Sunday, December 18, 2022

၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်းဆောင်ရွက်ပြီးပါက ရန်ကုန်မြို့နှင့်တကွ မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်းလျှပ်စစ်စွမ်းအားဝန်ကြီးဌာန ထုတ်ပြန်

တောင်ငူမြို့နယ် အနောက်ဘက် စပါးကြွယ် ကျေးရွာအနီးတွင် တည်ဆောက်လျက် ရှိသည့် ၅၀၀ ကေဗွီ ကံကောင်း (မိထ္တီလာ)-စပါးကြွယ် (တောင်ငူ) ဓာတ်အားလိုင်း ဆောင် ရွက်ပြီးပါက ရန်ကုန်မြို့နှင့်တကွ မြန်မာပြည် တောင်ပိုင်းဒေသများသို့ ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ ဒီဇင်ဘာ ၁၇ ရက် ထုတ်ပြန် ချက်အရ သိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့်ဌာနဆိုင် ရာတာဝန်ရှိသူများ လိုက်ပါသောအဖွဲ့သည် ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက တောင်ငူမြို့ နယ် အနောက်ဘက် စပါးကြွယ်ကျေးရွာအ နီးတွင်တည်ဆောက်လျက်ရှိသည့် ၅၀၀ ကေ ဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ် (တောင်ငူ) ဓာတ်အားလိုင်း၏ ဓာတ်အားလိုင်းအပြီး သတ်ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက် နေမှုအား လာရောက်စစ်ဆေးကြည့်ရှုခဲ့ပြီးနောက် ယင်းသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်များအရ အဆိုပါ ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ် (တောင်ငူ) ဓာတ်အားလိုင်း တည်ဆောက်ရ ခြင်းသည် လက်ရှိအခြေအနေတွင် ရွှေလီနှင့် ရဲရွာရေအားလျှပ်စစ်စက်ရုံများမှ ထွက်ရှိသော

လျှပ်စစ်ဓာတ်အားများကို ၂၃ဝကေဗွီ ဘဲ လင်း-သပြေဝ ဓာတ်အားလိုင်းဖြင့် ၂၃ဝကေဗွီ သပြေဝခွဲရုံမှတစ်ဆင့် ၂၃၀ ကေဗွီ သပြေဝ-တောင်တွင်းကြီး ဓာတ်အားလိုင်းနှင့် ၂၃၀ ကေဗွီ သပြေဝ-သာစည်-ရွှေမြို့-ပျဉ်းမနား-သဲဖြူ-တောင်ငူ ဓာတ်အားလိုင်းတို့ဖြင့် ရန် ကုန်မြို့နှင့်တကွ မြန်မာပြည်တောင်ပိုင်းဒေသ များသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေး လျက်ရှိရာ ၂၃၀ ကေဗွီ သပြေဝ-တောင်တွင်း ကြီးလိုင်းနှင့် ၂၃၀ ကေဗွီ သပြေဝ-သာစည်-ရွှေမြို့-ပျဉ်းမနား-သဲဖြူ-တောင်ငူ ဓာတ်အား လိုင်းတို့တွင် ဝန်အားစီးဆင်းမှု အကန့်အသတ် ရှိသဖြင့် System Break Down မဖြစ်စေရေး ဓာတ်အားစနစ်အတွင်း ဝန်အားစီးဆင်းမှုကို ထိန်းညှိ၍ ပို့လွှတ်ခဲ့ရကြောင်း၊ ယခင်က ၂၃၀ ကေဗွီ တောင်ငူပင်မဓာတ်အားခွဲရုံသို့ သပြေ ၀-သာစည်-ပျဉ်းမနား-သဲဖြူ-တောင်ငူ ဓာတ် အားလိုင်း၊ သောက်ရေခပ် (၂) ဓာတ်အားလိုင်း နှင့် ၂၃ဝကေဗွီ လောပိတဓာတ်အားလိုင်း (၃) လိုင်းမှ လျှပ်စစ်ဓာတ်အားကို လက်ခံရရှိ ပြီး တောင်ငူပင်မဓာတ်အားခွဲရုံမှတစ်ဆင့် တောင်ငူ-သာယာကုန်း ဓာတ်အားလိုင်းနှင့် တောင်ငူ-ဖြူး-ကွန်း-သာယာကုန်း ဓာတ်အား လိုင်းတို့ဖြင့် ရန်ကုန်မြို့နှင့် မြန်မာပြည်တောင် ပိုင်းဒေသများသို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးခဲ့ရ ကြောင်း၊ ယခုအခါတွင် ၂၃၀ ကေဗွီ သပြေဝ (မိတ္ထီလာ) မှ ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ) ဓာတ်အားခွဲရုံသို့ ၂၃ဝကေဗွီ ဓာတ်အားလိုင်း ၁၄ မိုင် တည်ဆောက်ခြင်း၊ ၅၀၀ ကေဗွီ ကံ ကောင်း (မိတ္ထီလာ)-စပါးကြွယ် (တောင်ငူ) ဓာတ်အားလိုင်း ၁၄၆ မိုင် တည်ဆောက်ခြင်း နှင့် ၅၀၀ ကေဗွီ စပါးကြွယ် (တောင်ငူ) ဓာတ် အားခွဲရုံမှ ၂၃ဝကေဗွီ တောင်ငူခွဲရုံအထိ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း ၁၀ မိုင် တည်ဆောက် ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသဖြင့်  တောင်ငူပင်မဓာတ်အားခွဲရုံတွင် ၂၃၀ ကေဗွီ

စပါးကြွယ်-တောင်ငူ ဓာတ်အားလိုင်း ချိတ် ဆက်နိုင်ရေးအတွက် လျှပ်စစ်ကျွမ်းကျင်ဝန် ထမ်း ၃၂၅ ဦးဖြင့် လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်နေသည့် ၂၃၀ ကေဗွီ စပါးကြွယ်-တောင်ငူဓာတ်အား လိုင်း ဆောင်ရွက်ပြီးစီးပါက သပြေဝပင်မဓာတ် အားခွဲရုံမှ တောင်ငူပင်မဓာတ်အားခွဲရုံသို့ ၂၃၀ ကေဗွီ ဓာတ်အားကို တိုက်ရိုက်ချိတ်ဆက်ပို့ လွှတ်နိုင်မည်ဖြစ်သဖြင့် ယခင်က ဓာတ်အား ထိန်းညှိပို့လွှတ်ခဲ့ရသည့် ၂၃၀ ကေဗွီ သပြေ ၀-တောင်တွင်းကြီးဓာတ်အားလိုင်းနှင့် သပြေ ၀-သာစည်-ပျဉ်းမနား-သဲဖြူ-တောင်ငူဓာတ် အားလိုင်းတို့အား လျှပ်စစ်ဝန်အားထိန်းညှိပို့ လွှတ်စရာမလို အပ်တော့ဘဲ ရွှေလီနှင့်ရဲရွာ ရေအားစက်ရုံမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ် အားများကို တောင်ငူခွဲရုံမှတစ်ဆင့် ရန်ကုန် မြို့နှင့်တကွ မြန်မာပြည်တောင်ပိုင်းဒေသများ သို့ ဓာတ်အားပြည့်ဝစွာ ပို့လွှတ်ဖြန့်ဖြူးပေးနိုင် မည့်အပြင် ဓာတ်အားလိုင်းတွင် ဖြစ်ပေါ်နေ သည့် ဓာတ်အားပျောက်ဆုံးမှုများလည်း လျော့ နည်းသက်သာသွားမည်ဖြစ်သဖြင့် ပြည်သူ များသို့ လျှပ်စစ်ဓာတ်အားပိုမိုပို့လွှတ်ဖြန့်ဖြူး ပေးနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

ခရီးစဉ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင် ငူမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန တောင်ငူပင်မဓာတ်အား ခွဲရုံအနီးတွင် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ)-စပါးကြွယ် (တောင်ငူ) ဓာတ်အားလိုင်း၏ ဓာတ်အားလိုင်း အပြီးသတ်ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင် ရွက်နေမှုအခြေအနေနှင့် တောင်ငူပင်မဓာတ် အားခွဲရုံမှ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့် ဖြူးပေးနေမှုအခြေအနေတို့အား ကြည့်ရှုစစ် ဆေးခြင်း၊ ဓာတ်အားလိုင်းအနီးပတ်ဝန်းကျင် ရှိ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ် ပင်သစ်ကိုင်းများ၊ ချုံနွယ်များအား ရှင်းလင်း ဆောင်ရွက်သွားရန်မှာကြားခြင်းနှင့် ဓာတ် အားလိုင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ဝန်ထမ်းများအား ဂုဏ် ပြုသစ်သီးခြင်းများ ပေးအပ်ခြင်းတို့ ဆောင် ရွက်ခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိ သည်။


Eleven

0 comments:

Post a Comment