Monday, August 25, 2014

ဖိလစ်ပိုင် တပ်မတော်အရာရှိများ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် လေ့လာ

ဓာတ်ပုံ - အမ်ပီစီ

ဖိလစ်ပိုင်နိုင်ငံ တပ်မတော်ဦးစီးအရာရှိတက္ကသိုလ်က ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ အဆင့်မြင့်အရာရှိ ၄၁ ဦး ကိုယ်စားလှယ်အဖွဲ့ဟာ လက်ရှိ မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လာရောက်လေ့လာကြတယ် လို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ (အမ်ပီစီ) က ငြိမ်းချမ်းရေးဆွေးနွေးမှုအစီအစဉ်ရဲ့ တွဲဖက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးက ပြောပါတယ်။ဖိလစ်ပိုင်ကိုယ် စားလှယ် အဖွဲ့ကို အမ်ပီစီရဲ့ ငြိမ်းချမ်းရေးလုပ်ငန်း တည်ဆောက်ပုံ၊ လက်ရှိ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်တွေရဲ့ အခြေအနေ၊ ငြိမ်းချမ်းရေးဖြစ် စဉ်ရဲ့ အောင်မြင်မှုနဲ့ အခက်အခဲတွေကို ရှင်းပြခဲ့တယ်လို့ သူက ပြောပါတယ်။

ဖိလစ်ပိုင်စစ်တပ်ကိုယ်စားလှယ်ဘက်ကလည်း ဖိလစ်ပိုင်နိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ပြန်လည် ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံ တပ်မတော်အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးကိစ္စအတွက် ဒီကိုယ်စားလှယ်တွေ လာရောက်တာ ဖြစ်ပြီး အမ်ပီစီကို လာရောက်လေ့လာကြတာ ဖြစ်ပါတယ်။

အမ်ပီစီရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးလှိုင်နဲ့ ဦးအောင်နိုင်ဦးတို့က လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို ရှင်းလင်းပြခဲ့ကြပါတယ်။

DVB

0 comments:

Post a Comment