Tuesday, August 5, 2014

သတင်းတိုထွာဆေးပညာ



ကောင်းစွာမအိပ်ရလျှင် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနိုင်

ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်နိုင် ခြင်းမရှိလျှင် တစ်ကိုယ်လုံးနာကျင်ကိုက်ခဲ မှုဝေဒနာကို ခံစားရမည်ဖြစ်ကြောင့်းု လေ့လာမှုတစ်ခုက ဖော်ထုတ်တင်ပြထား သည်။ အသက် ၅၀ကျော်အရွယ်များတွင် တစ်ကိုယ်လုံးနာကျင်ကိုက်ခဲမှုသည် ရောဂါ ဖြစ်ပွားမှု၊ မသန်မစွမ်းဖြစ်မှုနှင့် စိတ် ကျန်းမာရေးယိုယွင်းမှုတို့ကို ဖြစ်စေနိုင် သည်။The Arthritis Research UK Primary Care Cautre of Kecle University မှ Ross Wikie က လေ့လာ မှုတွင် ပါဝင်ခဲ့သူများ၏ တစ်ဝက်ခန့် ၅၀ ရာခိုင်နှုန်းခန့်က တချို့သော အရိုးအဆစ် ကြက်သားများနာကျင်ကိုက်ခဲတတ်ကြောင်း နှင့် လေးပုံတစ်ပုံ (၂၅ရာခိုင်နှုန်း)က ကိုယ် ခန္ဓာတစ်ခုလုံး၏ အရိုးအဆစ်ကြက်သား များနာကျင်ကိုက်ခဲသည်ပြောဆိုကြောင်း ထုတ်ဖော်တင်ပြခဲ့သည်။ ထိုသို့နာကျင် ကိုက်ခဲမှုဝေဒနာခံစားကြရသူများသည် အိပ်စက်အနားယူမှုကောင်းစွာမရကြသဖြင့် အားအင်ပြည့်ဖြိုးခြင်း မရှိသူများဖြစ်ကြ သည်ဟု ဆိုသည်။


အိပ်စက်အနားယူမှုညံ့ဖျင်းလျင် အရိုးအဆစ်ရောင်ရမ်းခြင်း၊ အာရုံသိမှု မကောင်းခြင်း၊ ပူပင်သောကခံစားရခြင်း နှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးချို့တဲ့ခြင်း တို့ဖြစ်နိုင်သည်ဟု တငုငန က ပြောကြားခဲ့ သည်။ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲမှု ခံစားရပြီဆိုလျင် အိပ်စက်အနားယူမှု ပြဿနာကို ကုသရန် လိုအပ်ပြီဟု မှတ်ယူ ရမည်။

သုတေသနပညာရှင်များသည် North Staffordshire, England မှ အရွယ်ရောက်ပြီးသူပေါင်း ၄၃၂၆ ဦးအား စောင့်ကြည့်လေ့လာခဲ့ကြသည်။ လေ့လာမှု တွင် ပါဝင်ခဲ့သူများ၏ အသက်မှာ ၅၀ ကျော်ဖြစ်ကြသည်။ ကနဦးအစတွင် နာကျင်မှုဝေဒနာခံစားရခြင်း မရှိသော် လည်း လေ့လာနေစဉ်၌ ၂၇၆၄ ဦးမှာ တချို့နေရာများ၌ နာကျင်ကိုက်ခဲမှုခံစားရ ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်ဟု ဆိုသည်။

ရင်ကျပ်ပန်းနာအတွက်ကုထုံးနည်းသစ်

ရင်ကျပ်ပန်းနာဝေဒနာအတွက် အဆုတ်လေပြန်ကျယ်စေသော ဆေးများ နှင့် ဝေဒနာထပ်မံမဖြစ်အောင်ကာကွယ် ဆေးများကို သောက်ဆေး၊ ထိုးဆေးနှင့် ရှူဆေးများအဖြစ်သုံးစွဲခဲ့ကြသည်။

လေပြန်များကျယ်စေပြီး လွယ်ကူစွာ အသက်ရှုနိုင်စေမည့် နည်းလမ်းတစ်ရပ်ကို တွေ့ရှိခဲ့ပြီဖြစ်သည်။ အဆိုပါကုထုံးကို Branchial Thermoplasty အပူကုထုံး နည်းဟု ခေါ်နိုင်သည်။ ဆေးဝါးမပါဘဲ ကုသမည့်နည်းဖြစ်သည်။

လေပြန်အတွင်း မှန်ပြောင်းဖြင့် ကြည့်ရှု၍ ၀ါယာစငယ်လေးများအသုံးပြု ကာ အသက်ရှုရာတွင် ပိတ်ဆို့နေသည့် တစ်သျှူးတချို့ကို လောင်ကျွမ်းစေခြင်းဖြစ် သည်။ ရင်ကျပ်ပန်းနာလူနာများတွင် ပြောင်ချောကြက်သား Smooth musdo များမှာ လိုအပ်သည့်ထက်ပို၍ များပြားနေ သည်ဟုဆိုသည်။ ထူနေသော ကြက်သား များကို အပူစွမ်းအင်သုံး၍ ပါးလွှာအောင် ပြုပြင်ခြင်းဖြစ်သည်။

ကုထုံးတွင် လူနာတချို့၌ အနည်းမျှ သော ဘေးထွက်ဆိုးကျိုးတွေ့ရသော် လည်း သမားရိုးကျဆေးဝါးများ မသုံးစွဲဘဲ ရောဂါဝေဒနာသက်သာမှုရနိုင်ကြောင်း တွေ့ရသည်ဟု ဆိုသည်။ အာရှဒေသတွင် ရင်ကျပ်ပန်းနာဝေဒနာကြောင့် သေဆုံးမှု မှာ မြင့်မားနေဆဲဖြစ်သည်။ ကုသမှုမှာ ခေတ်မမီခြင်းနှင့် ပြည့်ဝမှုမရှိခြင်းတို့ ကြောင့် ဖြစ်သည်။

ရင်ကျပ်ပန်းနာအတွက် Bronchial Thermoplasty ကုထုံးသည် လူနာများ အတွက် ဆေးဝါးမပါဘဲ ရောဂါသက်သာ မည်နည်းလမ်းတစ်ရပ်ဖြစ်ပေသည်။

လူဖန်တီးသောကြက်သား

အပြည်ပြည်ဆိုင်ရာ သုတေသနရှင် များအဖွဲ့မှ သိပ္ပံပညာရှင်များသည် အား အင်သန်စွမ်းသော ကြက်သားကိုဖန်တီး ရယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ ငါးဖမ်း ပိုက်ကွန်နှင့်ချုပ်ကြိုးများကဲ့သို့သော အမျှင် များကို အသုံးပြု၍ သန်စွမ်းသော ကြက် သားများကို ဖန်တီးတည်ဆောက်ရယူခဲ့ ခြင်းဖြစ်သည်။ အဆိုပါ ကြက်သားများ ဖန်တီးတည်ဆောက်မှုအတွက် ကုန်ကျ စရိတ်လည်း များပြားခြင်းမရှိဟုဆိုသည်။

The University of Texas နှင့် တရုတ်၊ ကနေဒါ၊ တူရကီ၊ သြစတြေးလျ၊ တောင်ကိုရီးယားနိုင်ငံများမှ တက္ကသိုလ် များနှင့်ပူးပေါင်း၍ High-Strength polymer fibres ခိုင်ခန့်သော ပေါ်လီမာ အမျှင်များကို အသုံးပြု၍ ကြက်သားများ ဖန်တီးခဲ့ခြင်းဖြစ်သည်။

လူဖန်တီးသော အဆိုပါကြက်သား များသည် အခြားအရွယ်ပမာဏတူ၊ အလျားတူ လူ၏ကြက်သားများထက် အဆ “၁၀၀”အားပိုမိုသန်စွမ်းကြောင်း The University of Texas မှ Li Na က ပြော ကြားခဲ့သည်။ ကြက်သား ၁.၀ ကီလိုဂရမ် သည် (7.1HP) ၇.၁မြင်းကောင်းရည် အားထိရှိသည်။ ကြက်သား ၁.၀ကီလို ဂရမ်အတွက် အမေရိကန် ၅ဒေါ်လာမျှ သာ ကုန်ကျသည်။ Nickel-titanium နီကယ်တိုက်တန်နီယမ်အလွိုင်း ဗူနပ ဖြင့် ပြုလုပ်ပါက အမေရိကန်ဒေါ်လာ ၃၀၀၀ ထိ ကုန်ကျသည်ဟုဆိုသည်။ အဆိုပါ ကြက်သားကို စက်ရုပ်များတွင် အသုံးပြုနိုင် မည်ဖြစ်သည်။

hrjournalmyanmar

0 comments:

Post a Comment