အိန္ဒိယအမျိုးသမီးတစ်ဦးရဲ့ဝမ်းဗိုက်ထဲမှာ ၃၆နှစ်ကြာ ရှိနေခဲ့တဲ့ သန္ဓေသားရဲ့ အရိုးစုကို ဆရာဝန်တွေက ဖယ်ထုတ်ခဲ့ရပြီး ဒါဟာ ကမ္ဘာ့သက်တမ်းအရှည်ကြာဆုံး သားအိမ်ပြင်ပသန္ဓေတည်ခြင်းဖြစ်လာနိုင်ကြောင်း ဆရာဝန်တစ်ဦးကပြောပါတယ်။
အခုချိန်မှာအသက် ၆၀ရှိနေပြီဖြစ်တဲ့ အမျိုးသမီးဟာ သူ့အသက် ၂၄နှစ်မှာ ကိုယ်ဝန်ဆောင်ခဲ့ပေမယ့် သန္ဓေသားဟာ သားအိမ် အပြင်ဘက်မှာ တည်ပြီး ကြီးထွားလာတာကြောင့် ကိုယ်ဝန်ပျက်ကျတဲ့ဝေဒနာခံစားခဲ့ရပါတယ်။နိုင်ငံအလယ်ပိုင်းဆင်းရဲနွမ်းပါးတဲ့ ကျေး လက်ဒေသမှာနေထိုင်တဲ့ ယင်းအမျိုးသမီးဟာ သန္ဓေသားရဲ့အကြွင်းအကျန်တွေကိုဖယ်ရှားဖို့လိုအပ်ချိန်မှာ ခွဲစိတ်မှုလုပ်ရမှာကို ကြောက် ရွံ့နေခဲ့တဲ့အတွက် နာကျင်မှုသက်သာစေဖို့ သာမန်ဆေးခန်းတစ်ခုမှာပဲ ဆေးဝါးကုသမှုခံယူခဲ့ပါတယ်။
နာကျင်မှုတဖြည်းဖြည်းလျော့ပါးလာခဲ့ပေမယ့် နှစ်အတော်ကြီးကြာတဲ့အခါ ဝေဒနာပြန်ပေါ်လာပြီး မခံမရပ်နိုင်ဖြစ်မှ အမျိုးသမီးက အိန္ဒိယအနောက်ပိုင်း ကဆေးရုံတစ်ရုံမှာ သွားရောက်ပြသခဲ့ပါတယ်။ ဆရာဝန်တွေက သူ့ဝမ်းဗိုက်ညာဘက်အောက်နားမှာ အလုံးတစ်လုံး စမ်းသပ်တွေ့ရှိခဲ့ပြီး ကင်ဆာဖြစ်နိုင်ကြောင်း စိုးရိမ်ခဲ့ကြပေမယ့် ထပ်မံစမ်းသပ်မှုတွေနဲ့ ဓာတ်မှန်တွေအရ မာကျောတဲ့အရာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
`ဓာတ်မှန်တွေကိုကြည့်ပြီးတာနဲ့ တွေ့ရတာက မာကျောနေတဲ့ အမြှေးအိတ်ငယ်တစ်ခုထဲမှာ လုံလုံခြုံခြုံရှိနေတဲ့ ကိုယ်လက်အင်္ဂါ ပြည်စုံပြီးသား အရိုးစုတစ်ခုဖြစ်နေတယ်။ ဒီလိုမျိုးအသက်၆၀ အရွယ်အမျိုးသမီးတစ်ဦးက ၃၆နှစ်ကြာအောင် ဗိုက်ထဲမှာ သန္ဓေသားရှိနေ နိုင်တာဟာ ဆေးလောကရဲ့အံ့ဖွယ်ဘနန်း ဖြစ်ရပ်တစ်ခုပါပဲ။ တစ်ခါမှမကြားခဲ့ဖူးဘူး ´ လို့ ခွဲစိတ်ဆရာဝန်ကြီး မာတာဇာအက်ခတာ က ပြောပါတယ်။
အခုအခါ အမျိုးသမီးရဲ့ သားအိမ်၊ အူ နဲ့ ဆီးအိမ်တို့ကြားမှာရှိနေတဲ့ ယင်းအရိုးတွေကို ဆရာဝန်တွေက အောင်မြင်စွာခွဲစိတ် ဖယ်ထုတ်ပေးခဲ့ပြီ ဖြစ်ပါတယ်။
အရင်က ဘယ်လ်ဂျီယံအမျိုးသမီးတစ်ဦးဟာ အလားတူ သန္ဓေသားအကြွင်းအကျန်တွေနဲ့ ၁၈နှစ်ကြာနေထိုင်ခဲ့ကြောင်း တွေ့ခဲ့ရ ပြီး သက်တမ်းအကြာဆုံးဖြစ်စဉ်အဖြစ်မှတ်တမ်းရှိခဲ့ဖူးပါတယ်။
ဘာသာပြန်…….. ယွန်းစန္ဒီနန်းမွန်
Ref:AFP
Kumudra
0 comments:
Post a Comment