Friday, December 16, 2022

ပြည်သူများ ပျော်ပွဲရွှင်ပွဲ ဆင်နွှဲနေချိန်တွင် PDF များ ဗုံးခွဲသတ်ဖြတ်သည့် လုပ်ရပ်အပေါ် အများပြည်သူ မနှစ်မြို့ကြောင်း ဆန္ဒပြု

MT News အယ်ဒီတာအဖွဲ့အနေဖြင့် ပြည်သူများ ပျော်ပွဲရွှင်ပွဲ ဆင်နွှဲနေချိန် NUG ၏ PDF များက ဗုံးခွဲသတ်ဖြတ်ခဲ့သည်ဟု ပြည်သူအများ သိရှိထားပြီးဖြစ်သော “အောက်တိုဘာ ၇ ရက်တွင် ထားဝယ်ရိုးရာ သပိတ်မျှောပွဲကျင်းပနေချိန် Guerrilla Dawei PDF အဖွဲ့က မိုင်းခွဲခဲ့ခြင်း၊ အောက်တိုဘာ ၁၂ ရက်တွင် ကျိုက်ထီးရိုးဘုရား လာရောက်ဖူးမြော်သူများကို မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ၏ လုံခြုံရေးအရာရှိဟောင်း အေးမင်းထွန်း ဦးဆောင်သည့် KNU/KNLA နှင့် PDF များ တိုက်ခိုက်မှုကြောင့် လေးဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့ခြင်းနှင့် အောက်တိုဘာ ၂၈ ရက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိုနယ် ဇီးဖြူကုန်းကျေးရွာ ကထိန်ခင်းနေချိန် ShweBo Federal Army (SBFA) က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၍ ငါးဦးသေဆုံးရခြင်း” ဖြစ်စဉ်များကို အခြေပြုကာ Debate ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ အများပြည်သူပျော်ပွဲရွှင်ပွဲဆင်နွှဲနေချိန် PDF များက ဗုံးခွဲသည့်အပေါ် “ဒီကာလကြီးမှာ ဘုရားပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပသင့်သလား။ ဘုရားပွဲတွေ ကျင်းပနေရင်ရော ပြည်သူလူထုကြားမှာ PDF က ဗုံးခွဲတိုက်ခိုက်တာ မှန်သလား။ ဗုံးခွဲတိုက်ခိုက်မယ် သတိပေးထားရဲ့သားနဲ့ ဗုံးအခွဲမခံရအောင် ကာကွယ်မပေးနိုင်တဲ့ အစိုးရတာဝန်ရှိသူတွေရဲ့ အားနည်းချက်တွေက ဘာတွေဖြစ်မလဲ” ဆိုသည့် အချက်များအပေါ် ယဉ်ကျေးအေးချမ်းစွာ ငြင်းခုန်စေခဲ့ရာ စာရေးဆရာတစ်ဦးအဖြစ်လည်း လူသိများသည့် Thant Nay Soe အကောင့်ပိုင်ရှင်က “ယဉ်ကျေးမှုကို ထိန်းသိမ်းချင်ရင်တော့ လုပ်ကိုလုပ်ရမှာဗျ။ အပေါ်ယံကြည့်ရင်တော့ လူတွေရဲ့ အာရုံက ပုံမှန်အခြေအနေကိုပြန်ရောက်ပြီး သူတို့တော်လှန်ရေးကို အာရုံမစိုက်မှာစိုးလို့ လို့ ထင်ရပေမဲ့ သေချာတွေးကြည့်တော့ ဒါက ယဉ်ကျေးမှုကို တိုက်ခိုက်တာဗျ။ ထုံးတမ်းအစဉ်အလာတွေကို တိုက်ခိုက်တာ။ ကြောက်ပြီး မလုပ်ဖြစ်လို့ဘဲဖြစ်ဖြစ် ယဉ်ကျေးမှုကို အားနည်းသွားစေတယ်။ ဗုဒ္ဓဘာသာကလွဲရင် တခြားဘာသာရဲ့ ပျော်ပွဲရွှင်ပွဲတွေက ပုံမပျက်ဘူးဗျ။ Donor မျှော်နေကြလို့လည်း ဖြစ်နိုင်တယ်။ ဇ မရှိလို့လည်း ဖြစ်နိုင်တယ်။ မည်သို့ပင်ဆိုစေကာမူ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေကို ထိခိုက်တာမို့ နစက မှာ တာဝန်ရှိပါတယ်။ မထိန်းချုပ်နိုင်ရင် အစိုးရရဲ့ သိက္ခာကျဆင်းတယ်။ PDF ကျတော့လည်း သူတို့ ပစ်မှတ်ကို ပြန်စဉ်းစားသင့်တယ်။ အာဏာရှင်ကို တော်လှန်တာလား၊ လူထုဘဝနဲ့ ယဉ်ကျေးမှုကို ချေမှုန်းနေတာလား ဆိုတာပေါ့။ ကျွန်တော်ကတော့ အသိဉာဏ်မရှိတဲ့ တော်လှန်ရေးသမားနဲ့ အရည်အချင်းမရှိတဲ့ အစိုးရ တွေ့ကြတာလို့ပဲ မြင်တယ်ခင်ဗျ” ဟု မှတ်ချက်ပြုခဲ့ရာ Like & Reactions ၅၁၈ ခုဖြင့် ပထမဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
ထို့အတူ Ei Lay အမည်ဖြင့် Facebook သုံးစွဲသူက “လူတိုင်းဆီက ဆင်းရဲမွဲတေမှု၊ အဆင်မပြေမှုဆိုတဲ့ ညည်းညူသံတွေကို စိတ်သက်သာရာရစေဖို့ ပျော်ပွဲရွှင်ပွဲတွေလုပ်သင့်ပါတယ်” ဟု မှတ်ချက်ပြုခဲ့ရာ Like & Reactions ၅၆ ခုဖြင့် ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
အလားတူ Saw Ma Har အမည်ဖြင့် Facebook သုံးစွဲသူက Like & Reactions ၄၉ ခုဖြင့် တတိယအများဆုံး ရရှိကာ သူ၏ မှတ်ချက်ပြုမှုမှာ “လူသားတိုင်းဟာ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ပါပဲ။ ဆရာဝန်က ဆေးကုရမယ်။ စစ်သားက နိုင်ငံကို ကာကွယ်ဖို့နဲ့ အကြမ်းဖက်မှုတွေ တိုက်ဖျက်ရမယ်။ မီးသတ်က မီးငြှိမ်းရမယ်။ ကျောင်းဆရာက စာသင်ရမယ်။ ဒါတွေဟာ သဘာ၀ပါပဲ။ စစ်သားလုပ်ပြီး စစ်မတိုက်ရဲရင် ဆေးကုပေးရလို့ အသက်သခင်ထင်နေရင် ငါတို့က ဒီလိုလုပ်နေလို့ ရိုသေရမယ်ဆိုရင် မတရားမှုဖြစ်တယ်။ အခု လူတွေက ခရီးသွားကြတယ်။ ဘုရားပွဲတွေ လုပ်ကြတယ်။ ခရီးတွေမသွားဘူး။ ဘုရားပွဲတွေ မလုပ်ဘူးဆိုရင် ခရီးသွားကို မှီနေရသူတွေ ဒုက္ခရောက်တယ်။ ငါတို့ မပျော်ရလို့ မင်းတို့မပျော်ရဘူးဆိုတာက စပျစ်သီးချဉ်တဲ့ သဘောဖြစ်နေတယ်။ နောက်တစ်ချက် ဘုရားပွဲတွေ ပျော်ပွဲရွှင်ပွဲတွေ သွားကြလို့ ဖောက်ခွဲတိုက်ခိုက်တယ်ဆိုတာတွေကလည်း သူတိုမကျေနပ်တဲ့ စစ်တပ်ကို လက်နက်ချင်းပြိုင်မတိုက်ရဲလို့ လက်နက်မဲ့ပြည်သူကို တိုက်ခိုက်တာဖြစ်နေတယ်။ ဒါဆို သူတို့လည်း မတရားအနိုင်ကျင့်တဲ့ လက်နက်ကိုင်ပဲ။ ဘာမှ ဓမ္မမဟုတ်တော့ဘူး ပြောရမယ်။ အခြားတစ်ဖက်မှာဆိုရင်လည်း ဒီလိုဘုရားပွဲတွေလုပ်၊ လူထုချောင်လည်မှ လူထုဆီက အလှူခံပြီး တိုက်နေရတဲ့ PDF တွေကို ပိုလှူနိုင်မယ်။ ကိုယ့်ဘာသာ စားစရာမရှိတဲ့ ပြည်သူကလည်း မလှူနိုင်ဘူး။ ဒါကို သဘောပေါက်ရင် PDF တွေကလည်း ဘုရားပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေကို တိုက်ခိုက်တာမျိုးထက် မသိဟန်ဆောင်ထားသင့်တယ်။ တစ်ခါ စစ်တပ်ကလည်း ဘုရားပွဲတွေလုပ်ချင်တယ်ဆိုရင် ဘယ်သူမှ လာမဖျက်ရဲအောင်၊ ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ်ကာကွယ်နိုင်အောင် လုံခြုံအောင် လုပ်ပေးရမယ်။ မလုပ်နိုင်ရင် ဘာဘုရားပွဲမှ မလုပ်နဲ့။ ဒီတော့ ခြုံပြောရမယ်ဆိုရင် ပျော်ပွဲရွှင်ပွဲဘုရားပွဲဆိုတာက အပျော်ဆိုတာထက် ပိုလေးနက်တယ်။ ဒီလိုမျိုး ပျော်ပွဲရွှင်ပွဲ ဘုရားပွဲတွေ ကိုဗစ်နဲ့ ကိုစစ်ကြောင့် နှစ်နှစ်လောက် မလုပ်လို့ စားဝတ်နေရေးအဆင်မပြေတဲ့သူတွေအများကြီးရှိတယ်။ နောက်တစ်ချက် လက်နက်ကိုင်ချင်းတိုက်တာက ပြည်သူ့ ပုံမှန်ရှင်သန်မှုကို မထိခိုက်အောင် စောင့်ထိန်းရမယ်ဆိုတဲ့ ကျင့်ဝတ်အသိ လက်နက်ကိုင်တွေမှာ ရှိနေတယ်ဆိုရင် ဒီလိုမျိုးက ငြင်းစရာကို မလိုတော့ဘူး ယူဆတယ်။ အခုက လက်နက်ကိုင်အချင်းချင်းမတိုက်ရဲလို့ ပြည်သူကို ဘာလို့ပျော်တာလဲဆိုပြီး လာမဲသလိုဖြစ်နေတယ်” ဟု မှတ်ချက်ပြုခဲ့ရာ MT News အယ်ဒီတာအဖွဲ့က တတိယဆုအဖြစ် ရွေးချယ်ရန် ဆုံးဖြတ်ခဲ့သည်။
MT News သတင်းဌာန၏ ဒုတိယအကြိမ် Debate အား ဒီဇင်ဘာ ၂၀ ရက်တွင် ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး ပထမအကြိမ် Debate တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူများကို MT News အယ်ဒီတာအဖွဲ့က ကျေးဇူးတင်ပါကြောင်းနှင့် ဒုတိယအကြိမ် ပြုလုပ်မည့် Debate တွင်လည်း ဆက်လက်ပါဝင်ဆင်နွှဲပေးပါရန် ဖိတ်ခေါ်အပ်ပါသည်။
MT News သတင်းဌာန၏ ပထမအကြိမ် Debate ကို ယခုလင့်ခ်တွင် ကြည့်ရှုနိုင်ပြီး
ဆုရရှိသူများအနေဖြင့် ယခုပိုစ့်တင်ပြီးချိန်မှ စတင်၍ ဆုငွေထုတ်ယူနိုင်မည်ဖြစ်သည်။


MT News အယ်ဒီတာအဖွဲ့

0 comments:

Post a Comment