ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေးလုပ်ငန်းခွင် မြင်ကွင်းတွေပါ။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေမှာ လည်း ခေါင်းလောင်းကြီးကို တွေ့ပြီလို့ ဆိုတာတွေလည်း ထွက်ပေါ်ခဲ့သလို ဓမ္မစေတီခေါင်းလောင်း ဟုတ် မဟုတ် မသိရသေးပေမယ့် ခေါင်းလုံးတခုတော့ တွေ့ပြီဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်လာနေပါတယ်။
ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေးလုပ်ငန်းခွင်မြင်ကွင်း ဓာတ်ပုံ - သော်ဟိန်းထက် / ဧရာဝတီ
လူတချို့ကတော့ ခေါင်းလောင်းကြီးဆည်ယူရေးကို အတော်စိတ်ဝင်စားနေကြပေမယ့် လူတချို့ကလည်း ဒီကိစ္စကို ဝေဖန်မှုတွေလည်း ပေါ်ထွက်နေပါတယ်။
ဓမ္မစေတီခေါင်းလောင်းကို ရှာတွေ့ပြီဆိုတဲ့ သတင်းတွေကိုတော့ အခုထိ သီးခြားအတည်ပြုလို့မရသေး ပါဘူး။ ဂမ္ဘီရဆန်တဲ့ နည်းစနစ်တွေနဲ့ပါ ခေါင်းလောင်းကြီး ရှာပုံတော်ကြောင့် သိပ္ပံနယ်လွန် ယုံကြည်သူများ အကြားအထူး စိတ်ဝင်စားဖွယ်ဖြစ်နေတာပါ။
မိုးတွင်းကာလ ရေစီးသန်ချိန်မှာ ရွေးပြီး အခုလို ခေါင်းလောင်းရှာဖွေမှုဟာ စဉ်းစားစရာဖြစ်နေတယ်ဆိုတဲ့
ဝေဖန်မှုတွေလည်း ဆက်တိုက် ထွက်ပေါ်နေပါတယ်။
တချို့ ဝေဖန်မှုတွေကတော့ ဒီ ဓမ္မစေတီခေါင်းလောင်းကြီးကို ဆယ်ယူမယ့်အစား ဆင်းရဲတွင်း နက်နေတဲ့ ပြည်သူ့ဘဝတွေကို ဆယ်တင်ဖို့ အဓိက လိုအပ်နေတာလို့ ထောက်ပြနေကြပါတယ်။
တချိန်ကတော့ အရပ်စကားတွေမှာ ဒီခေါင်းလောင်းကြီးဟာ ရေကျချိန်မှာ ပေါ်လာခဲ့ပြီး ရွှေတိဂုံဘုရားကို ဦးခိုက်လေ့ရှိတယ်ဆိုတဲ့ ပြောကြတာတွေလည်း ရှိခဲ့ပါတယ်။
တချို့က ပြောဆိုကြတာမှာ ရေထဲနစ်မြုပ်မှုမှာ ဓမ္မစေတီခေါင်းလောင်းကြီးနဲ့ အတူ နောက် ထပ် ခေါင်း
လောင်း ၃ လုံး နဲ့ သေတ္တာ ၁၄ လုံး ရှိတယ် ဆိုတဲ့ အရပ်စကားတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။
Monday, August 18, 2014
ဓမ္မစေတီခေါင်းလောင်း ရှာဖွေမှုနဲ့ စိတ်ဝင်စားဖွယ်များ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment