မြန်မာပြည်၏ ပြောင်းလဲလာသော အခြေအနေတစ်ခုကို ပြော ပါဆိုရင် ဆွေးနွေးပွဲများပြုလုပ်ခြင်းနှင့် စစ်တမ်းကောက် ယူပြီး (Report) ရေးခြင်းတို့ ပိုမိုဆောင်ရွက်လာသည်ဟု ပြော၍ရပါသည်။ ဒါကလည်း တိုင်းပြည်၏အခြေအနေမှန်ကို သိရှိရန် ခွဲခြား စိတ်ဖြာခြင်း(Problem Analysis) လုပ်ရမည့် အခြေခံအချက်အလက်ဆိုတာ လက်ခံပါသည်။ သို့ရာတွင် မြန်မာပြည်သည် အခြားသော ဖွံ့ဖြိုးပြီးနိုင်ငံများ နှင့်မတူပါ။ အင်တာဗျူးများ၊ မေးခွန်းများကို ဖြေဆိုရန် မဝံ့မရဲဖြစ်ခြင်း၊ မေးခွန်း အား သေချာစွာ နားလည်သဘောမပေါက်ခြင်း၊ Survey ကောက်ယူမည့်သူ၏ ကျွမ်းကျင်မှု(Skills) အားနည်းခြင်းတို့ တွေ့မြင်ရပါသည်။
တက္ကသိုလ်များတွင် ဘွဲ့လွန်မာစတာများ၊ ပါရဂူသင်တန်း တက်ရောက် မည်ဆိုပါက ကျမ်းကြီး၊ ကျမ်းငယ်များ တင်သွင်းရပါသည်။ ပြည်တွင်းရှိတက္က သိုလ်များနှင့် ပြည်ပရှိ တက္ကသိုလ်များ မတူညီတာ တစ်ခုတွေ့ရှိပါသည်။ ပြည်ပ ရှိ တက္ကသိုလ်များနှင့် (Scientific ဂျာနယ်များတွင် သုတေသန(Research) တစ်ခုတွင် ပါဝင်မည့်အရေအတွက် (Sampling Size) မည်သို့ တွက်ယူသည်။ မည်သည့်ပုံသေနည်းကို သုံးသည်ထက် အဆိုပါ ပါဝင်မည့်သူများအား ဒေသ ကိုယ်စားပြု မည်သို့ရွေးချယ်ပုံအဆင့်ဆင့် (Sampling Procedure) က အသေး စိတ်တင်ပြရန် ပို၍အလေးထားပါသည်။ သို့မှသာ အများကို ကိုယ်စားပြုသည့် သုတေသနစစ်တမ်းတစ်ခုအဖြစ် အသုံးဝင်မည်ဖြစ်ပါသည်။
ကျွန်တော်တို့နိုင်ငံ၏ သုတေသန စစ်တမ်းအချို့တွင် မိမိတို့၏ လိုအပ် သော အရေအတွက်ရရှိအောင် အဆင်ပြေသလိုကောက်ယူခြင်း (Convient Sampling Procedine) ဖြစ်ပါက ဒေသတစ်ခု၊ Community တစ်ခုကို ကိုယ် စားပြုသည့်အဖြေ (သို့မဟုတ်) Report တစ်ခုလို့ ပြော၍မရနိုင်ပါ။
ဟားဗတ်တက္ကသိုလ်နှင့် USAID တို့မှ ပညာရှင်များသည် မြန်မာနိုင်ငံ သို့လာရောက်ပြီး သုတေသနစစ်တမ်း ကောက်ယူမည်ဆို၍ ဝမ်းသာမိပါသည်။ သို့ရာတွင် အဆိုပါအဖွဲ့သည် သုတေသနကောက်ယူရန်မှာ ပါဝင်သည့်သူ သုံး လေးဦးသာရှိခြင်း၊ ဘာသာစကား အခက်အခဲရှိခြင်းတို့ကြောင့် ကိုယ်တိုင် ကောက်ယူနိုင်ခြင်း မရှိပါ။ ပြည်တွင်းမှ အရှိန်အဝါကြီးသည့် အဖွဲ့အစည်း တစ်ခုသို့ Data ကာက်ယူရန် အပ်လိုက်ပါသည်။ အဆိုပါ အဖွဲ့အစည်းတွင် လည်း လူဦးရေ နှစ်ယောက်နှင့် တစ်ပိုင်းသာရှိ၍ ထပ်မံပြီး တစ်ဆင့်ခံ (Sub Contract) တခြား အဖွဲ့အစည်းအား ပြန်၍ တာဝန်ပေးလိုက်သည်။ ရလာ သောအဖြေများ (Questionnaire) ကို အဆိုပါပြည်ပမှ ပညာရှင်များက ကွန် ပျူတာရှိ ဆော့ဝဲလ်(Statistical Software) များသုံး၍ ခွဲခြမ်းစိတ်ဖြာခြင်း (Analysis) လုပ်ကာ Report ရေးကြပါသည်။
အဆိုပါပညာရှင်တို့၏ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အစီရင်ခံစာ (မူ ကြမ်း)တင်ပြသည့် အစည်းအဝေးသို့ တက်ရောက်ခဲ့ရပါသည်။ အဆိုပါအစည်း အဝေးတွင် ဖြေကြားသည့်သူများအား ရွေးချယ်ပုံ (Sampling Procedure) အဆင့်ဆင့်ကိုမေးမြန်းရာ ပညာရှင်များက ကျေနပ်လောက်အောင် ပြန်လည် မဖြေကြားနိုင်ခဲ့ပါ။ ထို့အပြင် ရရှိလာသောအဖြေများသည်လည်း ကျွန်တော် တို့သိသည့် လက်တွေ့နှင့် ကွာဟချက်များ ရှိခဲ့ပါသည်။ နောက်ထပ် စစ်တမ်း တစ်ခုနှင့်ပတ်သက်၍ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သော အီရီအဖွဲ့မှ ထုတ်ပြန်ခဲ့ရာ ဝိုင်းဝန်းကန့်ကွက်သံ ကြားခဲ့ရပါသည်။ ဒါကလည်း သိပ္ပံနည်း ကျ(Scientifically) ဆွေးနွေးရမည်ဆိုပါက ရွေးချယ်ပုံမှားယွင်းခြင်း၊ (Selection Bias) ကြောင့် ရရှိလာသောရလဒ်မှာ အဖြေမှန်နှင့် နီးစပ်မှုအားနည်းခြင်း ဖြစ် နိုင်ကြောင်း တင်ပြအပ်ပါသည်။
အခြားအားနည်းချက်တစ်ခုမှာ ကျွန်တော်တို့ မြန်မာလူမျိုးများသည် မေး ခွန်းများကို ဖြေဆိုရန် ကြောက်ရွံ့နေကြခြင်းဖြစ်ပါသည်။ ဒါကလည်း နှစ်ပေါင်း များစွာ မိမိတို့၏သဘောဆန္ဒများကို တင်ပြခွင့်မရခြင်း၊ မြန်မာထုံးတမ်းစဉ်လာ အလေ့အထအရ ဆရာနှင့်ကျောင်းသား ပြန်လှန်ဆွေးနွေးငြင်းခုံခြင်း၊ အလေ့ အထအားနည်းပါသည်။
ကိုယ်တွေ့ စစ်တမ်းကောက်ယူမှုများမှ ဥပမာအချို့ကို ထုတ်နုတ်တင်ပြ ရမည်ဆိုရင် ဝင်ငွေနှင့်ပတ်သက်သော မေးခွန်းအား အငြိမ်းစားဝန်ထမ်းတစ်ဦး ကို မေးမြန်းသောအခါ အငြိမ်းစားလစာမှ ထောင်ဂဏန်းမျှသာရှိပါသည်။ မိသားစုဝင်လေးဦးဖြင့် မည်သို့မျှ စားသောက်နေထိုင်၍မရနိုင်ပါ။ နေထိုင်သည့် အိမ်မှာလည်း တိုက်ခံအိမ်ဖြစ်ပြီး ဆိုင်ကယ်နှစ်စီးလည်း ပိုင်ဆိုင်ပါသည်။ အ ခြားဝင်ငွေရလမ်းရှိပါက ပြောကြားရန် ပြောဆိုသော်လည်း ဖြေကြားခြင်းမရှိ ပါ။ ဒါနဲ့ အသုံးစရိတ် (Expenditure)ကို မေးသောအခါ ဈေးဖိုးက တစ်နေ့ ငါးထောင်ကျပ်၊ ဆိုင်ကယ်ဘီးဖိုး၊ ကျူရှင်ခ၊ ကျန်းမာရေးအသုံးစရိတ်၊ စုစုပေါင်း တစ်လလျှင် ကျပ်သုံးသိန်းခန့်ကျသည်ကို တွေ့ရ၍ ဘယ်ကရသလဲဟု ပြန် လည်မေးမြန်းရာ ကုမ္ပဏီတွင် ရှယ်ယာထည့်၍ လစဉ် ကျပ်ငါးသိန်းခန့်ရသည် ဟု ဖြေကြားခဲ့ပါသည်။
ကျန်းမာရေးအာမခံစနစ်ထားရှိရေး သဘောထားနှင့် ပတ်သက်ပြီး ၂ဝဝ၇ ခုနှစ်ခန့်တွင် မွန်ပြည်နယ်ရှိ ကျေးရွာတချို့တွင် မေးမြန်းရာ ''ကျန်းမာရေးအာမ ခံထားရှိဖို့ သဘောတူပါသလား''ဟု မေးမြန်းရာ ''ရဝတ ဥက္ကဋ္ဌကြီးသဘောပါ'' ဟု အများစုက ဖြေကြားကြပါသည်။ ဖြေဆိုသူ၏ဆန္ဒအရ လွတ်လပ်စွာဖြေဆို နိုင်ကြောင်းပြောဆိုရာ ဘေးက အိမ်နီးချင်းကို မေးကြည့်မည်ဟု ဖြေဆိုပါသည်။ မိမိတို့၏ သဘောထားဆန္ဒကို ထုတ်ဖော်ပြောဆိုပါက မှားယွင်းပြီး အရေးယူခံရ မည်ကို ကြောက်ရွံ့နေကြပါသည်။ ဈေးကွက်သုတေသနပြုလုပ်သည့် ကုမ္ပဏီ များသည်လည်း အခက်အခဲ တွေ့ရပါသည်။ ဖြေဆိုသူများက လခစားဖြစ်ပြီး ဝင်ငွေမှာ တစ်လ ကျပ်တစ်သိန်းဝန်းကျင်သာ ရသော်လည်း နေ့စဉ်အသုံးစရိတ် မှာ ဆေးလိပ်တစ်ဘူး ကျပ် ၃ဝဝဝ၊ နံနက်စာ ကျပ် ၂ဝဝဝ၊ နေ့လယ်စာ ကျပ် ၃ဝဝဝ၊ နေ့ခင်းလက်ဖက်ရည် ကျပ် ၅ဝဝ၊ ကားခ အသွား၊ အပြန် ကျပ် ၆ဝဝ အစရှိသဖြင့် မိသားစုစရိတ်နှင့် အိမ်ငှားခအပါအဝင်ဖြစ်ပါက ကျပ် နှစ်သိန်း ကျော်၊ သုံးသိန်းခန့် ကုန်ကျနေသဖြင့် ဝင်ငွေနှင့် အသုံးစရိတ် မမျှတဖြစ်နေ၍ အဆိုပါစစ်တမ်းများကို အသုံးပြု၍ Business Plan ဆွဲ၍မရ ဖြစ်နေကြပါ သည်။ မှန်ကန်မှုမရှိသည့်စာရင်း(Data)များပေါ် အခြေပြု၍ မူဝါဒ (Policy) များ၊ စီမံကိန်းများ(Plan) ချမှတ်ရေးဆွဲပါက ထိရောက်မှု ရှိမည်မဟုတ်ပါ။
တက္ကသိုလ်များရှိ ဘွဲ့ကြိုနှင့် ဘွဲ့လွန်စာတမ်းများ၊ ပါရဂူစာတမ်းများအား အဆင့်မီရန် ဦးစွာဆောင်ရွက်ရပါမည်။ အများစုမှာ ဘတ်ဂျက်မရှိဘူးဟု ဆင် ခြေပေးကြသော်လည်း ရှိသည့်ဟာနှင့် မဖြစ်မနေ ဆောင်ရွက်နေကြသည့် သုတေသနစာတမ်းများအား Research Methodology ဆိုင်ရာ အရည်အသွေး မြှင့်တင်ရန်ကိုမူ ဆောင်ရွက်ခြင်းမရှိကြပါ။ တက္ကသိုလ်များရှိ ဆရာကြီး၊ ဆရာမ ကြီးများသည် အလုပ်တာဝန် များပြားသည်ဆိုသည်မှာ မငြင်းနိုင်ပါ။ သို့သော် လည်း မိမိသိထားတတ်သမျှသာ အမှန်ဖြစ်သည်ဟု မူသေဆုပ်ကိုင်မထားဘဲ နိုင်ငံတကာ၌ ပြောင်းလဲနေသော သုတေသနစည်းမျဉ်း (Research Methodology) များကို လေ့လာပြီးလုပ်ရန် တိုက်တွန်းအပ်ပါသည်။
မြန်မာနိုင်ငံ၏ ကိန်းဂဏန်းများ၊ မှန်ကန်အောင် ဆောင်ရွက်ရမည်မှာ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဖြင့် ဆောင်ရွက်ရန်ရမည်မဟုတ်ဘဲ ကျွန် တော်တို့ ပြည်သူ ပြည်သားများအားလုံး ပါဝင်ဆောင်ရွက်မှသာ ရပါမည်။ မြန်မာနိုင်ငံ၌ သုတေသနစစ်တမ်းများ ဆောင်ရွက်မည့် အဖွဲ့အစည်းများသည် လည်း ရွေးချယ်ပုံစနစ် မှားယွင်းခြင်း(Selection Bias)နှင့် ဖြေဆိုမည့်သူ၏ အခြေခံဥာဏ်ပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ အမူအကျင့်ကိုလည်း ဂရုပြုရမည် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
TheYangonTimes
Yangon Media Group
0 comments:
Post a Comment