Tuesday, August 26, 2014

ဖောက်ခွဲရေးပစ္စည်းရှာဖွေသောကိရိယာများ ရန်ကုန်နှင့် မန္တလေးလေဆိပ်တွင် စတင်တပ်ဆင်


ဖောက်ခွဲရေးပစ္စည်းများရှာဖွေနိုင်သောစက်ကို ရန်ကုန်လေဆိပ်တွင်တွေ့ရစဉ်(ဓာတ်ပုံ − ခန့်ထက်)

ဖောက်ခွဲရေးပစ္စည်းများ ရှာဖွေဖော်ထုတ်ရေးကိရိယာများ ရန်ကုန်လေဆိပ်တွင် သုံးခုနှင့် မန္တလေးလေဆိပ်တွင် နှစ်ခုစတင်အသုံးပြုနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင် စီ(JICA) မှ ကူညီထောက်ပံ့သည့် ဖောက်ခွဲရေးပစ္စည်းများ ရှာဖွေ ဖော်ထုတ်ရေးကိရိယာ ExplosiveTrace Deteation System (ETDS) များကို ရန်ကုန်လေဆိပ် နှင့် မန္တလေးလေဆိပ်တို့တွင် စတင်အသုံးပြုရန် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ JICA မှ သြဂုတ် ၂၆ ရက်၌ စ တင်လွှဲပြောင်းပေးအပ်ခဲ့သည်။

ယခင်က မြန်မာနိုင်ငံ၏ လေဆိပ်များတွင် ဓားကဲ့သို့သော သံ နှင့် သတ္တုပစ္စည်းများစစ်ဆေး သော Walk Through များအ ထုပ်အပိုးများ၏ အတွင်းပိုင်းကိုစစ်ဆေးနိုင် X-Ray စက်များကို သာတပ်ဆင်ထားသည်။

‘‘အခုတပ်ဆင်တဲ့စက်က တော့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို စစ်ဖို့အတွက်ပါ။ အဓိကတော့ ယမ်းလိုဟာမျိုးတွေ ပါလာမှုရှိ၊မရှိကို စစ်ဆေးဖို့အ တွက်ပါ’’ဟု လေကြောင်းဦးစီး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေ ထွန်းကပြောသည်။

ယင်းစက်များသည် မြန်မာ နိုင်ငံ၏ လေဆိပ်များတွင် ပထမ ဆုံးတပ်ဆင်အသုံးပြုသည့်စက် များဖြစ်သည်ဟု ဦးဝင်းဆွေထွန်း ကဆိုသည်။

X-Ray စက်ကို ဖြတ်သန်း ပြီးသော အထုပ်အပိုးများတွင် မ သင်္ကာဖွယ်ရာတွေ့ရှိပါက ယင်း စက်နှင့် စစ်ဆေးမည်ဖြစ်ပြီး ယင်း စက်မှ ပေါက်ကွဲစေတတ်သော ပစ္စည်းများပါဝင်မှု ရှိ၊ မရှိ တိုက် ရိုက်စစ်ဆေးနိုင်သည်ဟု ၎င်းက ဆိုသည်။

‘‘စက်နဲ့ စစ်တဲ့အခါမှာ လွန် ခဲ့တဲ့ ခြောက်လလောက်က အဲဒီ အိတ်ထဲမှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကိုထည့်ပြီး အသုံးပြု ထားတယ်ဆိုရင်တောင်မှ ဒီစက် က သိနိုင်တယ်’’ဟု ရန်ကုန်လေ ဆိပ်တွင် စစ်ဆေးရေးတာဝန်ရှိသူ တစ်ဦးကရှင်းပြသည်။

ဂျပန်နိုင်ငံ JICA မှာ မြန်မာ လေကြောင်းကဏ္ဍတွင် ကူညီ ထောက်ပံ့ရန်၂၀၁၂ ခုနှစ်က Grant Agreement ကို သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

ယင်းသဘောတူညီချက်အ ရ စီမံကိန်းတစ်ခုဖြင့် ယခုတပ် ဆင်ထားသော ETDS စက်အပြင် လေကြောင်းလမ်းညွှန်စက်များ ဖြစ်သည့် VOR/DME စက်များ လေဆိပ်သုံးမီးသတ်ကားများ၊ လေယာဉ်ပြေးလမ်းမီးများ၊ အလို အလျှောက်ရာသီဥတုတိုင်းတာ သည့် စက်များ၊ လေယာဉ်ပြေး လမ်းမျက်နှာပြင် ကြမ်းတမ်းမှု တိုင်းတာသည့် စက်များစသည့် တို့ကို ကူညီထောက်ပံ့သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


7Day Daily

0 comments:

Post a Comment