Friday, August 29, 2014

လှနုထွန်း ထပ်ပြောတဲ့ သရဖူကိစ္စနဲ့ မေမြတ်နိုး

တောင်ကိုရီးယား အခြေစိုက် Miss Aisa Pacific World 2014 သရဖူ ပြန်ရုပ်သိမ်းခံရတဲ့ မြန်မာအလှမယ်
မေမြတ်နိုး ဟာ သက်ဆိုင်ရာ အဖွဲ့အစည်းကို သရဖူ ပြန်မအပ်သေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တချိန်က သူ့ရဲ့ နိုင်ငံဆိုင်ရာ ဒါရိုက်တာဖြစ်ခဲ့သူ လှနုထွန်းက ထပ်မံ ဖြေရှင်းချက် ထုတ်ထားပြန်ပါတယ်။


ကမ္ဘာတ၀ှမ်းမှာ နေထိုင်ကြပါသော မြန်မာနိုင်ငံသားဟောင်းများနှင့် ၄င်းတို့မှ မွေးဖွားလာပါသော မျိုးဆက်သစ်များ၊ မျိုးချစ်မြန်မာနိုင်ငံသားမိဘပြည်သူများ၊ရှင့်။

လတ်တလောဖြစ်ပျက်နေသော သရဖူနှင့် စလွယ်ပြန်မအပ်သော သားအမိနှစ်ဦးကြောင် မြန်မာတို့ အား သဘောရိုးဖြင့်မေးမြန်းခြင်း၊ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်ဆိုသည့် စကားအတိုင်း လှောင်
ပြောင် ပြော ဆိုခြင်းကို ခံရနိုင်ပါသည်။ ဒါကြောင့် အလုပ်လည်းမပျက် ကျောင်းလည်းမပျက် မျက်နှာလည်းမပျက်ပဲ ပုံမှန်အတိုင်းလေးသာ နေပြီး
မေးမြန်းသူများ၊ လှောင်ပြောင်သူများကို သည်းခံခွင့်လွတ်ပေးရန် အနူးအညွတ်တောင်းပန်အပ်ပါတယ်ရှင့်။

မြန်မာတွေဟာ ဒီလို မဟုတ်ပါဘူးဆိုတာကို ယဉ်ကျေးခြင်း ရိုးသားခြင်း ကြိုးစာခြင်း အလုပ်ဖြင့်သာ သက်သေပြပေးစေလိုပါသည်။

ကိုရီးယားဘက်ကို အမှန်တရားတွေ အတင်းဖေါ်ထုတ်ရန်ဖိအားပေးခဲ့ရင် မြန်မာ တို့ ယခုထက်ပို အရှက်ရ
စေနိုင်ပါသည်။...သူတို့ ဘက်က အသေးစိတ်ဖြစ်စဉ်ကို မပြောဘဲ တော်တော်လေးကာထားပေးတာကို နားလည်ပေးစေချင်ပါတယ်ရှင့်....

သူတို့ လည်းဒီလောက်ငွေ၊ လူ၊ အချိန်အကုန်ခံပြီး ရွေးထားတဲ့မယ် တစ်ယောက်ကို ဘယ်စွန့် လွတ်ချင်ပါ့ မလဲရှင်....ထိုသားအမိကို မြှောက်ပင့်ပေးမှုများကိုလည်း နိုင်ငံကို တကယ်ချစ်တယ်ဆိုရင် ရပ်တန့် 
ပေးစေချင်ပါတယ်ရှင့်....

လှနု ကနေ ကိုရီးယားနိုင်ငံကိုလှမ်းပြီး သရဖူသိမ်းဖို့ ပြောရလောက်အောင် လှနု တစ်ယောက် ကိုရီးယား အပေါ်မှာ ပါဝါအာဏာပေါက်ရောက်လွမ်းမိုးမှုမရှိပါဘူးရှင်....သရဖူနှင့်ပတ်သက်ပြီး လှနုကို အထင် အရမ်းကြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင့်....

သူတို့ သားအမိကို သွေးနားထင်ရောက်အောင် ကြောင်တောင်တောင်အတွေးအခေါ်တွေထဲ့ပေးခဲ့သူများ
ကြောင့် ဒီလို ဖြစ်ခဲ့ရတာကို လှနုတို့ ကနေ ထိုသားအမိနှစ်ယောက်ကိုယ်စား အားပေးကူညီခဲ့သူ မိဘပြည်သူများအားလုံးကို အစစအရာရာအတွက် တောင်းပန်ပါသည်ရှင့်...

လေးစားစွာဖြင့်

လှနုထွန်း

လှနုထွန်းဘက်က အခုလို ရေးသားထားပေမယ့် မေမြတ်နိုးက မြန်မာနိုင်ငံကို ပြန်ရောက်ပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်လို့လည်း ပြောထားပါတယ်။

ဒီအပြင် ဘီဘီစီနဲ့ မေးမြန်းခန်းမှာ သရဖူ ဟာ နိုင်ငံကိုယ်စားပြု ရခဲ့တာဖြစ်လို့ ပြည်သူလူထုက ပြန်အပ်စေ ချင်မှသာ သရဖူကို ပြန်အပ်မှာဖြစ်တယ် လို့ မေမြတ်နိုးက ပြောဆိုထားတယ်လို့ သိရပါတယ်။

သရဖူ အသိမ်းခံရတဲ့ ကိစ္စမှာ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ လှနုထွန်းက မူလ သရဖူ ပေးတဲ့အဖွဲ့အစည်း ကို အသေးစိပ် သတင်းပို့လို့ဆိုတဲ့ စွပ်စွဲချက်တွေလည်း ပေါ်ထွက်နေသလို အလှမယ်မေမြတ်နိုးကလည်း အဖြစ်အပျက်အခြေအနေတွေကို အခုထိ လူသိရှင်ကြား ထုတ်မပြောဆိုသေးပါဘူး။

လက်ရှိ အခြေအနေမှာတော့ နိုင်ငံတကာ သတင်းတွေမှာပါ မြန်မာအလှမယ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ အရှက်ရဖွယ် သတင်းတွေ ဆက်တိုက်ပေါ်ထွက်လာနေပါတယ်။

အိမ့်သံစဉ်
ဧရာဝတီ

0 comments:

Post a Comment