Sunday, August 24, 2014

ဘရူနိုင်းဘုရင့်ဖလားပွဲတွင် ချန်ပီယံဆုဆွတ်ခူးရရှိခဲ့သည့် မြန်မာယူ-၁၉ အသင်းက မြန်မာ့အမျိုးသားအမှတ်လက္ခဏာကို ပြန်လည်ဖော်ဆောင်ပေးနိုင်ခဲ့ပြီ


ရန်ကုန်အ ပြည်ပြည်ဆိုင်ရာ လေဆိပ်မုခ်ဦး ပေါက်ကို စတင်ရောက်ရှိလာသည် နှင့်အတူ ဒို့မြန်မာနိုင်ပြီ..ဒို့မြန်မာ နိုင်ပြီဆိုသော အောင်ပွဲရ မြန်မာအား ကစားသမားများကို ကြိုဆိုဂုဏ်ပြု သည့် တေးသီချင်းသံက လေဆိပ် ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံ လျက်ရှိနေသည်။
မြန်မာ့မြေပေါ်တွင် ၁ဝစုနှစ် တစ်စုနီးပါးမျှ တိတ်ဆိတ်နေခဲ့သည့် ထိုတေးသီချင်းသံနှင့်အတူ ထိုမုခ်ဦး ပေါက်မှစတင်ကာ ထောင်ကျော်သော ပရိသတ်များစွာကလည်း အောင်ပွဲရ မြန်မာဘောလုံးအားကစားသမား များကိုကြိုဆိုရန် စောင့်ဆိုင်းနေကြ သည်။ ကြိုဆိုရန်စောင့်ဆိုင်းနေကြ သည့်ပရိသတ်များတွင် အားကာသိပ္ပံ (ရန်ကုန်) မှ မျိုးဆက်သစ်လူငယ် ကစားသမားများ၊ သက်တမ်းလိုက် စခန်းသွင်းလေ့ကျင့်နေသည့် လူ ငယ်အမျိုသမီး၊ အမျိုးသားဘောလုံး သမားများအပါအဝင် အနုပညာရှင် များစွာကိုလည်း တွေ့ရသည်။
လာရောက်ကြိုဆိုနေသည့် အ နုပညာရှင်တစ်ဦးဖြစ်သူ နန်းခင်ဇေယျာက ''အောင်ပွဲရအားကစားသမား တွေကို ဂုဏ်ယူပါတယ်။ နန်းတို့လဲ မြန်မာ့ဂုဏ်ကိုဆောင်နိုင်ခဲ့သလို သူ တို့လဲ မြန်မာနိုင်ငံ့ဂုဏ်ကိုဆောင်နိုင် ခဲ့တဲ့အတွက် လာရောက်ကြိုဆိုတာ ပါ။ သူတို့ပြိုင်ပွဲကိုကြည့်ပြီးတော့လဲ အရမ်းစိတ်လှုပ်ရှားရပါတယ်''ဟု ပြောသည်။
ကြိုဆိုနေကြသည့် ပရိသတ် များကြားတွင်လည်း ဒို့မြန်မာနိုင်ပြီ ဆိုသောတေးသီချင်းများကို သံပြိုင် လိုက်ဆိုနေကြပြီး မြန်မာ..မြန်မာ ဟေ့ဆိုပြီး နိုင်ငံတော်အလံများကို ကိုယ်စီကိုင်ပြီး ဝှေ့ယမ်းကာ ဂုဏ်ပြု အော်ဟစ်နေကြသည်။
ရန်ကုန်အ ပြည်ပြည်ဆိုင်ရာ လေဆိပ်ထဲတွင် လည်း နိုင်ငံတကာသို့ထွက်ခွာမည့် ခရီးသည်များအပါအဝင် နိုင်ငံတ ကာမှဝင်ရောက်လာသည့် ခရီးသည် များကပါ ထိုမြင်ကွင်းများကို တအံ့ တသြဖြင့် စိတ်ပါဝင်စားစွာ ကြည့်ရှု နေကြသည်။
လာရောက်ကြိုဆိုနေကြသည့် ပြည်သူများအနက် ဗိုလ်လုပွဲတွင် မြန်မာအသင်းအတွက် အနိုင်ဂိုးကို သွင်းယူခဲ့သည့် အောင်သူ၏အစ်ကို ဖြစ်သူ ကိုပြည့်ဖြိုးအောင်က ''ဒါမျိုး အောင်မြင်မှုကိုမရရှိတာ တော်တော် ကြာပြီဖြစ်တဲ့အတွက် ယခုလို မြန်မာ နိုင်ငံအတွက် အောင်မြင်မှုကိုသယ် ဆောင်လာတဲ့အတွက် အရမ်းပဲဂုဏ် ယူမိပါတယ်။ ကျွန်တော့်ညီအတွက် လဲ အရမ်းပဲဂုဏ်ယူဝမ်းသာမိပါတယ်'' ဟု ပြောသည်။


များပြားလှသည့် ပရိသတ်များ နှင့် လေဆိပ်သို့ ဆိုက်ရောက်ထွက် ခွာလိုသူများဖြင့် ပျားပန်းခပ်သဖွယ် စည်ကားနေသည့် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်တွင် ကောင်း ကင်ပေါ်မှ ဆင်းသက်လာသည့် လေ ယာဉ်အသံကို ကြားလိုက်ရသည့်အ ချိန်တွင် ပိုပြီးလှုပ်လှုပ်ရှားရှားဖြစ်ကုန် ကြသည်။
အားကစားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးတင့်ဆန်းနှင့် မြန် မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်တို့ မြန်မာအသင်းနှင့် အတူ လေဆိပ်ထွက်ပေါက်ဝမှထွက် ခွာလာချိန်တွင် ကြိုဆိုနေကြသည့် ပရိသတ်များအပါအဝင် ပြည်တွင်း၊ ပြည်ပသတင်းဌာနများမှ သတင်း ရယူရန် စောင့်ဆိုင်းနေကြသည့် သတင်းသမားများကလည်း မြန်မာ ..မြန်မာ .. ဟေ့ဆိုသည့် ကြွေး ကြော်သံများ၊ နှုတ်ဆက်သံများက လေဆိပ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး လေဆိပ်ပြင်ပဧရိယာသို့ ရောက်ရှိ လာချိန်တွင် ကြိုဆိုနေသည့် ပရိ သတ်များက လူပင်လယ်ကြီးသဖွယ် ဖြစ်လျက်ရှိနေသည်။
လေဆိပ်တွင် အောင်ပွဲရကစား သမားများကို လာရောက်ကြိုဆိုနေ သည့် ပြည်သူတစ်ဦးဖြစ်သူ ဦးမြတ် ထွန်းတင့်က ''မြန်မာ့ယူ-၁၉အသင်း က တစ်ဦးတစ်ယောက်တည်းကောင်း တာမဟုတ်သလို တစ်ကိုယ်ကောင်း လည်းမဆန်ကြဘူး။ ဒါကြောင့်တစ် သင်းလုံးကို အားပေးခဲ့ပါတယ်'' ဟု ပြောသည်။
အချိန်က သြဂုတ် ၂၄ရက် ည နေ ၄နာရီကျော်လာပြီဖြစ်သည်။တိုက်တိုက်ဆိုင်ဆိုင် ညနေစောင်း ရောက်သည့်အချိန်တိုင်းတွင် မိုး သည်းထန်စွာရွာသွန်းလေ့ရှိသည့် ရန်ကုန်မိုးကလည်း ပရိသတ်များ၏ဆန္ဒကိုဖြည့်ဆည်းပေးနေလျက်ရှိနေ သည်။ သာယာနေသည့်ရန်ကုန်ရာ သီဥတုကြောင့် ကြိုဆိုရန်ရောက်ရှိ လာသည့် ပရိသတ်များက တဖြည်း ဖြည်းပိုများလာနေသည်။ ပြည်လမ်း မကြီးပေါ်ကို စတင်ရောက်ရှိလာ သည်ဆိုသည့်နှင့်အမျှ လမ်းပေါ်တွင် မောင်းနှင်နေကြသည့် မော်တော်ကား များကလည်း အောင်ပွဲရကစားသ မားများကို တချို့က လက်ပြနှုတ်ဆက် ကြပြီး၊ တချို့ကလည်း ကားများကိုရပ် တန့်ကာ ကားဟွန်းတီးပြီး ဂုဏ်ပြုကြ သည်ကို တွေ့ရသည်။
ယခုကဲ့သို့ မြန်မာ့ဂုဏ်ကိုဖော် ဆောင်ခဲ့သည့် မြန်မာယူ-၁၉အသင်း နှင့်ပတ်သက်ပြီး ရတနာပုံအသင်းအ ထွေထွေအတွင်းရေးမှူး ဦးအောင် ထွန်းဦးက ''အဓိကတော့ မြန်မာယူ- ၁၉အသင်းကို ဂုဏ်ပြုချင်လို့ လာ ရောက်ကြိုဆိုတာဖြစ်ပါတယ်။ တစ် သင်းလုံးကိုအားပေးသလို ရတနာပုံ လူငယ်ကစားသမားတွေ ဖြစ်တဲ့ အောင်သူနဲ့ မျိုးကိုထွန်းတို့ကလဲ ပြိုင် ပွဲမှာခြေစွမ်းပြနိုင်ခဲ့တဲ့အတွက် လာ ရောက်ဂုဏ်ပြုတာပါ''ဟုပြောသည်။


ရန်ကုန်ကို ပြန်လည်ရောက်ရှိ လာသည့် အောင်ပွဲရကစားသမား များ လှည့်လည်အောင်ပွဲခံမည့်နေ ရာများကိုလည်း မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်က ပြည်သူများထံ ကြို တင်အသိပေးထားသည့်အတွက် လေ ဆိပ်ကို အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်ကြသည့် ပရိသတ်များက လည်း မိမိတို့နှင့်နီးစပ်ရာလမ်းထိပ် များတွင် အောင်ပွဲရအားကစားသမား များကို ကြိုဆိုရန် စောင့်ဆိုင်းနေ ကြသည်ကို တွေ့မြင်နေရသည်။
လမ်းပေါ်ကို ထွက်ရောက်ကြို ဆိုနေကြသူများအနက် တချို့က လည်း ဗီယက်နမ်နှင့်ပွဲတွင် အနိုင်ဂိုး ကိုသွင်းယူခဲ့သည့် အောင်သူကို ဂုဏ် ပြုသည့်အသံများက ဖြတ်သန်းရာလမ်း တစ်လျှောက်တွင် အော်ဟစ် ဂုဏ် ပြုနေကြပြီး တချို့ကလည်း လက်ခုပ် တီး ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဂုဏ်ပြုနေကြသည်။
ရှစ်မိုင်လမ်းဆုံ အရောက်တွင် အမျိုးသမီးငယ်လေး တစ်ဦးက အောင်ပွဲရဘောလုံးသမား များစီးနင်းလာသည့်ကားများကို ပန်း စည်းများ သွားရောက်ပေးဆောင် ကာ ဂုဏ်ပြုနေသည်ကိုတွေ့ရပြီး ပြည်လမ်း မာလာဆောင်မှတ်တိုင် အနီးတွင်ရှိသော ကမ္ဘောဇဘဏ်ရုံး ချုပ်တည်ရှိရာနေရာတွင် အောင်ပွဲရ ကစားသမားများကို အစားအသောက် များဖြင့် ဧည့်ခံကြိုဆိုခဲ့ကြသည်။
မြန်မာယူ-၁၉ အသင်းသည် ဘရူနိုင်းဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် မြန်မာပရိသတ်များ၏ အခါးသီးဆုံး ပြိုင်ဘက်ဖြစ်ခဲ့သည့် ဗီယက်နမ်အ သင်းကို ဗိုလ်လုပွဲတွင် (၄-၃)ဂိုးဖြင့် အနိုင်ရရှိကာ ထိုက်ထိုက်တန်တန် ဗိုလ်စွဲခဲ့သည့် အသင်းဖြစ်သည်။ ပြိုင် ပွဲတစ်လျှောက်တွင်လည်း ရှုံးပွဲမရှိ ဘဲ ဆုဖလားနှင့် ဘရူနိုင်းဒေါ်လာ နှစ်သောင်းကို မြန်မာနိုင်ငံသို့ သယ် ဆောင်နိုင်ခဲ့ပြီဖြစ်သည်။

ပြိုင်ပွဲနှင့် ပတ်သက်ပြီး ယင်း ပြိုင်ပွဲတွင် ကြီးကြပ်သူတစ်ဦးအဖြစ် မြန်မာနိုင်ငံမှ တာဝန်ထမ်းဆောင်ခဲ့ သူ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးတင်အောင်က ''အုပ်စုပွဲ စဉ်တွေမှာတော့ မြန်မာအသင်းက စားပုံကိုမကြည့်ရှုခဲ့ရပါဘူး။ ဒါပေမဲ့ တခြားလူတွေ ပြောတာကတော့ မြန်မာအသင်းကစားပုံ ကောင်း တယ်လို့ပြောပါတယ်။ ကျွန်တော် ကတော့ မြန်မာအသင်းကစားတဲ့ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲစဉ်တွေ ကိုပဲ ကြည့်ရှုခဲ့ရပါတယ်။ ဒီပြိုင်ပွဲ မှာ လာပြိုင်တဲ့အသင်းအနေနဲ့ ခြေ စွမ်းပိုင်း ကောင်းမွန်တဲ့အသင်းတွေ ပါ။ သက်တမ်းအလိုက် အသင်းတစ် သင်းအနေနဲ့ မြန်မာအသင်းကစား ပုံကအရမ်းကိုကောင်းမွန်ခဲ့လို့ ထိုက် ထိုက်တန်တန် ဗိုလ်စွဲတာပါ။ ဒီပြိုင် ပွဲမှာ မြန်မာအသင်းအနေနဲ့ ရန် ဖြစ်တာတွေမရှိခဲ့တာ၊ ကြမ်းကြမ်း တမ်းတမ်းကစားတာကို ခံခဲ့ရပေ မယ့် ပြန်လည်မတုံ့ပြန်တာကတော့ နည်းပြ အုပ်ချုပ်သူတွေရဲ့ ဆုံးမသွန် သင်မှုကောင်းလို့ပါ''ဟု ပြောကြား သည်။


ဆယ်စုနှစ်တစ်စုနီးပါး အောင် ပွဲဖြင့် ဝေးကွာနေခဲ့ရသော မြန်မာ နိုင်ငံဘောလုံး အားကစားကို တစ် ဖန် အောင်ပွဲရရှိရန် စွမ်းဆောင် ပေးနိုင်ခဲ့ပြီးဖြစ်သော မြန်မာယူ-၁၉ လက်ရွေးစင်အသင်း လက်ထောက် နည်းပြ ဦးညီညီလတ်၏ ဇနီးက ''အ ခုလိုမျိုး အောင်မြင်မှုရတဲ့ အပေါ်မှာ ဝမ်းသာဂုဏ်ယူမိပါတယ်။ မြန်မာနိုင် ငံမှာကျင်းပမယ့် အာရှယူ-၁၉ ချန် ပီယံရှစ်ပြိုင်ပွဲမှာလည်း အခုလိုမျိုး အောင်မြင်မှုရမယ်လို့ ယုံကြည်ပါ တယ်''ဟုဆိုသည်။
ဆုဖလားကို မြန်မာနိုင်ငံသို့ သယ်ဆောင်လာသည့် မြန်မာယူ-၁၉အသင်းသည် ယခုကဲ့သို့ အောင် မြင်မှုရရှိသည်မှာ အမှန်တစ်ကယ် ပြောရလျှင် ဆန်းကြယ်သည်မဟုတ်။ ၂ဝ၁၃ဆီးဂိမ်းပြိုင်ပွဲ မတိုင်ခင်က ပင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အနာဂတ် မြန်မာ့လက်ရွေးစင်အသင်းအဖြစ် သတ်မှတ်ပြီး ကြိုတင်လေ့ကျင့်ပြင် ဆင်နေသည့်အသင်းဖြစ်သည့် အ တွက်ကြောင့်ပင်ဖြစ်သည်။ ယခု အသင်းနှင့် ကမ္ဘာ့အဆင့် တက် လှမ်းနိုင်ရန်အတွက် မြန်မာနိုင်ငံ တွင် အာရှယူ-၁၉ ပြိုင်ပွဲကို ဒေါ် လာသိန်းနှင့်ချီ၍ အကုန်အကျခံ ကာ အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပေးမည်ဖြစ်ကာယင်းပြိုင်ပွဲတွင် အ ကြိုဗိုလ်လုပွဲ တက်ရောက်နိုင်သည့် အသင်းလေးသင်းသည် ၂ဝ၁၅ခု နှစ်အတွင်း နယူးဇီလန်နိုင်ငံ၌ကျင်း ပမည့် ဖီဖာယူ-၂ဝ ပြိုင်ပွဲကို တိုက် ရိုက်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်သည်။
မြန်မာယူ-၁၉ အသင်းသည် အောင်မြင်မှု လွယ်လွယ်ကူကူရရှိခဲ့ သည့်အသင်း မဟုတ်ခဲ့ပေ။ ပြည် တွင်းနည်းပြဆရာ ဦးညီညီလတ်၊ နည်းပြချုပ် ဂတ်ဆီဇီ၊ အဖွဲ့ချုပ်မှ တာဝန်ရှိသူများက နေပူမရှောင်၊ မိုးရွာမရှောင် ပြုစုပျိုးထောင်ခဲ့ရ သည်။
ဆီးဂိမ်းတွင် မြန်မာယူ-၂၃ အသင်း မအောင်မြင်မှု၊ အမျိုးသမီး ဘောလုံးအသင်း ကမ္ဘာ့ဖလားအမျိုး သမီးပြိုင်ပွဲ ခြေစစ်ပွဲရှုံးနိမ်ခဲ့မှုတို့ ကြောင့် မြန်မာယူ-၁၉အသင်း သု ဝဏ္ဏစက်ဘီးလေ့ကျင့်ရေးကွင်းတွင် ခြေစမ်းရာ၌ လာရောက်အားပေး ကြည့်ရှုရင်း ''တကယ်တော့ မြန် မာ့လက်ရွေးစင်အသင်းတွေကို စီမံ ခန့်ခွဲရတာ ရထားအိုကြီးတစ်စင်းကို မောင်းနှင်နေရသလိုမျိုးပါပဲ''ဟု ဦး ဇော်ဇော်က သုံးသပ်ပြောကြားသည်။
အောင်ပွဲရ ကစားသမားများ သည် နိုင်ငံဂုဏ်ကို ဆောင်ယူလာ သည့် ဘရူနိုင်းဘုရင့်ဆုဖလားကို တစ်ထောက်နားနေသည့် နေရာမှ လှည်းတန်း-မြေနီကုန်း လမ်းအ တိုင်း ပရိသတ်များကို လှည့်လည် အောင်ပွဲခံခဲ့ပြီး ထိုမှတစ်ဆင့်သတ် မှတ်ထားသော လမ်းကြောင်းအ တိုင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ရုံးစိုက်ရာအနီး သုဝဏ္ဏအားကစား ကွင်းကိုသယ်ဆောင်ခဲ့သည်။ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိ သူများကလည်း အောင်ပွဲရကစား သမားများကို သုဝဏ္ဏအားကစား ကွင်းတွင် ဂုဏ်ပြုအခမ်းအနားပြု လုပ်ပေးခဲ့သည်။

မြန်မာယူ-၁၉အသင်း အောင် မြင်မှုသည် မြန်မာနိုင်ငံအတွက် အစ ခရီးသာရှိနေသေးသော်လည်း မြန် မာတစ်မျိုးသားလုံး ဂုဏ်ယူရမည့် အောင်မြင်မှုအစစ်အမှန်ဖြစ်သည်။
ထိုအောင်မြင်မှုကို အခြေပြု ကာ မြန်မာမြေပေါ်တွင် အောက် တိုဘာ ၉ရက်မှ ၂၃ရက်အထိကျင်း ပမည့် အာရှယူ-၁၉ပြိုင်ပွဲတွင် အာရှ ထိပ်သီးအသင်းများကို ထပ်မံအနိုင် ရရှိရန် ယခုထက်မကသောကြိုးစား မှုများကို မိမိတို့၏ ပရိသတ်များရှေ့ တွင် ပြသရန်လိုမည်ဖြစ်သည်။
တစ် နိုင်ငံလုံး၏ဂုဏ်ပြုမှုကို အားသာ ချက်အဖြစ်အသုံးပြုကာ ကစားသ မားတစ်ယောက်ချင်း၏ အရည်အ သွေး၊ သက်လုံပိုင်းကို ယခုထက် မြှင့် တင်ရအုန်းမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ၁၉၅၄ခုနှစ် တွင် အာရှဘောလုံးအဖွဲ့ စတင် တည်ထောင်ခဲ့သည့် အဖွဲ့အစည်း များတွင် တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး ၁၉၅၂ခုနှစ်ကပင် ကမ္ဘာ့ဘောလုံးအ ဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး မြန်မာ့ဘောလုံးရွှေခေတ်မှာ ၁၉၆၅- ၁၉၇၃အထိဖြစ်ခဲ့ပြီး ဆီးဂိမ်းယခင် (ကျွန်းဆွယ်ပြိုင်ပွဲ) ငါးကြိမ်ဗိုလ်စွဲ နိုင်ခဲ့ပြီး ၁၉၆၆-၁၉၇ဝအထိ အာရှ လူငယ်ပြိုင်ပွဲတွင် နှစ်ကြိမ်တိုင် ဗိုလ် စွဲနိုင်ခဲ့ပြီး အစဉ်အလာ သမိုင်းကြောင်း ကောင်းခဲ့သည့် အသင်းဖြစ်ကြောင်း လည်း သိရသည်။

Democracytoday
Yangon Media Group

0 comments:

Post a Comment