Friday, August 29, 2014

အွန်လိုင်းတွင် ပုဂ္ဂိုလ်ရေး တိုက်ခိုက်ဖြန့်ဝေနေခြင်းများမှာ အဆင့်အတန်းမရှိဟု သန္တာလှိုင်တုံ့ပြန်



မကြာမီ ရက်ပိုင်းအတွင်း က ၀ါရင့်မော်ဒယ်သန္တာလှိုင်နှင့် ပတ်သက်၍ အွန်လိုင်းတွင် ရေးသားဖြန့်ဝေထားသည်များကို သြဂုတ် ၂၈ ရက်က ၎င်း၏ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ် စာမျက်နှာမှ တစ်ဆင့် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး အဆင့်အတန်းမရှိ သော အရေးအသားဖြစ်သည်ဟု တုံ့ပြန်လိုက်သည်။ပြီးခဲ့သော ရက်ပိုင်းအတွင်း က ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် မော်ဒယ်သန္တာလှိုင်နှင့် အာဏာ ရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေ၀င်း ၏ မြေးတစ်ဦးတို့အကြောင်း ရေးသားပြီး အွန်လိုင်းတွင်တင်ခဲ့ သူကို ရည်ရွယ်ပြောဆိုထားခြင်း ဖြစ်ပြီး ယင်းအရေးအသားများမှာ အောက်တန်းကျလွန်းပြီး ပူးတွဲ ဖော်ပြထားသော ပုံမှာလည်း အတုသာဖြစ်ကြောင်း အဓိပ္ပာယ်ရ သည့် တုံ့ပြန်မှုများကို တွေ့ရ သည်။

‘‘အနုပညာ အလုပ်လုပ်ပြီ ဆိုကတည်းက သူများတွေ ပြော ဆိုတာနှင့်ပတ်သက်ပြီး အရေထူ ရမယ်ဆိုတာ လုံးဝသိပြီးသားပါ။ ဒါကြောင့်လည်း တော်ရုံတန်ရုံ ပြောကြရေးကြတာတွေ အကုန် လုံးကို ကိုယ်ကတုံ့ပြန်လေ့ မရှိပါ ဘူး’’ဟု ရေးသားထားသည်။

‘‘မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းတွေက အခုရက်ပိုင်းအ တွင်းမှာ ခွက်ထိုးခွက်လန်ရယ်ပြီး ကိုယ်နှင့်ပတ်သက်တဲ့ ဟာသတစ် ပုဒ်ကို ဓာတ်ပုံတွေ ဘာတွေ တောင် အတုလုပ်ပြီး လူတစ် ယောက်က တင်ထားတယ်ဆိုတာ လာပြောပြကြတယ်’’ ဟု သန္တာ လှိုင်က ၎င်း၏ ပရိသတ်များအ တွက် ပြုလုပ်ထားသော ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် မျှဝေထား သည်။


7Day Daily

0 comments:

Post a Comment