Sunday, August 3, 2014

၂၀၁၅ မှာ ဘယ်အစိုးရ တက်မလဲ ( The Voice weekly )


နည်းနည်းဖတ် များများစဉ်းစားကြစေလိုပါသည်။
PR မဖြစ်ပါက အောက်ပါတွက်ချက်မှုကို ထည့်စဉ်းစားရန်မလိုပါ။
တပ်မတော်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်များ Complement မူနဲ့
ပေါင်းနိုင်ရင် တိုင်းရင်းသားသမ္မတကြီးပေါ်ပေါက်လာနိုင်ပါကြောင်း။
နောက်ဖြစ်နိုင်ခြေတစ်ခုကတော့ တပ်က အမည်စာရင်းတင်သွင်းသူက
သမ္မတဖြစ်နိုင်ခြေဖြစ်ပြီး ဖြစ်တန်ရာအခြေအများဆုံးScenario လည်းဖြစ်ပါကြောင်း။
အင်အားစုအားလုံး ကြိုတင်ပြင်ဆင်နိုင်ရန်နဲ့ အမျိုးသားစီးလုံးညီညွတ်ရေးကို ဖော်ဆောင်
နိုင်စေရန် ရည်ရွယ်တင်ပြလိုက်ရပါကြောင်း။
PR ပေါ်လာပြီးတဲ့ နောက် ၂၀၁၅ မှာ ဖြစ်နိုင်ခြေတွေက ပြောင်းသွားပါတယ်။
အတိုက်အခံ အစိုးရပေါ်ပေါက်နိုင်ခြေ တော်တော်နည်းသွားပါတယ်။ပြည်ခိုင်ဖြိုးအစိုးရ ဖြစ်လာဖို့ကလည်း
တော်တော်ခက်ခဲသွားတယ်လို့ယူဆရပါတယ်။ ( လုံးလုံး မဖြစ်နိုင်တော့ဘူးလို့
မဆိုလိုပါ။) အတိုက်အခံတို့အနေနဲ့ ရွေးကောက်ပွဲမတိုင်ခင်မှာ အင်အားစု အချင်းချင်း
ကြိုတင်ညှိနှိုင်းပြီး ရွေးကောက်ပွဲ ပြီးတဲ့ အခါပေါင်းစည်းဖြည့်စွက်မူဝါဒ( Complement
Policy ) ကို သုံးနိုင်ဖို့ ပိုပြီးလိုအပ်လာပါတယ်။ ဘယ်ပါတီကမှ တစ်ပါတီထဲ
မဲနဲ့ အစိုးရဖွဲ့နိုင်ဖို့မဖြစ်နိုင်တော့ သလောက် အခွင့်အလမ်းနည်းပါးသွားပါတယ်။

ပြည်ခိုင်ဖြိုးအနေနဲ့က လွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲသာကျင်းပရင်
နိုင်ခြေ အလွန်အမင်းနည်းနေတာကြောင့်PR ကို တွန်း နေခြင်းဖြစ်ပြီး NLD အနေနဲ့ကတော့ လူထုထောက်ခံမှုအများအပြားရရှိနေခြင်းကို PR ကြောင့်ခွဲဝေမပေးလိုခြင်းကြောင့်
ကန့်ကွက်နေခြင်းဖြစ်တယ်လို့ယူဆရပါတယ်။ဒီသဘောထားတွေဟာ တစ်ကယ်တော့
အမျိုးသားပြန်လည်သင့်မြတ်ရေးမူနဲ့ကိုက်ညီမှု သိပ်မရှိလှပါဘူး။ Inclusiveness ကို
မဖြစ်မနေစဉ်းစားရမှာဖြစ်ပြီး နိုင်ငံတည်ဆောက်ရေးမှာအားလုံးလက်တွဲဆောင်ရွက်နိုင်ရေးကို
မဖြစ်မနေ အလေးထားသင့်ပါတယ်။ဒီမိုကရေစီဖြစ်ထွန်းပြီးနောက်ပိုင်းမှာ ပါတီများအနေနဲ့ သူနိုင်ကိုယ်နိုင် အပြိုင်ကျဲပြီး အာဏာရယူခြင်းက သဘာဝကျပေမယ့် လောလောဆယ် မှာတော့
ပါတီများဟာအမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးမူကို ရွေးကောက်ပွဲ
ဝင်ရောက်ယှဉ်ပြိုင်တဲ့နေရာမှာလည်း အလေးထားထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

ကောင်းတာတစ်ခုကတော့ လက်ရှိ အသာရထားတဲ့ ပြည်ခိုင်ဖြိုးပါတီကလည်း တစ်ပါတီထဲ
မဲနဲ့ ဆုံးဖြတ်လုပ်ကိုင်နိုင်ဖို့ အခွင့်အလမ်းနည်းပါးသွားခြင်းပါပဲ။၂၀၁၅
အတွက် အပြောင်းအလဲတစ်ခု လို့ ယူဆလို့ရပါတယ်။ ရွေးကောက်ပွဲမှာ မဲမသမာမှုများကလည်း အများကြီး လျော့နည်းကျဆင်းနိုင်ပါတယ်။ ၂၀၁၅ အလွန် လွှတ်တော်များမှာ နိုင်ငံရေးအင်အားစုများ အားလုံးလိုလိုပါဝင်လာနိုင်ပြီး နိုင်ငံတည်ဆောက်ရေးအတွက် စုစည်းညီညွတ်စွာ
ညှိနှိုင်းတိုင်ပင်ဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းပေါ်လာခြင်းလို့လည်း မှတ်ယူနိုင်ပါတယ်။

လက်ရှိအနိုင်ရပါတီက ပြဌာန်းဖို့ဆန္ဒရှိပါက PR ကို ဆန့်ကျင် ကန့်ကွက်ဖို့
လွယ်ကူမှာ မဟုတ်တော့ဘဲ PR စနစ်နဲ့ကျင်းပမယ့် ရွေးကောက်ပွဲကို အကောင်းဆုံး ဘယ်လို ပါဝင်ယှဉ်ပြိုင်မလဲ ဆိုတာကြိုတင်ပြင်ဆင်ခြင်းက လက်တွေ့ပိုကျ ပါလိမ့်မယ်။ ( တိုင်းရင်းသားပါတီများအပါအဝင် )အတိုက်အခံအင်အားစုများအနေနဲ့
အခုကတည်းက ကြိုတင် ပြီး ညီညွတ်မှု ရယူထားနိုင်ရင် PR အတွက်
စိုးရိမ်နေစရာမလိုတော့ဘူးလို့ယူဆပါတယ်။
တိုင်းရင်းသားတို့အနေနဲ့ကတော့ တန်းတူညီမျှရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်တို့ ဆုံးရှုံးမှာ စိုးရိမ်ပူပန်ခြင်းကြောင့် PR ကို ကန့်ကွက်တဲ့ အင်အားစုများပေါ်ပေါက်လာရခြင်းလို့ မှတ်ယူရပြီး ဒီလို
စိုးရိမ်မှုများရှိနေခြင်းက သဘာဝလည်းကျပါတယ်။
ဒါပေမယ့် ၂၀၁၅ မှာ ဖြစ်နိုင်ခြေတွေကို တွက်ချက်ကြည့်လိုက်ရင် တိုင်းရင်းသားပါတီများအားလုံး ညီညွတ်မှုနဲ့ တိုင်းရင်းသားသမ္မတတစ်ယောက် ဦးဆောင်တဲ့ အစိုးရ ပေါ်ပေါက်လာနိုင်ခြေကိုပါ တွေ့မြင်ရတာကြောင့် တိုင်းရင်းသားတို့ အနေနဲ့ PR ကိုသေသေချာချာ စဉ်းစားသုံးသပ်ပြီး အကောင်းဆုံး ပြင်ဆင်သင့်ပါကြောင်းတိုက်တွန်းလိုပါတယ်။

တစ်ကယ်လို့ PR စနစ်က အတည်ဖြစ်သွားခဲ့ရင် ၂၀၁၅ အလွန် ပေါ်ပေါက်လာနိုင်တဲ့
အစိုးရအဖွဲ့ကို အောက်ပါအတိုင်း( အကြမ်းဖျင်း )ခန့်မှန်းတွက်ချက်လို့ ရပါတယ်။

NLD ပြည်ခိုင်ဖြိုးတိုင်းရင်းသားပါတီများ အခြားပါတီများ တပ်မတော်
Scenario( 1 ) ၂၅% ၁၅% ၂၀% ၁၅ % ၂၅ %
Scenario( 2 ) ၃၅% ၁၅% ၂၀% ၅% ၂၅ %
Scenario( 3 ) ၂၄% ၁၉ % ၂၂ % ၁၀% ၂၅%

Scenario( 1 )
တိုင်းရင်းသားပါတီများက ၂၀ ရာခိုင်နှုန်းရပြီး တပ်မတော်နဲ့
အခြားပါတီများက တိုင်းရင်းသားပါတီကို Complement မူနဲ့
အားဖြည့်ပေးလိုက်ရင် တိုင်းရင်းသားပါတီများကို ကိုယ်စားပြုတဲ့သမ္မတ(
အစိုးရ ) ပင် ပေါ်ပေါက်လာနိုင်ပါတယ်။ အဲသလိုမဖြစ်ဘူးလို့
လုံးဝ တပ်အပ် ပြောမရပါဘူး။ အကြောင်းကတော့ အမျိုးသားလွှတ်တော်မှာ
တိုင်းရင်းသားတို့ နေရာ တော်တော်များများရနိုင်ပြီး ပြည်သူ့လွှတ်တော်
ရဲ့ ပြည်နယ်မဲဆန္ဒနယ် တော်တော်များများမှာလည်း တိုင်းရင်းသားတို့ပဲ
ရရှိနိုင်တာကြောင့်ဖြစ်ပါတယ်။ တိုင်းရင်းသားတို့အနေနဲ့ ကြိုးစားရင်
၂၀ ရာခိုင်နှုန်း ကျော်တဲ့အထိ ရရှိနိုင်တာဖြစ်ပါတယ်။
နောက်ထပ်ဖြစ်နိုင်ခြေ တစ်ခုက တပ်မတော်က တင်တဲ့ သမ္မတ လောင်းကို
တိုင်းရင်းသားပါတီများနဲ့ အခြားပါတီများကသော်လည်းကောင်း
ပြည်ခိုင်ဖြိုးနဲ့အခြားပါတီအချို့ တိုင်းရင်းသားပါတီအချို့ကသော်လည်းကောင်း မဲပေးကြရင်
တပ်မတော်သားကိုယ်စားလှယ်များ အဆိုတင်သွင်းတဲ့
သမ္မတလောင်းက အနိုင်ရပြီးအစိုးရဖွဲ့နိုင်မှာဖြစ်ပါတယ်။
ပြည်ခိုင်ဖြိုးက ၁၅ ရာခိုင်နှုန်းကို တပ်နဲ့ အခြားပါတီများက မဲပေးပြီး
ပြည်ခိုင်ဖြိုးအစိုးရပေါ်ပေါက်ဖို့ကတော့ဖြစ်နိုင်ခြေ အနည်းငယ်ရှိသော်လည်း
အခွင့်အလမ်းတော်တော်နည်းပါတယ်။တပ်မတော်က သူတင်တဲ့ သမ္မတလောင်းကို ထားပြီး
ပြည်ခိုင်ဖြိုးသမ္မတလောင်းကို မဲပေးဖို့ ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားဖို့ရှိပါတယ်။
NLD အနေနဲ့ကတော့ တိုင်းရင်းသားပါတီများရဲ့မဲကို အားလုံးရရင်တောင်မှ
အခြားပါတီများရဲ့မဲကို မရနိုင်တာကြောင့် အစိုးရဖွဲ့နိုင်ဖို့
တော်တော်အခွင့်အလမ်းနည်းမှာဖြစ်ပါတယ်။

Scenario( 2 )
ဒီနေရာမှာလည်း တိုင်းရင်းသားတို့ အခြေအနေကောင်းနေပါသေးတယ်။
တပ်ကတင်တဲ့သမ္မတလောင်းက အခြေအနေပိုကောင်းနိုင်
ပေမယ့် တိုင်းရင်းသား သမ္မတလောင်းက အနိုင်ရနိုင်ခြေရှိနေပါသေးတယ်။ (
ရာခိုင်နှုန်း ပြောင်းအလဲက အခြားပါတီများနဲ့ NLD မှာပဲ ရှိပါတယ်။)
ဒီနေရာမှာ ထူးခြားတာကတော့ NLD အစိုးရ ပေါ်ပေါက်နိုင်ခြေ အရှိဆုံး
ဖြစ်ပါတယ်။ တိုင်းရင်းသားပါတီများ( အမတ်နေရာအားလုံး)နဲ့
Complement မူအရ ပိုင်ပိုင်နိုင်နိုင်ဆောင်ရွက်နိုင်ရင် NLD သမ္မတ (
အစိုးရ ပေါ်ပေါက်ဖို့ ရှိပါတယ်။ ) NLD အနေနဲ့ Complement
မူကိုစဉ်းစားပုံမရ
သေးတာကြောင့် ဒီဖြစ်နိုင်ခြေမှာလည်း တပ်ကတင်တဲ့သမ္မတလောင်းနဲ့
တိုင်းရင်းသားပါတီများကတင်တဲ့သမ္မတလောင်းတို့က အလားအလာအကောင်းဆုံ
ဖြစ်ပါတယ်။
( Policy of Complement ) ဆောင်းပါး ကျွန်တော်ရေးခဲ့ပြီးပါပြီ။

Scenario( 1 )
တိုင်းရင်းသားတို့ အခြေအနေအကောင်းဆုံးဖြစ်မယ့်
တွက်ချက်ခန့်မှန်းမှုဖြစ်ပါတယ်။ ဒီအခြေအနေမှာလည်း တပ်နဲ့
တိုင်းရင်းသားပါတီများက
အားသာချက်ရှိနေတာတွေ့ရမှာပါ။ပြည်ခိုင်ဖြိုးအစိုးရ ဒါမှမဟုတ် NLD အစိုးရ
ပေါ်ပေါက်နိုင်ဖို့ အလားအလာအနည်းဆုံး အခြေအနေဖြစ်ပါတယ်။
အသေးစိတ်ကိုတော့ စာဖတ်သူများဆက်လက်စဉ်းစားတွေးတောကြည့်နိုင်ဖို
ချန်လှပ်ထားခဲ့ပါရစေ။ အခုခန့်မှန်းချက်တွေကိုအခြေခံစဉ်းစားရင်
၁။ တပ်မတော်က အမည်စာရင်းတင်သွင်းတဲ့ သမ္မတလောင်းနဲ့
၂။တိုင်းရင်းသားတို့အမည်စာရင်းတင်သွင်းတဲ့ သမ္မတ လောင်းက အလားအလာအရှိဆုံး
ဖြစ်တယ်လို့ ယူဆပါတယ်။ ဒီ Concept ကို ကြည့်ရင် ၂၀၁၅ မှာ
အံ့အားသင့်စရာကောင်းတဲ့ ရလဒ်တွေ ဖြစ်လာနိုင်တာကိုကို တွေ့ရမှာပါ။ ဘယ်သူမှ
မျှော်လင့်မထားတာတွေ
ဖြစ်လာနိုင်တယ် ဆိုတာ တွေ့ရပါတယ်။

အခုတွက်ချက်ခန့်မှန်းသလို သေချာပေါက်ဖြစ်မယ်လို့ မပြောလိုပေမယ့်၂၀၁၅
မတိုင်ခင်မှာ အလွန်ထူးခြားတဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခုခု
မပေါ်ပေါက်ခဲ့ရင် အခုခန့်မှန်းချက်များနဲ့ အနီးစပ်ဆုံး ထွက်ပေါ်လာမှာ
မုချဖြစ်ပါတယ်။ Scenario( 2 ) အခြေအနေမှာ NLD ဟာ လွှတ်တော်များမှာ
Majority Party အဖြစ် ပေါ်ပေါက်လာဖို့ရှိပြီး အစိုးဖွဲ့နိုင်ဖို့တော့ NLD
ဖြစ်နိုင်ခြေနည်းပါတယ်။ခြုံငုံပြီးသုံးသပ်လိုက်ရင် ၂၀၁၅ အလွန်မှာ Ruling
Party
ရယ်လို့ ပေါ်ပေါက်နိုင်ခြေ လွန်စွာမှ နည်းပါးနေပြီး
တပ်မတော်သားကိုယ်စားလှယ်များက အမတ်နေရာအများဆုံးနဲ့ Key Player
အဖြစ်လွှတ်တော်များ
မှာ ရပ်တည်မယ့်သဘော ခန့်မှန်းလို့ရပါတယ်။( ဒီလိုဖြစ်ခဲ့ရင်
ဒီမိုကရေစီတည်ဆောက်ရေးအတွက် တစ်နည်းတစ်ဖုံ စိတ်အေးရတယ်လို့ယူဆပါတယ်။
မြန်မာ့သမိုင်းက ကွဲသမိုင်းကြီးဖြစ်တာနဲ့ အညီ ကျွန်တော်တို့ပူပန်နေရတဲ့
နောက်ကြောင်းပြန်မလားဆိုတဲ့ကိစ္စ ဖြစ်နိုင်ခြေ နည်းသွားပါလိမ့်မယ်။
အခုခန့်မှန်းချက်တွေက ခံစားချက်တစ်စုံတစ်ရာနဲ့ ပါတီများကိုသာစေနာစေသဘော
တင်ပြခြင်းမဟုတ်ဘဲ
PR နဲ့ လက်ရှိနိုင်ငံရေးအခြေအနေများကို ပကတိအရှိအတိုင်းရှုမြင်ပြီး
ဖြစ်နိုင်ခြေများကို တင်ပြခြင်းသာဖြစ်ပါတယ်။

နိုင်ငံတကာအနေနဲ့လည်း PR နဲ့ ပတ်သက်လို့ ၅၉(စ) ကို
ပြင်ဖို့တိုက်တွန်းသလို ဖိအားပေးမယ်မဟုတ်ပါဘူး။ အကြောင်းကတော့ ဒီမိုကရေစီ
ရင့်ကျက်ပြီးသားနိုင်ငံများအပါအဝင် ဒီမိုကရေစီနိုင်ငံပေါင်း ၉၀
ခန့်လောက်မှာ PR စနစ်ကိုကျင့်သုံးနေတာကြောင့်ဖြစ်ပါတယ်။ ကျွန်တော့်
အယူအဆအရတော့လောလောဆယ်မှာ မြန်မာနိုင်ငံနဲ့PR ကိုက်ညီမှုရှိမရှိ
ပြောဆိုဖို့ခက်ခဲပေမယ့် မတူကွဲပြားမှုများ အလွန်မတန်များပြားလှတဲ့
နိုင်ငံဖြစ်တာနဲ့အညီအားလုံးပါဝင်နိုင်မှု ( All Inclusiveness )ကိုထည့်တွက်တယ်ဆိုရင်"
ရေရှည်မှာ "PR စနစ်ဟာ သင့်တော်ကောင်းမွန်မယ်လို့ယူဆပါတယ်။ စစ်အာဏာသိမ်းမှု ဖြစ်ဖို့ အခွင့်အလမ်းဟာလည်း အများကြီး လျော့နည်းသွားနိုင်ပါတယ်။နယ်လဆင်မင်ဒဲလားဟာ သူ့ပါတီ
အပြတ်အသတ်နိုင်ခြေရှိတဲ့ကြားက အမျိုးသားပြန်လည်သင့်မြတ်ရေးရည်မှန်းချက်နဲ့ PR ကိုသုံးခဲ့ပါတယ်။
PR ကြောင့် လွှတ်တော်များမှာ မတူကွဲပြားမှုတွေ များပြားလာပြီး
ငြင်းခုန်မှုတွေ မကျေလည်မှုတွေဖြစ်နိုင်တယ်လို့ယူဆသူတွေရှိပေမယ့် ဒီထက်နည်းနည်းပိုစဉ်းစားကြည့်ရင် အဲသလိုငြင်းခုန်မှုတွေကပဲ ဒီမိုကရေစီယဉ်ကျေးမှုကို
ထွန်းကားရင့်သန်စေနိုင်မှာဖြစ်သလိုလူမျိုးစုအားလုံး ၊ အင်အားစုအားလုံးက နိုင်ငံတည်ဆောက်ရေးမှာ
လက်တွဲပါဝင်ဆောင်ရွက်နိုင်တဲ့သဘောလို့ယူဆလို့လည်းရပါကြောင်း
၂၀၁၅ အလားအလာကို စဉ်းစားတွေးခေါ်ပြီး ကြိုတင်ပြင်ဆင် နိုင်ကြစေရန် ၊
ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ်မှာ လက်တွဲညီညီနဲ့အတူအကွ နိုင်ငံတော်သစ်တည်ဆောက်ရေးကို
အားထုတ်ကြိုးပမ်းနိုင်ကြစေခြင်းအလို့ငှာ မီးမောင်းထိုးပြလိုက်ရခြင်းသာဖြစ်ပါတယ်။ ။

( ပိုက်တင် )

0 comments:

Post a Comment