Monday, August 25, 2014

အိန္ဒိယနိုင်ငံမှစစ်သွေးကြွများကို မြန်မာ တိုက်ခိုက်မည်

အိန္ဒိယနိုင်ငံ၏ အ ကြမ်းဖက်တိုက်ဖျက်ရေးကို ကူညီ ပံ့ပိုးသည့်အနေဖြင့် မြန်မာ့မြေ ပေါ်တွင်ရှိသည့် အိန္ဒိယအရှေ့ မြောက်ပိုင်း စစ်သွေးကြွများ၏သင်တန်းလေ့ကျင့်ရာစခန်းများကိုဖြိုခွင်းမည်ဖြစ်ကြောင်း မြန်မာအစိုးရက ပြောကြားလိုက်သည်။အိန္ဒိယနိုင်ငံကို ဆန့်ကျင် တိုက်ခိုက်ရန် အကြမ်းဖက်သမားများ မြန်မာ့မြေကို အသုံးပြုခွင့် ဘယ်တော့မှပေးမည်မဟုတ်ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်သည်။

မြန်မာအစိုးရအနေဖြင့် အိန္ဒိ ယအစိုးရသစ်၏ စစ်သွေးကြွ နှိမ်နင်းမှုများကို အပြည့်အ၀ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုသည်။

အိန္ဒိယနိုင်ငံစစ်သွေးကြွများ၏ လေ့ကျင့်ရေးစခန်းများနှင့် ပတ်သက်၍ နေရာနှင့် အခြားအ ချက်အလက်များကို တိကျစွာသတင်းပေး ပါက မြန်မာအနေဖြင့် ၎င်းတို့ကို အရေးယူရန် အဆင်သင့်ပါဟု ၀န်ကြီးဦးရဲထွဋ်က အိန္ဒိယနိုင်ငံသတင်းမီဒီယာတစ်ခုနှင့် မေးမြန်းခန်းတွင် ပြောကြားသည်။

မြန်မာသည် အရှည် ၁၆၄၀ ကီလိုမီတာရှိသော နယ်စပ်ကို အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းနှင့် ပူးတွဲပိုင်ဆိုင်သည့် မဟာဗျူဟာ အရ အိန္ဒိယနိုင်ငံအတွက် အရေး ပါသော နိုင်ငံတစ်ခုဖြစ်သည်။

အရှေ့မြောက်ပိုင်းစစ်သွေး ကြွများ၏ ပြဿနာနှင့်ပတ်သက် ၍ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူရမာဆ၀ါဂျီ၏ မြန်မာနိုင်ငံခရီးစဉ်တွင် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ပြောကြား ချက်အရ အာသံလွတ်မြောက်ရေး တပ်မတော် ULFA အပါအ၀င် စစ်သွေးကြွများ၏ စခန်းများမှာ မြန်မာဘက်တွင် အခြေချထား သည်ဟု ဆိုသည်။

‘‘အဲဒီဒေသက တောင်ကုန်း ထူထပ်တယ်။ ကျွန်တော်တို့ မူဝါ ဒက မြန်မာ့မြေကို သုံးပြီး အိမ်နီး နားချင်းနိုင်ငံတွေကို မတိုက်ခိုက် စေဖို့ဘဲ။ ကျွန်တော်တို့ တတ်နိုင် သမျှကြိုးစားနေပါတယ်။ မကြာ သေးခင်ကာလများကပဲ အိန္ဒိယနယ် စပ်တစ်လျှောက် တရားမ၀င် လက်နက်တွေ ကျွန်တော်တို့ ဖမ်း မိခဲ့ပါတယ်’’ ဟု ဦးရဲထွဋ်က ပြော သည်။

သို့သော်လည်း မြန်မာနိုင်ငံ ခြားရေးမူဝါဒအရ စစ်သွေးကြွများ အားတိုက်ခိုက်ချေမှုန်းရန် အိန္ဒိယ တပ်ဖွဲ့များကိုမူ မြန်မာ့မြေပေါ် တွင် စစ်ဆင်ရေးဆင်နွှဲရန် ခွင့်ပြုမည်မဟုတ်ဟု ၎င်းက ပြောကြားခဲ့သည်။

—Ref: India Times
7Day Daily

0 comments:

Post a Comment