကုန်ကနေ ညနေ ၃နာရီ ၄၅ မိနစ်မှာ ထွက်ခွာပြီး မန္တလေးကို နောက်နေ့ နံနက် ၉နာရီမှာ ဆိုက်ရောက်မှာဖြစ်ပါတယ်။ အမှတ် ၆ အစုန်ရထားကတော့ မန္တလေးကနေ ညနေ ၃နာရီ ထွက်ခွာပြီး ရန်ကုန်ကို နောက်တစ်နေ့ မနက် ၈ နာရီ ၄၅ မိနစ်မှာဆိုက်ရောက်မှာဖြစ်ပါတယ်။ လမ်းတစ်လျှောက်မှာ ပဲခူး၊ တောင်ငူ၊ နေပြည်တော်၊ သာစည်ဘူတာ ရပ်တန့်ပေးမှာဖြစ်ပါတယ်” မြန်မာ့မီးရထား တိုင်းအမှတ် ၇မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မီးရထားတွေကို ခရီးသည်စီးနင်းမှု နဲ့ ကုန်စည်တင်ပို့မှုတွေအပေါ်မူတည်ပြီး ရထားခရီးစဉ်တွေ ထပ်မံတိုးချဲ့ပြေးဆွဲမှာဖြစ်တယ်လို့ မြန်မာ့မီးရထားက သိရပါတယ်။


MyanmaPlatform

0 comments:

Post a Comment