Friday, August 29, 2014

မြန်မာ ယူ-၁၉ အသင်းအား အစိုးရက ကျပ်သိန်း ၂,၅၀၀ ကျော် ပေးအပ်ဂုဏ်ပြု

နိုင်ငံတော်အစိုးရက ဘရူနိုင်း ဘုရင့်ဖလား ဗိုလ်စွဲခဲ့ သော မြန်မာ့လက်ရွေးစင် ယူ-၁၉ဘောလုံးအသင်းအား ဂုဏ်ပြုငွေ ကျပ်သိန်းနှစ်ထောင့်ငါးရာကျော် ပေးအပ်ခဲ့သည်။

ဗိုလ်စွဲခဲ့သော မြန်မာ ယူ-၁၉ဘောလုံး အသင်းသားများအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဂုဏ်ပြုလက်မှတ်များနှင့် အားက စားဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးတင့်ဆန်းက ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၂,၅၅၀ ကျော်ကို သြ ဂုတ် ၂၉ ရက် ညနေက နေပြည် တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ(၂)တွင် ပြု လုပ်သော ဂုဏ်ပြုပွဲ၌ ပေးအပ် ခဲ့ကြောင်း သတင်းထုတ်ပြန် သည်။ထို့ကြောင့် ပြိုင်ပွဲကြီးမဟုတ် ဘဲ မြန်မာ ယူ-၁၉ အသင်းမှာဂုဏ်ပြု ချီးမြှင့်ငွေ ကျပ်သိန်း ၄,၅၀၀ ကျော်နှင့် အမေရိကန်ဒေါ် လာ ၄,၃၀၀ ရရှိထားပြီးဖြစ်သည်။မြန်မာ ယူ-၁၉ အသင်းသည်ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲတွင် ချန်ပီယံဆု ရရှိခဲ့သောကြောင့် ဆုကြေးငွေ ဘရူနိုင်းဒေါ်လာနှစ် သောင်း ရရှိခဲ့သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် သြဂုတ် ၂၃ ရက်က ကျင်းပသော ဘရူနိုင်းဘုရင့်ဖ လား ဗိုလ်လုပွဲ၌ ဗီယက်နမ်လူ ငယ်အသင်းကို ၄-၃ ဂိုးဖြင့် အ နိုင်ရကာ ပြိုင်ပွဲတစ်လျှောက် ပထမဆုံးချန်ပီယံဖြစ်သည့် မြန်မာအသင်းအဖြစ် မှတ်တမ်းတင်နိုင် ခဲ့သည်။

ယင်းပြိုင်ပွဲတွင် မြန်မာအ သင်းသည် ပြိုင်ပွဲတစ်လျှောက် ရှုံး ပွဲမရှိ ကစားနိုင်ခဲ့ပြီး အသန့်ရှင်း ဆုံးဆုကိုလည်း ရရှိခဲ့သည်။

ယူ-၁၉ အသင်းအနေဖြင့် မြန်မာနိုင်ငံတွင် အောက်တိုဘာ လ၌ အိမ်ရှင်အဖြစ် လက်ခံကျင်း ပမည့် အာရှ ယူ-၁၉ ပြိုင်ပွဲ ဝင် ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေ ခြင်းဖြစ်သည်။


7Day Daily

0 comments:

Post a Comment