
ဗိုလ်မှူးကြီးတင်အောင်ထွန်း (ဓာတ်ပုံ - ကျော်ဇင်သန်း)
ရန်ကုန်တိုင်းအတွင်း ကျူးကျော်များကို အင်အားသုံးဖယ်ရှားနေသောကြောင့် အစိုးရအပေါ်ဝေဖန်မှုများ မြင့်တက်နေသည်။ စီမံချက်ကြောင့် ဖယ်ရှားခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားထားသော်လည်း ယခုကာလတွင်မှ ကျူးကျော်များကို အင်အား သုံးဖယ်ရှားခြင်းသည်ပြဿနာများ ပိုမိုကြီးထွားစေနိုင်သည်ဟုလည်း သုံးသပ်သူများရှိသည်။ ကျူးကျော်များကို ဖယ်ရှားရာတွင် လုံခြုံရေးအတွက် ရန်ကုန်တိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ပေးနေသည်။...