ရန်ကုန်မြို့၊ ဆရာစံလမ်းတွင် ပြည်ခိုင်ဖြိုးပါတီတိုင်းအဆင့် အလုပ်သမား၊ တောင်သူ၊ လူငယ်ဖိုရမ်ကို ဩဂုတ် ၃ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အေးမြင့်စန်း
တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်တို့ ပိုမိုပါဝင်စေခြင်းဖြင့် လာမည့် ရွေးကောက်ပွဲများ အနိုင်ရရေး ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ၊ တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက သြဂုတ် ၃ ရက်တွင် ပြောသည်။“တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်အများစု ရှိတာဖြစ်ပါတယ်။ လာမယ့် ၂၀၁၄ ကြားဖြတ်မှာပဲဖြစ်ဖြစ် ၂၀၁၅ ရွေးကောက်ပွဲမှာပဲဖြစ်ဖြစ် အနိုင်ရရှိထားဖို့ပါဖြစ်ပါတယ်။ ပါတီကို ပြည်သူ့ပါတီ ကူးပြောင်းရေး မဟာဗျူဟာလုပ်ငန်းစဉ်အနေနဲ့လည်း အလုပ်သမား၊ တောင်သူလယ်သမား၊ လူငယ်တွေအတွက် ဖိုရမ်က ချမှတ်လိုက်တဲ့ ရှေ့လုပ်ငန်းစဉ်တွေကို လက်တွေ့အကောင်အထည် မြန်မြန်ဖော်ခြင်းအားဖြင့် ခုန ပြောသလို အောင်မြင်မှုတွေ ရရှိမှာဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်း ပါတီရုံးချုပ်တွင် ပြုလုပ်သည့် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ် (၂၀၁၄) တွင် ၎င်းက ပြောသည်။
ပါတီအောင်နိုင်ရေးသည် ပါတီအပေါ်လူထု၏ထောက်ခံမှု အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့်အတွက် ဖိုရမ်က ချမှတ်လိုက်သော အလုပ်သမားမူဝါဒ ကိုးရပ်၊ တောင်သူလယ်သမား မူဝါဒ ရှစ်ရပ်။ လူငယ်ဖိုရမ် မူဝါဒ ကိုးရပ်ကို မြန်မြန်အကောင်အထည်ဖော်ရန်ဖြစ်သည်ဟု ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေ( ရန်ကုန်တိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ်)က ပြောသည်။
ယင်းလုပ်ငန်းများကို တောင်သူလယ်သမား၊ အလုပ်သမားတို့၏ ဆုံးရှုံးရသည့် နစ်နာမှုများ၊ အခွင့်အရေးများ၊ ရပိုင်ခွင့်များကို ရှိနှင့်ပြီး ပြည်သူ့အကျိုးပြု အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ ဆောင်ရွက်ရန် ပြည်ခိုင်ဖြိုးက စီစဉ်ထားသည်။
ပါတီ၏ လှုပ်ရှားမှုကို တစ်သီးတခြားမဖြစ်စေဘဲ တောင်သူလယ်သမားပုံစံ၊ အလုပ်သမားပုံစံ လူငယ်ပုံစံတို့ဖြင့် လိုအပ်သလို လှုပ်ရှားမှုကို ပုံဖော်ရန် ရည်ရွယ်ထားကာ ယင်းတို့နှင့်၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အောင်နိုင်ရေး စီမံချက်များ အချိတ်အဆက်မိစွာ ညှိနှိုင်းဆောင်ရွက်နိုင်မည်ဟု မျှော်မှန်းထားသည်။
တစ်အိမ်တက်ဆင်းစည်းရုံးခြင်းလည်း လုပ်ဆောင်မည်ဖြစ်ပြီး ယင်းမှ ၂၀၁၅ ရွေးကောက်ပွဲအခြေအနေ အကဲဖြတ်နိုင်ရန်၊ ပါတီအားနည်းချက်များ ပြုပြင်ရန် နည်းလမ်းကို ပြည်သူထံမှ သိရှိနိုင်ရန်၊ ပြည်သူ့ဆန္ဒလိုအပ်ချက်များ၊ ပါတီ၏ အမာခံအင်အားများ စုစည်းရရှိနိုင်စေရန် နှင့် ပါတီအင်အား တိုးပွားစေရန် ရည်ရွယ်သည်ဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ဖိုရမ်ပထမနေ့တွင် ပြောသည်။
သြဂုတ်၂ ရက်နှင့် ၃ ရက်တွင် ကျင်းပခဲ့သည့် ရန်ကုန်တိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ် (၂၀၁၄)တွင် အလုပ်သမား၊ တောင်သူလယ်သမား၊ လူငယ်များအတွက် ပါတီကဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များအတွက် စာတမ်းများ တင်သွင်းခြင်းကိုလည်း ဆောင်ရွက်ကြသည်။
Sunday, August 3, 2014
အခြေခံပြည်သူနှင့် လူငယ်တို့ အား ပြည်ခိုင်ဖြိုးယူမည်
Mizzima
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment