Tuesday, August 19, 2014

ဓမ္မစေတီခေါင်းလောင်းနှင့်အတူ အဖိုးမဖြတ်နိုင်သော ရှေးဟောင်းအမွေအနှစ်ရတနာပစ္စည်းများ ဆယ်ယူနိုင်တော့မည်လော



မြစ်သုံးဆိုင်အတွင်း နစ်မြုပ်လျက်ရှိ သည်ဆိုသောဓမ္မစေတီခေါင်းလောင်း တော်ကြီးကိုဆယ်ယူလျက်ရှိရာတွင်ဆယ်ယူခြင်းလုပ်ငန်းအောင်မြင်ပြီးမြောက် ခဲ့ပါကခေါင်းလောင်းတော်ကြီးနှင့်အတူနစ်မြုပ်နေသည်ဆိုသော အဖိုးမဖြတ်နိုင် ည့်ရှေးဟောင်းအမွေအနှစ်သာသနိကရတနာပစ္စည်းများကိုပါ ဆယ်ယူနိုင်မည် ဟုမျှော်လင့်ရပေသည်။ဓမ္မစေတီခေါင်းလောင်းတော်ကြီးနှင့် အတူ တန် ၆၀အလေးချိန်ရှိ အခြား ခေါင်းလောင်းတစ်လုံး၊ ဉဏ်တော်၇ တောင်ခန့်ရှိ ရွှေသားစစ်စစ် ရပ်တော်မူမြစ်စွာဘုရားနှစ်ဆူ၊ ဘုရားပုထိုး၊စေတီ မြတ်တို့မှစိန်ဖူးတော်၊ ငှက်မြတ်နားတော် နှင့် ပြည်သူများ၏ စိန်၊ရွှေ၊ ငွေ၊ လက် ၀တ်ရတနာ၊ ကျောက်သံပတ္တမြားများပါဝင်သော သေတ္တာ ၁၁ လုံး၊ ဓမ္မစေတီခေါင်းလောင်းတော်ကြီး၏ ပေ၊ ပုရပိုဒ်ပါသေတ္တာတစ်လုံး၊ သင်္ဘော ၂ စင်းတို့နစ်မြုပ်နေခြင်းဖြစ်ကြောင်း၊ခေါင်းလောင်း ကြီးကိုဆယ်ယူနေသော တိုင်းရင်းသား ပညာရှင် ဦးစံလင်းကမီဒီယာသို့ ထုတ် ဖော်ပြောကြားခဲ့ဖူးသည်။

တိုင်းရင်းသားပညာရှင် ဦးစံလင်းနှင့် အဖွဲ့သည်၁၀-၈-၁၉၉၇ မှ စတင်ကာ ဓမ္မစေတီခေါင်းလောင်းတော်ကြီးကိုစတင် ဆယ်ယူခဲ့ပြီး ၂၇-၇-၂၀၁၀ ရက်အထိ အတွင်း ငါးကြိမ်တိုင်တိုင် ဆယ်ယူခဲ့ရာ တွင်အကြောင်းအမျိုးမျိုးကြောင့် သယ် ယူနိုင်ခြင်းမရှိခဲ့ရာမှ ယခုအခါ ထပ်မံ ဆယ်ယူရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။

စောက် ၁၂ တောင်၊ အ၀ ၇တောင် ရှိပြီး အလယ်ဖောင်းရစ်တွင် နှစ်ကျိပ်ရှစ် ဆူဖောင်းကြွဘုရား ၂၈ ဆူနှင့်၎င်းအပေါ် ၌ အတွဲတစ်တွဲလျှင် ကျောက်သံပတ်္တမြား ၄၅ လုံးပါ အတွဲ ၄၅တွဲရှိ အတန်းနှစ် တန်း၊ စုစုပေါင်းကျောက်သံပတ္တမြား အလုံးပေါင်း ၄၀၅၀ လုံးပါရှိသော ဓမ်္မ စေတီခေါင်းလောင်းတော်ကြီးမှာမိုးကာလ ၌ ရေအနက် ၂၇ ပေ၊မြေကြီးအောက် ၂၅ ပေ၊ စုစုပေါင်းရေမြေအနက် ၅၂ ပေ တွင် နစ်မြုပ်နေခြင်းဖြစ်ကြောင်းလည်း ဦးစံလင်းက ပြီးခဲ့သောနှစ်များအတွင်း မီဒီယာသို့ထုတ်ဖော်ပြောကြားခဲ့သေး သည်။

လိုအပ်သောကူညီထောက်ပံ့မှုများ ကို အစိုးရဘက်မှ ကူညီဖြည့်ဆည်းပေးပါ က မြန်မာ့နည်း၊ မြန်မာ့ဟန်၊ မြန်မာ့ အဆင့်မြင့်နည်းပညာများကို အသုံးပြု၍ရက်အနည်းငယ်ဖြင့် ဆယ်ယူနိုင်မည်ဟု လည်း တိုင်းရင်းသားပညာရှင်ဦးစံလင်း က ယုံကြည်ထားသည်။

သြဂုတ် ၉ရက်မှစတင်၍ ဆလုံရေ ငုပ်ကျွမ်းကျင်သူ ၁၀ ဦးအပါအ၀င်အင် အား ၈၀ ခန့်က သောင်တူးသင်္ဘောများ အကူအညီဖြင့် ဆယ်ယူခြင်းလုပ်ငန်းကိုစတင်လုပ်ကိုင်ခဲ့ရာ လက်ရှိတွင် ခေါင်း လောင်းရှိနိုင်သောနေရာကို တွေ့ရှိပြီးဖြစ် သကဲ့သို့ ခေါင်းလောင်းဟုယူဆရသော အရာကိုလည်း တွေ့ရှိပြီဖြစ်ကြောင်းသတင်းများလည်းထွက်ပေါ်နေရာအမျိုး၊ ဘာသာ၊ သာသနာအတွက် ဂုဏ်ယူ အားတက်ဖွယ်ရာအခြေအနေပင်ဖြစ် သည်။

ခေါင်းလောင်းဆယ်ယူစဉ်ကာလ အတွင်း စိတ်ပူပန်စိုးရိမ်ကြောင့်ကြမှုများ၊ နှောင့်နှေးကြန့်ကြာမှုများ ကြုံတွေ့နိုင် မည်ဖြစ်ကြောင်း၊ အင်္ဂါသားဦးစံလင်း၏ မွေးနံအရယခင်ဆယ်ယူခဲ့ခြင်းများထက် အောင်မြင်မှုပိုမိုရနိုင်ကြောင်း၊ လက်ရှိ ဆယ်ယူမှုမှာ အောင်မြင်မှုရာခိုင်နှုန်း ၆၀ ခန့်ရှိနိုင်ကြောင်း နက်္ခတ်သိပ္ပံပညာရှင် ဦးဇေယျာကိုကမီဒီယာသို့ ထုတ်ဖော် ပြောကြားထားပြီး ဦးစံလင်းကလည်း အောင်မြင်မည်ဟု ယုံကြည်ကြောင်း၊ ကြုံ တွေ့လာသမျှကို ရဲရဲဝံ့ဝံ့ရင်ဆိုင်မည်ဖြစ် ကြောင်းပြောဆိုထားသည်။

ခေါင်းလောင်းဆယ်ယူခြင်းအပေါ် ယုံကြည်မှုများ၊ မယုံကြည်မှုများ၊ ဝေဖန်မှု များစွာ ထွက်ပေါ်နေချိန်လည်းဖြစ်သော် လည်း အများစုကမူ ခေါင်းလောင်းတော်ကြီးပြန်လည်ဆယ်တင်၍ မူလနေရာရွှေ တိဂုံစေတီတော်မြတ်ကုန်းတော်ပေါ်ထား ရှိနိုင်မည့်အရေးကို မျှော်တွေးဝမ်းသာ လျက်ရှိကြရာ ခေါင်းလောင်းတော်ကြီး နှင့်အတူပါရှိသည်ဆိုသော ရှေးဟောင်း အမွေအနှစ်သာသနိကပစ်္စည်းများနှင့် အဖိုးတန်ရွှေ၊ ငွေ၊ ကျောက်သံပတ်္တမြား ကိုပါ ဆယ်တင်ရရှိနိုင်မည့်အရေးကိုမျှော် တော်ဇောဖြင့်မောနေကြရပေသည်။

အောင်နိုင်သူ

hotnewsweekly

0 comments:

Post a Comment