Tuesday, January 5, 2016

ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်အောင်မြင်ဟု မြောက်ကိုရီးယား ထုတ်ဖော်ပြောကြား


ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်အောင်မြင်ပြီးဖြစ်ကြောင်း မြောက်ကိုရီးယားက ထုတ်ဖော်ပြောကြားလိုက်သည်။ အဆိုပါ ပြောကြားချက် မှန်ကန်ပါက ယင်းသည် မြောက်ကိုရီးယားနိုင်ငံအတွက် ပထမဆုံးသော ဟိုက်ဒရိုဂျင်ဗုံးစမ်းသပ်အောင်မြင်မှုဖြစ်ပြီး မြောက်ကိုရီးယာနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ရည်မှန်းချက်အတွက် သိသာထင်ရှားသော တိုးတက်မှုတခုဖြစ်သည်။

ဟိုက်ဒရိုဂျင်ဗုံးသည် မြောက်ကိုရီးယားနိုင်ငံက ယခင်စမ်းသပ်ခဲ့သော ပလူတိုနီယမ် နျူကလီးယားလက်နက်များထက် ပိုမို ပြင်းထန်သည်။
“အချုပ်အခြာအာဏာကို မထိပါးသရွေ့တော့ ကျွန်ုပ်တို့က နျူကလီးယားလက်နက်တွေ ထုတ်သုံးမှာ မဟုတ်ဘူး။ ဒီ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်အောင်မြင်မှုက နျူကလီးယားစွမ်းအားထက် ပိုမြင့်တဲ့ အဆင့်တခုကို ဆောင်ကျဉ်းပေးခဲ့ပြီ”ဟု မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက ဖော်ပြသည်။


အဆိုပါ ကြေငြာချက်ကို အတည်ပြုရန်အတွက် သိပ္ဗံသတင်းအချက်အလက်များ စုဆောင်းရန် ရက်များစွာ လိုအပ်မည်ဖြစ်ကြောင်း အမေရိကန်အစိုးရအဖွဲ့ဝင် အဆင့်မြင့်အရာရှိတဦးက ပြောသည်။ တောင်ကိုရီးယားအစိုးရကလည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ အတည်မပြုနိုင်သော်လည်း အရေးပေါ်အစည်းအဝေးတရပ် ခေါ်ယူခဲ့သည်။ ယင်းအပြင် ဂျပန်အစိုးရကလည်း ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


ဟိုက်ဒရိုဂျင်ဗုံးစမ်းသပ်မှုကို ဒေသစံတော်ချိန် မနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနက ကြေငြာသည်။


မြောက်ကိုရီးယားနိုင်ငံ Sungjibaegam ခရိုင် အရှေ့မြောက်ပိုင်း ၁၉ ကီလိုမီတာအကွာတွင် ပမာဏ ၅ ဒဿမ ၁ ပြင်းအားရှိ မြေလွှာလှုပ်ခတ်မှုတခုဖြစ်ပွားခဲ့ကြောင်း အမေရိကန် ဘူမိဗေဒလေ့လာမှုတခုက အတည်ပြုသည်။


ရည်ညွှန်း - စီအင်န်အင်န်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment