Tuesday, August 26, 2014

ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိသူတွေ ပြုမူလေ့ရှိတဲ့ အလေ့အထများ



ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုဆိုတာကတော့ ဘယ်လိုဘဝမျိုးမှာပဲရှိနေပါစေ ကြောက်ရွံ့စိုးရိမ်စိတ်မရှိပဲ ဘဝကို ပြည့်စုံစွာ ဖြတ်သန်းသူတွေရဲ့ အရည်အချင်းတစ်ခုပဲဖြစ်ပါတယ်။ သူတို့တွေကတော့ စိတ်ကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားတွေရှိပြီး အရာရာကို အကောင်းဘက်ကသာ တွေးခေါ်တတ်တဲ့သူတွေပဲ ဖြစ်ပါတယ်။ သူတို့ဆီမှာ အမြဲတွေ့မြင်ရပြီး အတုယူစရာကောင်းတဲ့ အပြုအမူတွေကတော့…၁။ အမူအရာနဲ့ စကားပြောခြင်း

ဘယ်လောက်ပဲ လူအုပ်များတဲ့နေရာ ရောက်နေပါစေ အရည်အချင်းရှိတဲ့သူကို သတိထားမိဖို့ လွယ်ကူပါတယ်။ ကိုယ်ဟန်အမူအရာကို အသုံးပြုပြီးတော့ အခြားလူတွေကို လွှမ်းမိုးနိုင်ပါတယ်။ တစ်နေရာမှ တနေရာကို ရွှေ့သွားတာမျိုးမဟုတ်ပဲနဲ့ သူတို့စကားပြောနေတဲ့သူကိုသာ စိုက်ကြည့်ပြီးတော့ စိတ်ဝင်တစား စကားပြောလေ့ရှိကြပါတယ်။

၂။ အခြားလူတွေကို သူတို့ရဲ့အပြုံးကိုဝေမျှတတ်ကြပါတယ်။

ဘဝကို အကောင်းဘက်ကနေပဲ အမြဲမြင်တတ်တဲ့သူတွေမို့လို့ အမြဲပျော်ရွှင်နေတတ်ကြပြီး မျက်နှာမှာအပြုံးကို အမြဲတွေ့မြင်ရပါတယ်။ သူတို့သိတဲ့လူပဲဖြစ်ဖြစ် မသိရင်ပဲဖြစ်ဖြစ် သူတို့အပြုံးကို မနှမျောတတ်ကြပါဘူး။ အပြုံးဟာ အရှုံးမရှိဘူး ဆိုတာကို လက်ခံယုံကြည်ထားတဲ့သူပဲ ဖြစ်ပါတယ်။

၃။ အတင်းမပြောပါဘူး။

ပုံမှန်စကားပြောနေရင်းပဲဖြစ်ဖြစ် တခြားသူတွေရဲ့မကောင်းတဲ့အကြောင်းကိုပြောရင်း အချိန်မဖြုန်းတတ်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဘဝနဲ့သူတို့ သက်တောင့်သက်သာ ရှိနေကြလို့ပါပဲ။ သူငယ်ချင်းအားလုံးကို ကြင်ကြင်နာနာပဲ ဆက်ဆံတတ်တဲ့သူတွေလည်း ဖြစ်ပါတယ်။

၎။ ဆက်ဆံရေး အရမ်းကောင်းကြပါတယ်။

လူတော်တော်များများဟာ သူစိမ်းနဲ့စကားပြောရမှာ ခြေတုန်ချတုန်ဖြစ်တတ်ကြပါတယ်။ ယုံကြည်စိတ်ချမှုရှိတဲ့လူတွေကတော့ သူစိမ်းတွေနဲ့လည်း စကားအလွယ်တကူ ဖော်ဖော်ရွေရွေပြောနိုင်ပါတယ်။ အဲလိုလုပ်ခြင်းကနေ အခွင့်အရေး ပိုဖန်တီးရာရောက်သလို ဘဝအတွက် တိုးတက်မှုရှိနိုင်တယ်ဆိုပြီး ယုံကြည်ကြလို့ပါပဲ။

၅။ အမြင်မကောင်းဖြစ်နေမှာကို ဂရုမစိုက်ကြပါဘူး။

ထူးဆန်းပြီးတော့ ပုံမှန်လုပ်နေကျမဟုတ်တဲ့အရာတွေ လုပ်တဲ့အချိန်မှာ အခြားသူအမြင်မကောင်းဖြစ်သွားမှာကို စိုးရိမ်နေတဲ့သူတွေထဲမှာ ယုံကြည်စိတ်ချမှုရှိတဲ့သူတွေမပါ ပါဘူး။ ဘဝမှာ ခြားနားတဲ့အခြေအနေတွေ ပါဝင်တဲ့အတွက် အရာရာတိုင်းမှာ သင်ဟာ အမြဲတမ်းအကောင်းဆုံးချည်းပဲ မဖြစ်နိုင်ပါဘူးဆိုပြီး လက်ခံထားတဲ့သူတွေ မို့လို့ပဲ။ သူတို့ရဲ့နည်းလမ်းဟာ လူတိုင်းအတွက် အသုံးဝင်တဲ့အရာပဲဖြစ်ပါတယ်။

၆။ အခြားလူကို လွတ်လွတ်လပ်လပ်ပဲ ချီးကျူးစကားပြောကြပါတယ်။

သင့်ကိုယ်ပိုင် ယုံကြည်မှုကို မြှင့်တင်ချင်တယ်ဆိုရင်တော့ သူတို့လိုပဲ လွတ်လွတ်လပ်လပ် ချီးကျူးတတ်တဲ့အပြုအမူကို သင်ယူရမှာဖြစ်ပါတယ်။ ပွင့်လင်းပြီး ရိုးသားတဲ့အပြုအမူပဲဖြစ်ပါတယ်။

၇။ ချီးကျူးတဲ့စကားကို အပြုံးမျက်နှာနဲ့ပဲ လက်ခံတတ်ကြပါတယ်။

ချီးကျူးပြောဆိုတဲ့သူတွေကို ရှောင်ရှားတဲ့အပြုအမူဟာ တစ်ဖက်လူကို စော်ကားရာကျပါတယ်။ ယုံကြည်မှုအပြည့်ရှိသူတွေကတော့ အပြုံးနဲ့လှိုက်လှိုက်လှဲလှဲလက်ခံကြပါတယ်။ သင်အတုအယူနိုင်ဘူးဆိုရင်တောင်မှ “ကျေးဇူးတင်ပါတယ်” ဆိုရုံလောက်တော့ ကြိုးစားသင့်ပါတယ်။

Ref:womanitely.com

Trend Myanmar

0 comments:

Post a Comment