Monday, August 4, 2014

ကျူရှင်သင်ကြားခြင်းကို ခွင့်ပြုထားခြင်းမရှိ တိုင်ကြားပါက ထိရောက်စွာ အရေးယူမည်

ကျောင်းဆရာ၊ ဆ ရာမများ ကျူရှင်သင်ကြားခြင်းကို ခွင့်ပြုထား ခြင်းမရှိဘဲ ကျူရှင်သင်ကြားခြင်း မှန်ကန် လျှင် ထိရောက်စွာ အရေးယူမည်ဟု အမှတ် (၃)အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးမင်းဇော်က ပြောသည်။


ကျာင်းဆရာ၊ ဆရာမများ ကျူ ရှင်သင်ကြားခြင်းနှင့် ပတ်သက်၍ တိုင်တန်း ခြင်း များဖြစ်ပေါ်လျက်ရှိပြီး ပြည်ထောင်စု ဝန်ကြီးဒေါက်တာခင်စန်းရီမှ ဆရာ၊ဆရာ မများ မိမိအသက်မွေးဝမ်းကျောင်း အတတ် ပညာဖြင့် အားလပ်ချိန်တွင် ကိုယ်ပိုင်ဝင်ငွေ ဖြည့်ဆည်းခွင့်ရှိကြောင်း ပြောကြားခဲ့ခြင်း အပေါ် ဆရာ၊ ဆရာမများက ကျူရှင်သင် ကြားခွင့်ရှိသည်ဟုယူဆ၍ ကျူရှင်သင်ကြား နေသောကြောင့် ယခုကဲ့သို့ ထပ်မံထုတ်ပြန် ခြင်းဖြစ်သည်ဟု ယင်းက ပြောသည်။''ပြည်ထောင်စုဝန်ကြီး ပြောတာ ကို ဆရာ၊ဆရာမတွေက အထင်မှားနေတယ်။ ပြီးတော့ ကျူရှင်နဲ့ပတ်သက်ပြီး တိုင်တန်း တာတွေ တောက်လျှောက်ဖြစ်နေတယ်။ ဒါ ကြောင့် အတန်းပိုင်တွေ ကိုယ့်ကလေးတွေ ကိုယ် ကျူရှင်သင်တာခွင့်မပြုပါဘူး။ အ ထောက်အထား ခိုင်ခိုင်မာမာနဲ့ လာတိုင်ရင် တော့ သွားစစ်ဆေးပြီး အရေးယူသွားမှာပါ'' ဟု ပြောသည်။

ကျောင်းဆရာလစာသည် ယင်း တို့အတွက် မလုံလောက်သောကြောင့် ကျူ ရှင်သင်ကြားရခြင်းဖြစ်သည့်အပြင် ကျူရှင် သင်ကြားခွင့်မပြုဆိုသည့်အတွက် သင်ကြား တော့မည်မဟုတ်ပါဟု ပန်းဘဲတန်းမြို့နယ် မှ အထက်တန်းပြ ဆရာမဒေါ်မာမာ (အမည် လွှဲ)က ''ဆရာမတို့ဘက်က အခုရတဲ့လစာက ဆရာမတို့အတွက် အဆင်မပြေဘူး။ လစာ တိုးပေးတယ်ဆိုပေမယ့် ကုန်ဈေးနှုန်းတက် တာတွေ၊ မီတာခတက်တာတွေကြောင့် လုံးဝ ကို အဆင်မပြေတာပါ။ ဒါကြောင့် ကျူရှင် ကို အပိုဝင်ငွေအနေနဲ့ရော ကလေးတွေအ ဆင်ပြေဖို့ရော သင်ပေးတာ။ သူတို့ကမသင် နဲ့ဆိုရင် မသင်ရုံဘဲပေါ့။ သူတို့စည်းကမ်းကို တော့ လိုက်နာရမှာပေါ့'' ဟု ပြောသည်။

အတန်းပိုင်တွင် ကျူရှင်မထား ပါက အခက်အခဲရှိနိုင်သည်ဟု စမ်းချောင်း မြို့နယ်ရှိ မူလတန်းကလေးမိဘတစ်ဦးက ''အခုခေတ်က ပညာကိုအပြိုင်အဆိုင်သင် တဲ့ခေတ်လေ။ ကိုယ့်ကလေးတွေကိုစာလိုက် နိုင်ဖို့ကတော့ လုပ်ရမှာပဲ။ ပြီးတော့ အတန်း ပိုင်မှာ ကျူရှင်မတက်ရင် ဆိုတာတွေက ခု ထက်ထိရှိနေတာ လူတိုင်းသိတယ်။ အတန်း ပိုင်ဆီမှာမတက်ရင် ကလေးအတွက် အခက် အခဲဖြစ်တယ်လေ''ဟု ပြောသည်။

သာကေတမြို့နယ်မှ မူလတန်း ပြဆရာမတစ်ဦးက ''အဆင်မပြေဘူး။ မ လောက်တဲ့အတွက်လုပ်တာ အပြစ်ပြောလို့ ဘယ်ရမလဲ။ ကလေးတွေကိုစေတနာနဲ့သင် ပေးတဲ့ဆရာမတွေဆို ဘယ်လိုလုပ်မလဲ။ မိဘတွေကလဲ သူတို့ကလေးတွေကို လာထား ကြတယ်လေ။ မသင်နဲ့ဆိုလဲ မသင်ရုံဘဲပေါ့။ သူတို့ပြောတာတော့ တိုင်ကြားမှလို့ ပြော တယ်'' ဟု ပြောသည်။

ကျာင်းဆရာ၊ ဆရာမများအား ကျူရှင်မသင်ကြားရဥပဒေကို ၁၉၇၄ နှောင်း ပိုင်းတွင်ထုတ်ပြန်ထားပြီး ၂ဝ၁၄ ခုနှစ် ဇူ လိုင်၁၇ရက်တွင် အမှတ်(၃) အခြေခံပညာ ဦးစီးဌာနမှ ကျောင်းဆရာ၊ဆရာမများကျူရှင်သင်ကြားခြင်း မပြုရန်နှင့် တိုင်ကြားပါ က ထိရောက်စွာရေးယူမည်ဟု ညွှန်ကြား ချက် ထပ်မံထုတ်ပြန်ထားသည်။

အေးမိုးကိုကို - Flower News Journal အတွဲ (၁၀)၊ အမှတ် (၃၀)။
Yangon Media Group

1 comments:

  1. I think something is wrong in this post. Salary of teacher is very low compare to living standard. So they have to get outside income to support their families. Authority ban teacher not to teach outside school. OK fine. What about authority? They are taking many bribery from outside illegally. Who can take action to them? Is that fair??

    ReplyDelete