ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးဗဟို ဌာန MPC တွင် သုံးရက်တာကျင်းပခဲ့သည့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ လုပ်ငန်းစဉ်ဆွေးနွေးပွဲမှထွက်ပေါ်လာသော ရလဒ်များကို ကျေနပ်အားရ မှုရှိကြောင်း ယမန်နေ့ MPC ၌ပြုလုပ်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC ၊ တစ်နိုင်ငံလုံး ဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT နှင့်ပြည်နယ်ခုနစ်ခုမှ နိုင်ငံရေးပါတီများ၏ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းရင်းသား နိုင်ငံရေးပါတီများက ထုတ်ဖော်ပြောကြားခဲ့ကြသည်။ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီ၊ တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင် ရာညှိနှိုင်းမှုအဖွဲ့ဝင် တိုင်းရင်းသား နိုင်ငံရေးပါတီများ၏ပထမဆုံး အကြိမ် သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့်တိုင်းရင်း သားနိုင်ငံရေးပါတီ ၃၄ ဖွဲ့တို့က အကြံပြုချက်များမပေးမီယခုကဲ့သို့ ထောက်ခံခဲ့ကြခြင်းဖြစ်သည်။
အဆိုပါတွေ့ဆုံပွဲတွင် ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌဦးအောင်မင်းက ဆွေးနွေးပွဲ ကျင်းပသည့်ယနေ့သည်နိုင်ငံတော် သမ္မတ၏ တိုင်းပြည်ငြိမ်းချမ်းရေး အတွက် အင်အားစုအားလုံးပါဝင် ဆောင်ရွက်ကြရန် ငြိမ်းချမ်းရေး အတွက် ဖိတ်ခေါ်ခဲ့သည့် သုံးနှစ် မြောက်နေ့နှင့် တိုက်ဆိုင်နေပါ ကြောင်း၊ အနာဂတ်တိုင်းပြည် တည်ဆောက်ရေးတွင်တိုင်းရင်းသား များ၏အခန်းကဏ္ဍသည် အရေး ကြီးသည်ကို နိုင်ငံတော်အကြီးအကဲ များကလက်ခံ၍ ယခုကဲ့သို့ လမ်း ညွှန်မှုများ ပေးခဲ့ခြင်းဖြစ်ပါ ကြောင်း၊ ငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်ရန်အတွက် လိုအပ်လျက်ရှိသည့် စာချုပ်ပါ အချက်အလက် Single Text ၁၂၂ ချက်အနက်တွင်အချက်လေးချက် သာကျန်ရှိခဲ့ပြီး ဆက်လက်ညှိနှိုင်း သွားရန် သဘောတူ ထားကြောင်း၊ ယနေ့ဆွေးနွေးပွဲသည် လာမည့် အနာဂတ်နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ပြင်ဆင်ရေးအတွက်အရေးကြီး ကြောင်း၊ အစည်းအဝေးကို တက် ရောက်လာကြသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင်များ နှင့် နိုင်ငံရေးခေါင်းဆောင်များ၏ အမြင်သဘောထားများသည် တိုင်း ပြည်အနာဂတ်အတွက် ကောင်း မွန်သည့် အခြေခံအုတ်မြစ်များ အဖြစ်ခံယူထားပါ၍ တိုင်းပြည် အကျိုးကိုရှေးရှုကာ ရင်းရင်းနှီးနှီး အပြုသဘောဆောင်ဆွေးနွေးကြ စေလိုကြောင်းပြောကြားသည်။
ထို့နောက် NCCT အဖွဲ့ခေါင်း ဆောင် ဦးနိုင်ဟံသာက နှုတ်ခွန်း ဆက်စကားပြောကြားခဲ့ပြီး ပြည် ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ တိုင်းရင်းသားရေးရာ၊ ကျေးလက် လူမှုဘဝမြှင့်တင် ရေးရာနှင့် ပြည် တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောကြားရာတွင် လွှတ်တော်များ အနေဖြင့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များ၊ ပြည်တွင်းငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ကော် မတီများဖွဲ့စည်းဆောင်ရွက်လျက် ရှိကြောင်း၊ လွှတ်တော် ကိုယ်စား လှယ် ၁၅ ဦးပါဝင်သည့် တိုင်းရင်း သားအရေးနှင့် ပြည်တွင်းငြိမ်း ချမ်းရေး ကိစ္စများကို ဆောင်ရွက် လျက်ရှိပြီး တိုင်းရင်းသားအခွင့် အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေကို ပြည်ထောင်စုလွှတ်တော် သို့ ဆက်လက်တင်ပြပြီး ဆွေးနွေး သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်း သားရေးရာနှင့်ပတ်သက်ပြီး ဖွံ့ဖြိုး တိုးတက်စေရန် တန်းတူညီမျှရှိရေး၊ တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစရှိ သည့်ကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်မှုများနှင့်စပ်လျဉ်း ပြီးဆောင်ရွက် လျက်ရှိကြောင်း တိုင်းရင်းသားအရေးကိစ္စများနှင့် စပ်လျဉ်း ပြောကြားသည်။
ယင်းနောက် NCCT မှ ဒုတိယ ခေါင်းဆောင်များဖြစ်ကြသည့် ပဒို စောကွယ်ထူးဝင်းနှင့် ဗိုလ်ချုပ်ဂွမ် မော်တို့က ကြိုဆိုနှုတ်ဆက်စကား ပြောကြားခဲ့ကြသည်။
ဆက်လက်၍ တက်ရောက် လာကြသည့် နိုင်ငံရေးပါတီများ မှကိုယ်စားလှယ်များက ယခုလ ၁၅ရက်မှ ၁၇ရက် အထိကျင်းပခဲ့ သည့် နိုင်ငံလုံးဆိုင်ရာအပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲမှ ထွက်ပေါ် လာသောရလဒ်များသည် တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးရရှိစေရန် နီးစပ်လာပြီဟုယုံကြည်မိကြောင်း၊ ထို့ပြင် စစ်မှန်သည့်ထာဝရငြိမ်း ချမ်းရေးရရှိရန်နှင့် အမျိုးသား ပြန် လည်သင့်မြတ်ရေးအတွက် အပြန် အလှန်ယုံကြည်မှုများသည် အရေး ပါကြောင်းနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ရရှိ သည့်ရလဒ်များဖြင့် အကောင်အထည် ဖော်ဆောင်ရာတွင် ပါဝင်သင့်သည့် အချက်များကို အလွတ်သဘော အကြံပြုဆွေးနွေးခဲ့ကြသည်။
တိုင်းရင်းသားနိုင်ငံရေးပါတီ များ၏ဆွေးနွေးမှုအပြီးတွင် စောင့် ကြည့်လေ့လာသူအဖြစ်တက်ရောက် လာသည့် ကုလသမဂ္ဂအထူးကိုယ် စားလှယ်မစ္စတာဗီဂျေနမ်ဘီယားက သမ္မတကြီး၏ငြိမ်းချမ်းရေးဖြစ်စဉ် တွင် ကုလသမဂ္ဂက စောင့်ကြည့် လေ့လာသူအနေဖြင့် ပါဝင်ခွင့်ရ သည်မှာလည်းထူးခြားလာကြောင်း၊ မကြာမီရက်များအတွင်းက တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်း ရေးအဖွဲ့ NCCT နှင့်ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ UPWC တို့ အကြားအပြုသဘောဆောင်ဆွေးနွေး နိုင်ခဲ့၍ ယခုလို နှစ်ဖက်အဖွဲ့ အစည်းများနှင့် တိုင်းရင်းသားနိုင်ငံ ရေးခေါင်းဆောင်များ ဆွေးနွေး နိုင်ခဲ့သည်ဟု ရှုမြင်မိပါကြောင်း၊ ကုလသမဂ္ဂက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ဆောင်မှုဖြစ်စဉ် များကို အနီးကပ်စောင့်ကြည့်နေပါ ကြောင်း၊ တိုးတက်လာသည့် မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များ သည် ငြိမ်းချမ်းရေးဖော်ဆောင်သူ များ၏ ကြိုးစားမှုကြောင့်ဟု သုံးသပ်ကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်း ၆ဝ လောက်ကတည်းက တည်ရှိ နေခဲ့သော ပဋိပက္ခကို အဆုံးသတ် နိုင်ရန် အခြေခံအကျဆုံးသည် တစ် နိုင်လုံးအပစ်အခတ်ရပ်စဲရေးပင် ဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် အား လုံးပါဝင်သည့်နိုင်ငံရေးဆွေးနွေးပွဲ တွေကျင်းပ နိုင်ရန် အခက်အခဲများ ရှိမည်ဖြစ်သော်လည်း ပြည်သူများ ၏ အကျိုးစီးပွားကိုဦးတည် ဆွေးနွေးနေသည်ကို တွေ့ရကြောင်း၊ ကုလသမဂ္ဂအနေဖြင့် ရှေ့လုပ်ငန်း များတွင် ကူညီထောက်ပံ့မှုများပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံရေးပါတီများ ၏ ဆွေးနွေးချက်များအား NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီဒုတိယ ဥက္ကဋ္ဌ တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘဝ မြှင့်တင်ရေးရာ နှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော် ဆောင်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်း ဇော်နှင့်ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းတို့က ပြန်လည်ဖြည့်စွက် ဆွေးနွေးကာ အခမ်းအနားကို ညနေ ၄ နာရီတွင် ရုပ်သိမ်းခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီ UPWC ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCCT တို့မှ တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီများနှင့် ကုလသမဂ္ဂမှ အထူး ဖိတ်ကြားထားသူများ တက်ရောက် ကြပြီး တိုင်းရင်းသားများ တန်းတူ ညီမျှမှုရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိရေးနှင့်ဖက်ဒရယ်အရေး စသည့် အချက်များ ဆွေးနွေးခဲ့သည့်အပေါ် တိုင်းရင်းသားနိုင်ငံရေးပါတီများက ဝမ်းသာကြိုဆိုကြောင်း ယနေ့တွင် ပြုလုပ်သော သုံးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးပွဲတွင် တညီတညွတ် တည်းထုတ်ဖော် ပြောကြားသည်။
Tuesday, August 19, 2014
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ လုပ်ငန်းစဉ်များ၏ရလဒ် တိုင်းရင်းသားနိုင်ငံရေးပါတီများကျေနပ်
The Union Daily
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment