လမ်းဖောက်လုပ်ရေးလုပ်ငန်းခွင့်အတွင်း မြင်တွေ့ရသည့် အမျိုးသမီးလုပ်သားများ (ဓာတ်ပုံ - Theguardian)
မြန်မာနိုင်ငံ ကလောမြို့နယ် အတွင်း တောင်ပေါ်ရွာလေးတစ် ရွာတွင် ဝါးခမောက်ဆောင်းထား သော အမျိုးသမီးလမ်းလုပ်သား များသည် ကားလမ်းအောက်ခြေ ကိုခင်းရန် အလုပ်များနေကြ သည်။ သူတို့သည် နံနက် အရုဏ်မတက်ခင်ကတည်းက အိပ်ရာထကာ နံနက်စာအဖြစ် မုန့်ဟင်းခါး စားပြီး လုပ်ဖော်ကိုင်ဖက်အမျိုး သမီးများနှင့်အတူ အပူရှိန်ပြင်း ပြင်း နေရောင်အောက်မှာ အလုပ်လုပ်နေကြခြင်းဖြစ်သည်။ အ သက် (၂၁)နှစ်အရွယ် မချိုမီကို၏ငါးလအရွယ် သားကလေးက လည်း မြေနီမြေစာပုံများ၊ ကျောက်တုံးများရှိသော ကားလမ်းဘးမှာ ပဲရှိသည်။ ကလေးငယ်သည် ကားလမ်းဘေးရွက်ဖျင်တဲလေးထဲမှာ အိပ်ပျော်နေသည့်အတွက် သူ့အမေသည် အမျိုးသမီးလမ်းလုပ် သား အုပ်စုထဲကဆိုတာ သိသာလှ၏။မြန်မာနိုင်ငံ၏ အမျိုးသမီး လမ်းလုပ်သားများ ကားလမ်းတွေ ခင်းနေတာကို မြင်ရသည်မှာ အ ထူးအဆန်းမဟုတ်ပေ။ တိုင်းပြည် အစွန်အဖျား ရခိုင်ဒေသမှ ကမ္ဘာ လှည့်ခရီးသည်အလာများသည့် ပုဂံဒေသအထိ ကတ္တရာကျိုခြင်း၊ ကျောက်တွေထုခွဲခြင်းများကို နေ ပူဒဏ်ကာကွယ်ရန် သနပ်ခါးကို ထူပိန်းနေအောင် လိမ်းထားသည့် အမျိုးသမီးလမ်းလုပ်သားများက အများဆုံးလုပ်ကိုင်နေကြသည်။
ရှေးကျသော အစဉ်အလာ နှင့် နှစ်ပေါင်းများစွာကြာခဲ့သည့် စစ်အုပ်ချုပ်ရေးစနစ်က မြန်မာအ မျိုးသမီးတို့၏ ပြောဆိုခွင့်များကို ကန့်သတ်ထားခဲ့သည်။ သို့သော် ကျား၊ မ တန်းတူညီမျှမှုကိုပြောကြ သည့်အခါ သည်အချက်နှင့် ဆန့် ကျင်သည့်အရာတွေလည်း အများအပြားရှိသည်။ အထူးသဖြင့် ဆောက်လုပ်ရေးကဏ္ဍက ဥပမာ ပြနေသည်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်သို့ နိုင်ငံရေးပြောင်း လဲမှုနှင့်အတူ ဆောက်လုပ်ရေး လုပ်ငန်းများလည်း တိုးတက်လာ သည်။ နိုင်ငံတစ်ဝန်းမှာ လမ်းများအသွယ်သွယ် ဖောက်လာကြ သကဲ့သို့ မြို့ကြီးများမှာလည်း အဆောက်အအုံတွေက ထိုးထိုး ထောင်ထောင် ထွက်လာသည်။ သည်ဆောက်လုပ်ရေးကဏ္ဍ၏ အလုပ်သမားအင်အား နေရာအတော်များများမှာ အမျိုးသမီးများက ပါဝင်လုပ်ကိုင်နေကြသည်။ သည်အနေအထားက သူတို့ကို အင်အားကောင်းစေသလို သူတို့နှင့် မလျော်ညီသော လုပ်ငန်းခွင် ကြောင့် သူတို့ကို အန္တရာယ်များ လည်း တွေ့ကြုံစေသည်။
နိုင်ငံ၏ အကြီးဆုံးမြို့တော် ရန်ကုန်မှာပင်လျှင် အချို့ဆောက် လုပ်ရေးလုပ်ငန်းခွင်များ၌ လူတွေ နေထိုင်နေကြသည်။ စမ်းချောင်း မြို့နယ်က ဆောက်လက်စကွန်က ရစ်အဆောက်အအုံ၏ လုပ်ငန်း ခွင် သုံးထပ်နေရာမှာ ဒယ်အိုး အချို့၊ ရုပ်မြင်သံကြားတစ်လုံးနှင့် ကလေးပုခက်တစ်လုံးသည် ဘိ လပ်မြေဖျော်နေသောနေရာဘေးမှာရှိသည်။
‘‘ကျွန်မက ဒီမှာ လက်သမား လုပ်ပါတယ်’’ဟု အသက် (၂၄)နှစ်အရွယ် မချောစုခိုင်က ပြောပါ သည်။ သူသည် ပြီးခဲ့သည့် ရှစ်လ အတွင်း သည်ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ အသက် (၄)နှစ်အ ရွယ်နှင့် ရှစ်လသားအရွယ်ကလေး နှစ်ဦးနှင့်အတူ နေထိုင်နေသည်။ ၂၀၀၈ နာဂစ်မုန်တိုင်းကြီးနောက် ပိုင်းမှာ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသက အိမ်ကိုစွန့်ခွာပြီး ရောက် နေခဲ့ခြင်းဖြစ်၏။
‘‘အခု အဲဒီမှာ ဘာအလုပ်မှ မရှိတော့ဘူး။ လယ်စိုက်ဖို့က လည်း ခက်တယ်’’ သူ့ယောက်ျား ကလည်း သည်လုပ်ငန်းခွင်မှာပင် သူနှင့်အတူတူလုပ်ရသဖြင့် သူ ကံကောင်းပါသေးသည်။
‘‘ဒီအမျိုးသမီးတွေနဲ့ နောက် ခံက အရမ်းကိုဆင်းရဲပါတယ်။ တချို့က တစ်ခုလပ်ကလေးအမေ တွေ၊ တချို့ နယ်ကအမျိုးသမီး တွေကတော့ ယောက်ျားတွေက နိုင်ငံခြားမှာ အလုပ်လုပ်နေကြ တုန်း ရရာဆောက်လုပ်ရေးအ လုပ်လေးတွေ လုပ်ကြရှာတာ’’ဟု ၈၈ ကျောင်းသားအဖွဲ့မှ အလုပ် သမားရေးလှုပ်ရှားသူ မမာမာဦး က ဆိုသည်။
၂၀၁၄ မြန်မာနိုင်ငံ၏ သန်း ခေါင်စာရင်းအရ မြန်မာနိုင်ငံက အိမ်ထောင်စုဦးရေ လေးပုံတစ်ပုံ မှာ အမျိုးသားများမရှိကြဟု ဆိုပါ သည်။ အမျိုးသားအများစုသည် မလေးရှားနှင့် ထိုင်းနိုင်ငံလို နိုင်ငံ များမှာ အလုပ်သွားလုပ်နေကြ သည်။ အချို့သည် နယ်စပ်ဒေသ များက တိုင်းရင်းသားလက်နက် ကိုင်ပဋိပက္ခတိုက်ပွဲများမှာ သူပုန် တပ်သားအဖြစ် ပါဝင်နေကြတာ ဖြစ်သည်။ လင်ယောက်ျားမရှိ သည့်အခါ အမျိုးသမီးများသည် မိသားစုလုပ်ကျွေးရန် လယ်ယာ ထဲမှာတစ်လှည့်၊ ကြုံရာဆောက် လုပ်ရေးအလုပ်များကိုတစ်လှည့် လုပ်ကိုင်အသက်မွေးကြရသည်။
သို့သော်လည်း အသက် (၄၃)နှစ်အရွယ် မအေးသန်းက တော့ အခြားအကြောင်းနှင့် ဖြစ် ပါသည်။
‘‘ကျွန်မက အိမ်ထောင်ကွဲလာတာပါ’’ဟု အသံတိမ်တိမ်နှင့် ပြောပြီး မအေးသန်းက အဝေးကို လျှောက်သွားပါသည်။ လမ်းဘေး ပလက်ဖောင်းခင်းသည့် ဆောက် လုပ်ရေးပစ္စည်းတွေကို သူ့ခေါင်း ပေါ်မှာ ရွက်ထားသည်။
ရှေးရိုးစွဲကြီးလှသည့် မြန်မာ နိုင်ငံမှာ လင်မယားကွာရှင်းမှု သည် အမျိုးသမီးများအတွက် လူမှုရေးဒုက္ခတစ်ခု ဖြစ်သည်။ ကလေးတွေကို ပြုစုပျိုးထောင်ဖို့ အတွက် သူတို့နောက်ထပ် ဝန် ထုပ်ဝန်ပိုးတစ်ခု ပိုလာစေသည်။အထူးသဖြင့် မြို့ကြီးများ၌ လမ်း လုပ်သားများတွင် ဆင်းရဲသော ဆင်ခြေဖုံးဒေသက မုဆိုးမနှင့် တစ်ခုလပ်အမျိုးသမီးများ အ တော်များသည်။ မချောစုသည် ရန်ကုန်မြောက်ပိုင်းက ကြယ်ငါး ပွင့်ဟိုတယ်ကြီးနှင့် သိပ်မဝေး သည့် လူစည်ကားသည့် လမ်းမ ကြီးဘေးမှ ပလတ်စတစ်မိုးကာ တဲစုလေးမှာ နေပါသည်။ ထိုနေ ရာမှာ အိမ်သာလည်းမရှိ၊ ရေပိုက် လည်းမရှိ၊ မွေ့ရာလည်း မရှိပါ။ ကြွက်နှင့် ပိုးဟပ်များသည်ရှိပါ၏။
‘‘ကျွန်မက မဆလာသယ်ပါ တယ်’’ဟု မချောစုက ရှင်းပြ သည်။
ဘာကြောင့် သည်ဆောက် လုပ်ရေးလုပ်ငန်းခွင်တွေမှာ အမျိုးသမီးလုပ်သားတွေကို အများအ ပြားသုံးနေကြသလဲဆိုလျှင် အ ဖြေက ရှင်းပါသည်။ သူတို့က လုပ်အားခဈေးချိုသည့်အတွက်ဖြစ် ၏။ ‘‘မိန်းမတွေက ဈေးနှိမ်ခံရ တယ်။ ယောက်ျားတွေ ၂,၅၀၀ ကျပ်လောက်ရတယ်ဆိုရင် မိန်းမ က ငွေ ၂,၀၀၀ ပဲရတယ်’’ဟု မမာ မာဦးက ပြောပါသည်။ မချောစု ခိုင်နှင့် သူ့ယောက်ျားနေကြသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မချောစုခိုင်က တစ်နေ့ကို ကျပ် ၄,၅၀၀ ရပြီး သူ့ယောက်ျားက ၅,၀၀၀ ရသည်။ အဘယ်ကြောင့် ဆိုသော် သူ့ယောက်ျားကို လုပ် ငန်းကျွမ်းကျင်သူဟု ယူဆကြ သည့်အတွက်ဖြစ်၏။
ထို့အပြင် အမျိုးသမီးတွေက အုပ်ထိန်းရလွယ်ကူသည်။ အ လုပ်သမားအဖွဲ့တစ်စုလုံး အမျိုး သမီးတွေချည်းပဲဆိုလျှင်တောင်မှ သူတို့ကို အုပ်ချုပ်သည့်သူက အ မျိုးသားဖြစ်သည်။ သည်အချက် က မြန်မာနိုင်ငံ၏ ဩဇာအရှိဆုံး နိုင်ငံ့ခေါင်းဆောင်မှာ အမျိုးသမီး ဆိုသည့်အချက်နှင့်တော့ ဆန့် ကျင်ဘက်သဖွယ် ဖြစ်နေသည်။ ၂၀၁၅ နိုဝင်ဘာမှာ ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစု ကြည်သည် လူကြိုက်များ ထောက်ခံမှုဖြင့် အပြတ်အသတ် အနိုင်ရခဲ့၏။
တိုင်းပြည်၏ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင် ဆန်း၏ သမီးဖြစ်ခြင်းကြောင့် စပြီးလူကြိုက်များခဲ့သည့် ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် မြန်မာစစ် အစိုးရနှင့် အပေးအယူတွေလုပ် ရန်လိုသည်။ အစိုးရအဖွဲ့အတွင်း က အရေးပါသောဝန်ကြီးသုံးနေ ရာနှင့် လွှတ်တော်အတွင်းက အ မတ်နေရာလေးပုံတစ်ပုံကို ရယူထားခြင်းဖြင့် မြန်မာစစ်တပ်သည် အာဏာကို ဆက်လက်ကိုင်စွဲထား မည်ဖြစ်၏။
အချို့နိုင်ငံရေးလှုပ်ရှားသူ များကတော့ ဒေါ်အောင်ဆန်းစု ကြည်သည် သည်ကိစ္စမှာ သိပ် စိတ်အားထက်သန်မှုရှိမည် မဟုတ်ဟု တွက်ဆထားလင့်ကစား သူ့အနေဖြင့် နိုင်ငံတွင်းကအမျိုးသမီးများ၏ အခြေအနေကို တိုးတက်အောင် လုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။
ရွေးကောက်ပွဲ မတိုင်မီ သတင်းစာရှင်းလင်းပွဲတစ်ခု၌ သူ ၏ ပါတီမှာ အမျိုးသမီးကိုယ်စား လှယ် ၁၅ ရာခိုင်နှုန်းလောက်သာ ရှိခြင်းမှာ သည်နေရာနှင့် သင့် လျော်မည့် အမျိုးသမီးရှာရတာ ခက်ခဲမှုနှင့် လုပ်ချင်သူမရှိသည့်အ တွက် ဖြစ်သည်ဟု ဒေါ်အောင် ဆန်းစုကြည်က ဆိုသည်။ မြန်မာ လူမှုဖွဲ့စည်းပုံအရ အမျိုး သမီးများ သည် အမျိုးသားများကို ကျိုးနွံလိုက်နာရမည့်သူများဟု မြင်ကြ သည်။
မြန်မာနိုင်ငံက အစားအစာ လုံလောက်မှု၊ ကျန်းမာရေးပြဿ နာ စသောအဓိကအခြေခံကျ သည့် ပြဿနာများကို ကိုင်တွယ် ဖြေရှင်းရမည်ဖြစ်သည့်အတွက် ကျား၊ မ မညီမျှမှုသည် နောင်လာ မည့် အစိုးရအတွက် အဓိကဦးစား ပေး အရာတစ်ခုဖြစ်လာနိုင်မည် မဟုတ်ပေ။
သို့သော်လည်း ကျား၊ မ ညီ မျှမှုကွန်ရက်အဖွဲ့က ညွှန်ကြား ရေးမှူး ဒေါ်မေစံပယ်ဖြူက ပြော ကြားသည်မှာ ‘‘စားနပ်ရိက္ခာတို့ ခို လှုံစရာတို့၊ စီးပွားရေးတို့ကို ကျွန်မတို့ ပြောကြရင် ဒါတွေက သီးခြား ပြဿနာတွေမဟုတ်ဘူး။ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတာပါ။ ဆုံး ဖြတ်ချက်ချနိုင်တဲ့ အနေအထား မှာ အမျိုးသမီးအနည်းအကျဉ်း သာရှိနေတာက အဓိကပြဿနာ။ ဒါက အမျိုးသမီးတွေ လိုအပ်တဲ့ အလုပ်သမားနဲ့ ဆောင်ရွက်မှုတွေ ကို ကာကွယ်မယ့်ဥပဒေတွကို လုပ်ဖို့ ဆန္ဒမရှိဘူးဆိုတာ ပြနေတာပဲ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီအယူအဆတွေကို ပြောင်းလဲချင်တယ်လို့ ကျွန်မ မမြင်ဘူး။ ဒီနေရာမှာ အထူးတလည်ဆောင်ရွက်စရာတွေ လိုအပ်တယ်လို့ သူကမထင်ဘူး။ ဒါပေမဲ့ ဒါဟာ နောက်ခံအခွင့်အရေးနည်းပါးတာ။ အမျိုးသမီးတွေ အလွှာအားလုံးမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သူက လျစ်လျူရှုနေတာပဲ’’
ယဉ်ကျေးမှုပြဿနာအခက် အခဲများကလည်း ကျန်းမာရေး၊ သားဆက်ခြားရေး၊ အိမ်ထောင် ကွာရှင်းရေး စသောကိစ္စရပ်များ မှာ မြန်မာပြည်က အမျိုးသမီးများ၏ ဘဝများကို ထိန်းချုပ်ထား သည်။ အိမ်ထောင်ကွဲသည့် အမျိုးသမီးများကို သူတို့၏ မိဘဆွေမျိုးသားချင်းများက ပြန်လက်မခံကြတာကလည်း မြန်မာပြည်မှာတော့ အ ထူးအဆန်းမဟုတ်။ ထို့ကြောင့် အမျိုးသမီးတွေကို လမ်းဖောက် လုပ်ရေးလုပ်ငန်းခွင်များမှာ ပို တွေ့ဖို့ ဖြစ်လာစေသည်။
သို့သော်လည်း မြန်မာနိုင်ငံ က ရှုပ်ထွေးဆန်းကြယ်သည့် နေ ရာတစ်ခုဖြစ်သည်။ ထို့ကြောင့် တစ်ခါတစ်ရံမှာ အမျိုးသမီးတို့၏ အခန်းကဏ္ဍကို ဆန့်ကျင်ဘက် ပုံစံအနေအထားဖြင့် တွေ့ရပါသည်။ ‘မြန်မာပြည်က အမျိုးသမီးတို့၏ အသံများ’ စာအုပ်ကိုရေး သားသူ နီလန်ဂျနာဆန်ဂုပတားက အမွေဆက်ခံခွင့်၊ မြန်မာမှာ အိမ်ထောင်ပြုခြင်း၊ ကွာရှင်းခြင်းကဲ့သို့ အချို့ကိစ္စများတွင် ကျားနှင့် မအခွင့်အရေးညီမျှမှုများသည် ရှေးယခင်ကတည်းက ရှိခဲ့သည်ဟုဆိုသည်။
‘‘ဒါပေမဲ့ အလွန်အကျွံလွတ် လပ်တာနဲ့ အနောက်တိုင်းဆန် တာကိုတော့ လက်မခံနိုင်ဘူး။ မြန်မာအမျိုးသမီးတွေက ခေါင်း မြီးမခြုံဘူး။ ဒါပေမဲ့ ရိုးရာအစဉ် အလာကိုတော့ စောင့်ထိန်းကြ တယ်’’။ အသိအမြင်မကြွယ်ဝမှုနှင့် အမျိုးသမီးအတော်များများက သူတို့ကိုယ်သူတို့ ခွဲခြားဆက်ဆံ နေရသည်ကို မသိသဖြင့် တစ်ခါတလေ ပြဿနာများက ပိုဆိုးလာသည်ဟု သူကဆိုပါသည်။ ဒီမိုကရေစီအကူးအပြောင်းကာလမှာ အလုပ်သမားအခွင့်အရေးများအတွက် တိုက်ပွဲဝင်ကြသည့်အခါ သည်အချက်က အထူးမှန်ကန်သည်။ နေ့စဉ်နှင့် အချိန်တိုကာလသာလုပ်ရသော ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အလုပ်သဘာဝကြောင့် အထည်ချုပ်စက်ရုံများထက် အနည်းငယ်သာ အလုပ်သမားအခွင့်အရေး ဆောင်ရွက်မှုများကို လုပ်နိုင်သည်။
၂၀၁၁ မတိုင်မီက မြန်မာ သည် နိုင်ငံတကာပိတ်ဆို့မှုများ ဖြင့် အထီးကျန်နိုင်ငံတစ်ခုဖြစ်ခဲ့ ၏။ အလုပ်သမားသမဂ္ဂများ ဖွဲ့ စည်းခွင့်မပြုသည့်အတွက် အ လုပ်သမားအခွင့်အရေးများသည် အသစ်အဆန်းနှင့် အစိမ်းသက် သက်သာရှိနေသေးသည်။ အလုပ် သမားသမဂ္ဂများ မစတင်မီက တည်းကပင် ဆောက်လုပ်ရေး လုပ်ငန်းအတွင်းမှ အမျိုးသမီး လုပ်သားများက ဆန္ဒပြရန် ကြိုး စားခဲ့ဖူး၏။ သို့သော် မအောင် မြင်ခဲ့ပေ။ ၂၀၀၃ တွင် အင်းစိန် မြို့နယ်အတွင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ အမျိုးသမီးလုပ် သားတစ်စုသည် သူတို့ကို အလွန် လေးသည့် သံချောင်းများသယ် ခိုင်းသည်ကို ဆန္ဒပြခြင်းဖြစ်သည်။ ထိုသို့ ဆန္ဒပြသည့်အတွက် အလုပ်ရှင်က ကိုယ်ဝန်ဆောင်အမျိုးသမီးသုံးဦးကို အလုပ်ထုတ်ခဲ့၏။
‘‘အခု ၂၀၁၆ ရောက်နေပြီ။ အခြေအနေတွေကတော့ အရင်အတိုင်းပါပဲ။ တိုးတက်မှုက အရမ်းကို နှေးလွန်းတယ်။ ဥပဒေအရ အမျိုးသမီးတွေဟာ ရာသီသွေး ပေါ်ချိန်မှာ၊ ကိုယ်ဝန်ရှိစဉ်မှာ သက်သာတဲ့အလုပ်တွေပဲ လုပ်သင့်တယ်။ ကလေးမမွေးခင်နဲ့ ကလေးမွေးအပြီးမှာ အလုပ်က နားနိုင်ပါတယ်။ ဒါပေမဲ့ ဒါတွေက ဖြစ်မလာပါဘူး။ တစ်ခါတလေ အမျိုးသမီးတွေက သူတို့အခွင့်အရေးတွေကို သိတောင်မသိဘူး’’ဟု မမာမာဦးက ဆိုသည်။
သို့ရာတွင် မြန်မာလူမှုဝန်း ကျင်က အလျင်အမြန်ပြောင်းလဲ နေပြီဖြစ်၏။ ၂၀၁၄ သန်းခေါင် စာရင်း၌ အသက် (၅)နှစ်မှ (၂၉)နှစ်အရွယ်ကြား မြန်မာမိန်း ကလေးများသည် ယောက်ျား လေးများ အရေအတွက်မျှ ပညာသင်နေကြရသည်ဟု ဆိုသည်။အသက် (၁၆)နှစ်မှ (၂၉)နှစ်အ ကြားမှာလည်း ပညာသင်သည့် အမျိုးသမီးအရေအတွက်သည် ယောက်ျားလေးများထက် မဆို သလောက်သာနေပါသည်။ နောက်ကျမှ အိမ်ထောင်ပြုပြီး ကလေးအနည်းငယ်သာယူသည့် အမျိုးသမီးအရေအတွက်တွင် မြန်မာက အရှေ့တောင်အာရှ ပျမ်းမျှအရေအတွက်ထက် နည်းနေသည်။
အလုပ်အကိုင်ဈေးကွက် တွင် ကျားနှင့် မ မညီမျှမှုက ပိုပြီး သိသာသည်။ အလုပ်လုပ်နိုင် သည့် ယောက်ျားဆယ်ဦးလျှင် ရှစ်ဦးက အလုပ်ရှိကြပြီး အမျိုး သမီးတွေက ထိုပမာဏ၏ ထက်ဝက်လောက်သာရှိကြသည်။ အ မျိုးသမီးများက အိမ်ထောင်ကျ သည်နှင့် အလုပ်ထွက်ကြသည်ဟု ဆိုသည်။ သည်အချက်သည် မြန်မာ၏ စီးပွားရေးတိုးတက်နိုင် သည့် အခွင့်အလမ်းအပေါ် များ စွာသက်ရောက်မှုရှိနိုင်သည်။
မြို့ပြင် ဆင်ခြေဖုံးမှ ရန်ကုန် လမ်းဘေးစင်္ကြံဖောက်လုပ်ရေး မှာ လာရောက်လုပ်ကိုင်နေသည့် မမင်းမင်းအတွက်တော့ အိမ် ထောင်ကျလည်း အလုပ်မလုပ်ဘဲ နေ၍ မရပါ။ လက်များမှာ ဘိလပ်မြေများ စွန်းပေနေပြီး ရှပ်အင်္ကျီ တစ်ထည်ကို ခေါင်းမှာဆောင်း ထားသည့် မမင်းမင်းသည် သူ၏ အသက် (၃၁)နှစ်ထက်ကို အများ ကြီးပိုရင့်ပုံပေါက်နေသည်။
‘‘ပြီးခဲ့တဲ့ ၁၂ နှစ်စလုံး ကျွန်မ က ဆောက်လုပ်ရေးအလုပ်သမား ပဲ လုပ်ခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်ပတ် လောက်က ကျွန်မ အိမ်ထောင်ကျ တယ်။ ဒါပေမဲ့ ဒီအလုပ်ပဲ ဆက်လုပ်သွားမယ်။ တခြားဘာမှ လည်း ကျွန်မလုပ်နိုင်တာ မရှိဘူး’’
(ဗြိတိန်နိုင်ငံထုတ် ဂါးဒီးယန်း သတင်းစာပါ On the road with thewomen building Myanmar ဆောင်းပါးကို ထားထားမြင့် ဘာ သာပြန်ဆိုသည်။)
7Day Daily
0 comments:
Post a Comment