သူငယ်ချင်းတွေ အများကြီးရှိပေမယ့် အားလုံးက အချစ်ဆုံးသူငယ်ချင်းဖြစ်ချင်မှ ဖြစ်မှာပါ။ အောက်မှာဖော်ပြထားတဲ့အချက်တွေဟာ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်အကြားမှာသာရှိတဲ့ အဖြစ်အပျက်တွေပဲဖြစ်ပါတယ်။ ဒီလိုကိစ္စတွေဟာ ဘေးကလူတွေကြည့်ရင် အံ့သြသွားမှာဖြစ်ပေမယ့် တကယ်ချစ်ခင်နေတဲ့သူငယ်ချင်းနှစ်ယောက်ကြားမှာတော့ ဒီပတ်သက်မှုဟာ တန်ဖိုးအရှိဆုံးပဲ ဖြစ်ပါတယ်။၁။ အချစ်ဆုံးသူငယ်ချင်းတွေမှာ ရှိတဲ့ပစ္စည်းကို မငှားကြဘူး။ တောင်းလည်း မတောင်းကြပါဘူး။ ရိုးရိုးသားသားလိုချင်တာကို ကောက်ယူလိုက်ကြတယ်။ ပြန်ပေးဖို့ဆိုတာကလည်း ဖြစ်ချင်မှဖြစ်လာမှာပါ။
၂။ တစ်ခါတုန်းက တစ်ယောက်တည်း အထီးကျန်နေတဲ့အချိန်၊ အသည်းကွဲနေတဲ့အချိန်၊ စိတ်ညစ်နေတဲ့အချိန်တွေကို ပြန်ပြီးဟာသလုပ် ပြောဆိုတတ်တဲ့သူတွေလည်း အချစ်ဆုံးသူငယ်ချင်းကြားမှာပဲ ရှိတဲ့အလေ့အထလေးပါ။
၃။ သင့်ချစ်သူကို ဘယ်လောက်ကြောက်ကြောင်းနဲ့ သူ့စကားဘယ်လောက်နားထောင်ကြောင်း အတိအကျသိတဲ့သူကလည်း အချစ်ဆုံးသူငယ်ချင်းပါပဲ။ တခါတလေ ပြန်တိုက်ခိုက်ပြီး ဟာသလုပ်ပေးတဲ့သူတွေလည်း ဖြစ်ပါတယ်။
၎။ တစ်နေရာခရီးတိုထွက်ဖို့ သင့်ကို ဘယ်တော့မှအကြောင်း ကြိုတင်မကြားဘူး။ တစ်နာရီစောပြီးရောက်လာတယ်။ သင့်ကို အမြန်အထုတ်ပြင်ဖို့ မရမကတွန်းတဲ့သူက ဘယ်သူလဲ။ အချစ်ဆုံးသူငယ်ချင်းပဲ မလား။
၅။ စကားတောင်မပြောရသေးဘူး မျက်နှာအရိပ်အကဲကြည့်ပြီး ရယ်မောနိုင်တဲ့သူတွေဟာ တစ်ယောက်နဲ့တစ်ယောက်သေချာနားလည်ကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေကြားမှာပဲ ရှိပါတယ်။
၆။ ညနက်ထိအရက်မူးပြီး အိမ်မပြန်နိုင်လို့ ပထမဆုံး သင်ခေါ်တဲ့ဖုန်းနံပါတ်ပိုင်ရှင်ဟာ နှစ်ခါပြောစရာမလိုပါဘူး။ အချစ်ဆုံးသူငယ်ချင်းပဲ ဖြစ်ပါတယ်။
၈။ ဘယ်လိုမျိုးအခြေအနေမှာမဆို ဖုန်းခေါ်ဆိုပြီး အသင့်ရှိနေတဲ့တစ်ဦးတည်းသော သူဟာလည်း အချစ်ဆုံးသူငယ်ချင်းပါ။
၉။ ငယ်ငယ်တုန်းက သူငယ်ချင်းပဲဖြစ်ဖြစ် ကြီးမှခင်လာတဲ့သူငယ်ချင်းဖြစ်ရင်တောင်မှ သင့်မှာ ဘယ်လောက်ဆိုးတဲ့အကျင့်တွေ၊ အခက်အခဲတွေရှိနေပါစေ သင်နဲ့အတူ အမြဲရှိနေလိမ့်မယ်။
Ref:mensxp.com
Tuesday, August 5, 2014
အချစ်ဆုံးသူငယ်ချင်းတွေနဲ့သာ သက်ဆိုင်တဲ့ အရာများ
Trend Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment