Monday, August 18, 2014

ဒီမာရီယာအတွက် မန်ယူအသင်း ပေါင်သန်း ၁၀၀ ခန့်သုံးစွဲရန် ပြင်ဆင်

နည်းပြဗန်ဟား၏မန်ယူအသင်းသည် အပြောင်းအရွှေ့ကာလမပိတ်မီရီးယဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား ဒီမာရီယာအတွက် ပေါင်သန်း ၁၀၀ခန့်သုံးစွဲခေါ်ယူရန်ပြင်ဆင်နေသည်။



မန်ယူနည်းပြဗန်ဟားသည် ကမ္ဘာ့အဆင့်ကစားသမားမဖြစ်မနေခေါ်ရန်အတွက်ဒီမာရီယာကို ရီးယဲလ်ထံမှ ဖြစ်သည်နည်းလမ်းဖြင့် ၀ယ်ယူလိုကြောင်းမန်ယူ အမှုဆောင် ဒုဥက္ကဌ ၀ုဒ်ဝက်ဒ်ကို ပြောဆိုထားသည်။ မန်ယူအသင်းအနေပြင် အာဂျင်တီးနားတောင်ပံ ကစားသမား ၏ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး တစ်ပ တ်ပေါင်နှစ်သိန်းပေးဖွယ်ရှိကြောင်း ဒေးလီးမေးလ်သတင်းစာက သုံးသပ်သည်။သို့ဖြစ်ရာမန်ယူ အသင်းအနေဖြင့် ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ အပါအ၀င်ငါးနှစ်စာ လစာအတွက် ပေါင်သန်း ၁၀၀ ခန့်ကုန်ကျရဖွယ်ရှိနေခြင်းဖြစ်သည် ။အသက် ၂၆ နှစ်အရွယ် ဒီမာရီယာရရှိမည့်လစာမှာအသင်းမှကြယ်ပွင့်တိုက်စစ်မှူးများဖြစ်သော ရွန်နီ၊ ဗန်ပါစီတို့နှင့်တန်းတူဖြစ်သည်။

မန်ယူအသင်းမှလုပ်ခလစာနှုန်းထားမြင့်မားစွာဖြင့်ကမ်းလှမ်းမည့်အပေါ်ဒီမာရီယာကလည်း သတိထားမိမည်ဖြစ်ပြီး ချမ်းသာ သော ကလပ်အသင်းဖြစ် သည့်ပီအက်စ်ဂျီအပါအ၀င် အခြားအသင်းများထက် အင်္ဂလန်ကလပ်၏ ကမ်းလှမ်းမှုအနေအထားကိုအံ့အားသင့်နေနိုင် ကြောင်း ဒေးလီးမေးလ်သတင်းစာကပင် ဆက်လက်ဖော်ပြသည်။

ရီးယဲလ်အသင်းကသဘောတူနိုင်မည်လားဆိုသည်ကို ဆက်လက်စောင့် ကြည့်ရမည်ဖြစ်သည်။ဗန်ဟားနှင့် ၀ုဒ်ဝက်တို့သည် ချန်ပီယံလိဂ်ဝင်ခွင့်မရဘဲထိပ်သီးကစားသမားခေါ်ရန်ခက်နိုင်ကြောင်း သိထားသဖြင့်ငွေအမြောက်အများသုံးစွဲရန် ပြင်ဆင်နေရခြင်းဖြစ်သည်။

ဗဟိုနောက်ခံလူနှင့်ကွင်းလယ်ကစားသမား ဖြည့်တင်းရန်လိုအပ်သည်ဟု မန်ယူ နည်းပြ ဗန်ဟားကသိရှိထားသည်။ မန်ယူအသင်းသည် အေဂျက်ဇ်မှ ဘလိုင်းနှင့် စပို့တင်းမှရိုဟိုတို့ကိုလည်း စိတ်ဝင်စားနေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

Mizzima

0 comments:

Post a Comment