Saturday, August 30, 2014

UNFC ညီလာခံတွင် သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်

ကျင်းပဆဲ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ (UNFC) ညီလာခံ တွင် အခြေခံအယူအဆအချို့နှင့် ပတ်သက်၍ သဘောထားကွဲလွဲ မှုများ ရှိနေကြောင်း သတင်းရရှိ သည်။

UNFC ဖွဲ့စည်းပုံတွင် ပါဝင် သည့် ဗဟိုချုပ်ကိုင်မှုနှင့် ပတ် သက်သော သဘောထားအမြင်၊ လက်ရှိကာလတွင် နိုင်ငံရေးနှင့် စစ်ရေးမည်သည့် အချက်ကိုဦး စားပေးဆောင်ရွက်မည် စသည့် အခြေခံအယူအဆများနှင့်ပတ် သက်၍ အမြင်မတူမှုများ ရှိနေ ခြင်းဖြစ်ကြောင်း UNFC တွဲဖက် အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

‘‘အခြေခံအယူအဆ တချို့ မှာ ညှိဖို့နည်းနည်း လိုတာပါ။ နည်းနာပိုင်းလေးတွေ ဆက်ပြီးညှိ ရမှာ’’ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာ က ဆိုသည်။

UNFC ညီလာခံတွင် အဆို ပါ အခြေခံ အယူအဆများနှင့် ပတ်သက်၍ သဘောထားကွဲလွဲ နေသည့်အတွက် ခေါင်းဆောင် ပိုင်းပြန်လည်ရွေးချယ်ခြင်း၊ ရှေ့ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သုံးသပ်ခြင်းတို့ကို ဆွေးနွေးနိုင် ခြင်းမရှိသေးကြောင်း သတင်းရရှိ သည်။


ပထမအကြိမ် UNFC ညီလာခံကို သြဂုတ် ၂၅ ရက်မှစတင်၍ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်နေခြင်းဖြစ်သည်။ သြဂုတ် ၂၉ ရက်နှင့် ၃၀ ရက်များတွင် ညီလာခံကို ခေတ္တရပ်နား၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အပါအ၀င် ပြည်တွင်းနိုင်ငံရေးအင်အားစုများနှင့် တွေ့ဆုံခဲ့သည်။

UNFC ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး လက်ရှိဥက္ကဋ္ဌတာ ၀န်ကို ကေအိုင်အိုမှ ဒုတိယဗိုလ် ချုပ်ကြီး အင်ဘန်လက တာဝန် ယူထားသည်။ သြဂုတ် ၃၁ ရက်မှ စတင်၍ UNFC ညီလာခံကို အနည်းဆုံး ၂ ရက်ခန့် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day Daily

0 comments:

Post a Comment