Tuesday, August 26, 2014

အင်္ဂလန်တွင် ကလေး ၁၄၀၀ ထက်မနည်း လိင်ပိုင်းဆိုင်ရာကျူးလွန်ခံခဲ့ရ

အင်္ဂလန်နိုင်ငံ ဆောက်ယော့ရှိုင်းယားစီရင်စုရှိ ရိုသာဟမ်မြို့တွင် ၁၉၉၇ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ကလေးပေါင်း ၁၄၀၀ ထက်မနည်း လိင်ပိုင်းဆိုင်ရာ ကျူး လွန်ခံခဲ့ရသည်ဟု အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။



အသက် ၁၁ နှစ်အရွယ်အထိ ပါဝင်သော ကလေးငယ်များအနေဖြင့် မုဒိမ်းကျင့်ခံရမှုများ၊ ဖမ်းဆီးခေါ် ဆောင်ခံရခြင်းနှင့် အင်္ဂလန်နိုင်ငံအတွင်းရှိ အခြားမြို့များ သို့ ရောင်းစားခြင်း၊ ရိုက်နှက်ခြင်း၊ ခြိမ်း ခြောက်ခြင်းများ ပြုလုပ်ခံခဲ့ရကြောင်း သိရသည်။ရိုသာဟမ်မြို့တော်ကောင်စီအဖွဲ့က ကြီးကြပ်ပြုလုပ်ခဲ့သည့် အဆိုပါအစီရင်ခံစာ ထွက်ပေါ်လာပြီး နောက် ကောင်စီအကြီးအကဲက ဖြစ်စဉ်များနှင့်ပတ်သက်၍ တာဝန်မကင်းသောကြောင့် ရာထူးမှ ချက်ခြင်းနုတ်ထွက်ပေးမည်ဟု ကြေညာခဲ့သည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ ဆောက်ယော့ရှိုင်းယားစီရင်စု ရဲတပ်ဖွဲ့နှင့် ရိုသာဟမ်မြို့တော် ကောင်စီအဖွဲ့အား အဆိုပါ အစီရင်ခံစာတွင် ပြစ်တင်ဝေ ဖန်ထားသည်။

ရိုသာဟမ်မြို့ရှိ အာရှတိုက်နိုင်ငံအချို့မှ လူများ လာရောက်နေထိုင်သည့် ရပ်ကွက်တွင် အသက်မပြည့် သေးသူ မိန်းကလေးများအား လိင်ပိုင်းဆိုင်ရာ ကျူးလွန် မှုများ လုပ်ဆောင်ခဲ့မှုဖြင့် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလအတွင်းက လူငါးဦး ဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်း ယခုပြဿနာသည် လူသိရှင်ကြား ဖြစ်လာခဲ့ရသော် လည်း အဆိုပါမြို့တွင် ယင်းကဲ့သို့ ကျူးလွန်မှုများ ဆိုးဆိုးရွားရွား ရှိနေပြီးဖြစ် ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြစ်မှုကျူးလွန်သူများက ကလေးငယ်များအား ဓာတ်ဆီများဖြင့် လောင်းချပြီး မီးရှို့သတ်မှုများပြု လုပ်ခဲ့ပြီး မတော်မတရားပြုကျင့် မှုများ အား တွေ့ရှိသွားသူများအနေဖြင့် ရဲများကို တိုင်ကြားမည်ဆို ပါက နောက်တစ်ကြိမ်တွင် ၎င်းတို့အလှည့်ဖြစ်သွားမည်ဟု ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့သည်။

The Times သတင်းစာမှ ဂျာနယ်လစ်တစ်ဦးဖြစ်သူ အင်ဒရူးနော်ဖော့၏ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ အတွင်းက ထွက်ပေါ်လာခဲ့သော စုံစမ်းဖော်ထုတ်ရေး သားထားသည့် သတင်းတစ်ပုဒ်တွင် ဆောက် ယော့ရှိုင်းယားစီရင်စုတွင် အာရှနွယ်ဖွားလူဆိုးအုပ်စုက ထောင်ပေါင်းများစွာသော ကလေးငယ် များ အား လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများရှိနေကြောင်း ရဲတပ်ဖွဲ့၏ ၂၀၁၀ ပြည့်နှစ် လျှို့ဝှက်အစီရင်ခံစာတွင် သတိပေးထားကြောင်း ဖော်ပြထားသည်။

အဆိုပါ မြို့မှ လေဘာပါတီအမတ်ဟောင်း ဒင်းနစ်မက်ရှိန်းက ရဲများအနေဖြင့် အဆိုပါအမှုများကို နိုင်ငံရေးသမားများ မသိရှိစေရန် ဖုံးကွယ်ထားသည် ဟု ပြောကြားသည်။

“ရိုသာဟန် ရဲတပ်ဖွဲ့အနေနဲ့ ဒီအမှုတွေကို ဖော်ထုတ်နှိမ်နှင်းခဲ့ပြီး ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် မဖမ်းဆီနိုင်ခဲ့တဲ့ အမှုတွေလည်း အများကြီးရှိခဲ့ ပါတယ်” ဟု မက်ရှိန်းက ပြောကြားသည်။

ဆောက်ယော့ရှိုင်းယားရဲတပ်ဖွဲ့နှင့် အခြားအေဂျင်စီများပါဝင်သည့် ‘ကလေးငယ်များ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရမှု တိုက်ဖျက်ရေးအဖွဲ့’ ကို ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်းက ဖွဲ့စည်းခဲ့ပြီး အစီရင်ခံစာနှင့်ပတ်သက်၍ စုံစမ်းမှုများ လုပ်ဆောင်ခဲ့သည်။

ကလေးငယ်များ လိင်ပိုင်းဆိုင်ရာ အသုံးချခံရမှုကို နှိမ်နှင်းခဲ့ခြင်းမရှိဆိုသည့် စွပ်စွဲချက်များကို ရဲတပ်ဖွဲ့က ငြင်းဆိုခဲ့ပြီး ရဲတပ်ဖွဲ့သည် လူမျိုးရေးခွဲခြားဖိနှိပ်မှုများ လုပ်ဆောင်နေသည့် အမြင်များ ပေါ်ပေါက်မလာစေရန် ထုတ်ပြန်မှု မပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တုန့်ပြန် ပြောကြားခဲ့သည်။

အလားတူရာဇ၀တ်မှုများသည် အိုဟမ်၊ ရော့ခ်ျဒေးနှင့် ဒါဘီမြို့အပါအ၀င် မြို့ပေါင်း ၁၁ မြို့တွင်လည်း လူဆိုးအုပ်စုများကို ဖမ်းဆီးထောင်ချခဲ့ကြောင်း သိရသည်။
“ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ ပါကစ္စတန်နွယ်ဖွားတွေလည်း ပါဝင်နေပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာ ကျွန်တော်တို့ သိလိုပါတယ်” ဟု ဂျာနယ်လစ် နော်ဖောက ရေးသားထားသည်။

ရိုသာဟမ်မြို့တွင် အဆိုပါပြစ်မှုများနှင့်ပတ်သက်၍ ၂၀၁၂ ခုနှစ်တွင် ထပ်မံပြစ်ဒဏ်ချမှတ်ခဲ့မှုများ မရှိခဲ့ကြောင်း သိရသည်။

အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ၁၉၈၇ ခုနှစ်အတွင်းက လိင်ပိုင်းဆိုင်ရာ အသုံးချမှုလုပ်ဆောင်ခဲ့ ကြောင်း စွပ်စွဲခံရမှုကြောင့် ရိုသာဟမ်မြို့တော် ၀န် ဘာရီဒေါ့ဆန်သည် ယခုနှစ် ဇူလိုင်လအတွင်းက ရာထူးမှ နုတ်ထွက်သွားခဲ့သော်လည်း စွပ်စွဲခံရမှုအပေါ် တစ်စုံတစ်ရာ တုန့်ပြန်ပြောကြားမှု မပြုလုပ်ခဲ့ပေ။

ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုဖြင့် လူ ၂၉ ဦးကို တရားစွဲဆိုပြီးဖြစ်ကြောင်း ဆောက်ယော့ ရှိုင်းယား ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သော်လည်း အရေအတွက်မည်မျှကို ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်းကို ဖော်ပြမထားပေ။


Ref:Daily Star, Daily Mail
mizzimaburmese

0 comments:

Post a Comment