Tuesday, August 26, 2014

စန္ဒီမြင့်လွင်၏ သံစဉ်လိပ်ပြာသီချင်းကို ဒါရိုက်တာဝင်းလွင်ထက် ရိုက်ကူး

အဆိုတော်စန္ဒီမြင့်လွင်၏ တစ်ကိုယ်တော် ကလီယိုပါထရာစီးရီးထဲမှ သံစဉ်လိပ်ပြာသီချင်းကို နိုင်ငံရေးအခြေခံ ပုံရိပ်များဖြင့် ဒါရိုက်တာ ဝင်းလွင်ထက်က ပုံဖော်ရိုက်ကူးပေးခဲ့သည်ဟုမဇ္စျိမကိုပြောသည်။



" ဒီးဒီးရဲ့ ကလီယိုပါထရာအခွေထဲက သံစဉ်လိပ်ပြာသီချင်းကို ရိုက်ကူးပုံဖော်တာ သူရဲ့ သီချင်းစားသားထဲမှာပါတဲ့ အတိုင်းကို ပုံဖော်ရိုက်ကူးပေးထားတာ၊ "ဟု၎င်းက ၎င်းကပြောသည်။

ကလီယိုပါထရာ မှ သံစဉ်လိပ်ပြာသီချင်း အမ်တီဗီတွင် စန္ဒီမြင့်လွင်၊ အားတီတို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး အားဖြည့် သရုပ်ဆောင်များသည် ဖယောင်းတိုင်မီးများထွန်းညှိပြီး ဆုတောင်းနေပုံ သည့် ဇာတ်ဝင်ခန်းများပါဝင်သည်ဟုပြောသည်။ယင်းအပြင်ဂျိုးဖြူငှက်လွှတ်ခြင်း နှင့် အထိကရုန်းဖြစ်သသည့်ဇာတ်ကွက်များသည်ပါဝင် မည်ဖြစ်ပြီး ဆုတောင်းသည့် ဇာတ်ကွက်များကို ပြည်သူ့ဥယျာဉ် နှင့် မဟာဗန္ဓုလပန်းခြံတို့တွင်ရိုက်ကူးမည်ဖြစ်သည်။

ယင်းအမ်တီဗီတွင် ကလီယိုပါထရာ၊ Take Care၊ လည်တော့လည်တယ်၊ Ready JumpingFeat ၊ဇာတ်လမ်းအစ ၊သံစဉ်လိပ်ပြာ၊N0 1 Diva ၊ အိုသိပါပြီ၊ ည၊ အချစ်ရာသက်ပန်၊Running၊ မုန်းတယ်၊ Problem(Remix)သီချင်းများပါဝင်ပြီး Featuringကို ဖြူဖြူကျော်သိန်း၊ ရန်ရန်ချမ်း၊ ဟဲလေး၊ Ar-Tတို့ ကပါဝင်သီဆိုပေးထားသည်။

အဆိုတော် စန္ဒီမြင့်လွင်၏ ကလီယိုပါထရာအခွေသည် ၂ဝ၁၄ခုနှစ် ဇန်နဝါရီလတွင် ထွက်ရှိခဲ့ပြီး MTV ကို၂ဝ၁၄ခုနှစ် ဒီဇင်ဘာ လပိုင်းထွက်ရှိနိုင်ရန်စီစဉ်နေသည်ဟု စန္ဒီမြင့်လွင်က ပြောသည်။ ယင်းအယ်ဘမ်၏ အမ်တီဗီကို ခြောက်ပုဒ်ခန့် ရိုက်ကူးပြီးစီးပြီဖြစ်ပြီး ဒါရိုက်တာကိုသားကြီး၊ ဒါရိုက်တာမောင်မောင်သာမြင့်၊ ဒါရိုက်တာအောင်မြတ်၊ ဒါရိုက်တာရဲမြင့်သူနှင့် ဒါရိုက်တာဝင်းလွင်ထက်တို့ ကရိုက်ကူးပေးထားသည်။


Mizzima

0 comments:

Post a Comment